BEC-TERO TV

ဆိုင်တစ်ခုလုံးမှောင်နေပြီး စာအုပ်များသာမီးလင်းနေသည့်စာအုပ်ဆိုင်ကို ဖွင့်လှစ်

29 Oct 2020     1,355 Views


ထိုင်ဝမ်မှာရှိတဲ့စာအုပ်ဆိုင်တစ်ဆိုင်မှာ တစ်ဆိုင်လုံးမှောင်ပိတ်နေပြီး စာအုပ်တွေ နားမှာသာလျှင် မီးအလင်းရောင်ပေးထား တာကြောင့် လူစိတ်ဝင်စားမှုများနေတယ် လို့ သိရပါတယ်။ Wuguan Bookstore စာအုပ်ဆိုင် မှာ စာဖတ်သူတွေအနေနဲ့ စာအုပ်နားက အလင်းရောင်နားမှာသာ စာဖတ်လို့ရတာ ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့ပစ် ထားပြီး စာကိုသာအာရုံစိုက်ဖတ်နိုင် အောင် ရည်ရွယ်လုပ်ဆောင်ပေးထား တာဖြစ်ပါတယ်။

ငယ်စဉ်ကလေးဘဝမှာ စာအုပ်ဆိုင်ကနေ စာအုပ်ငှားဖတ်တဲ့က လေးတွေဟာ မိဘတွေသိမှာစိုးတဲ့အတွက် အခန်းမီးပိတ်ပြီး စောင်အောက်မှာ ဖုန်းမီး ရောင်လေးနဲ့သာ ဖတ်လေ့ရှိကြပါတယ်။ ဒီလိုစိတ်ကူးကို ပြန်လည်ပုံဖော်ပြီး Wuguan Bookstore စာအုပ်ဆိုင်ကို ဖွင့်လှစ် ခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ်မှာ မီးအမှောင် ချပြီးဖွင့်လှစ်ထားတဲ့ပထမဆုံးစာအုပ်ဆိုင် ဖြစ်ပြီး ပြည်ပက ပညာရှင်တွေက ချီးကျူး ခဲ့ကြပါတယ်။

စာအုပ်ဆိုင်အတွက် လျှပ် စစ်မီးကုန်ကျစရိတ်သက်သာသလို စာ ဖတ်သူတွေကလည်း အလင်းရောင်ရှိတဲ့ နေရာမှာ စိတ်အေးလက်အေးစာဖတ်နိုင် တာကြောင့် သဘောကျကြတဲ့အတွက် အလားအလာကောင်းတဲ့စာအုပ်ဆိုင်အ ဖြစ် မှတ်ချက်ပေးခံထားရတယ်လို့ သိရပါ တယ်။

AO/Pyi Myanmar


29 Oct 2020     1,355 Views




RELATED

Most Popular of International News

Most Popular of NEWS