BEC-TERO TV

၄-လကြာ လော့ဒေါင်းချပြီးနောက် မဲလ်ဘုန်းမြို့က ဆိုင်များပြန်ဖွင့်

29 Oct 2020     1,319 Views


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ၄-လနီးပါး လော့ဒေါင်းချထားတဲ့ ဩစတြေးလျရဲ့ဒုတိယမြို့တော် မဲလ်ဘုန်းကို အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က ပြန်လည် ဖွင့်ခွင့်ပေးလိုက်ပါတယ်။ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ ဘားတွေ ပြန်ဖွင့်ကြပြီး၊ အပြင်ဘက်မှာ အားကစားလုပ်ခွင့်လည်း ပေးလိုက်ပါတယ်။

စတိုးဆိုင် ၆,၂၀၀၊ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင် ၅,၈၀၀၊ အလှပြင်ဆိုင် ၁,၀၀၀ နဲ့ ယမကာဆိုင် ၈၀၀ တို့ကို ပြန်ဖွင့်ခွင့်ပေးလိုက်တာကြောင့် လူ ၁၈၀,၀၀၀ လောက် အလုပ်အခွင့်အလမ်း ပြန် ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ် ဆက်လက်ကာကွယ်ရေးအတွက် လူစုလူဝေးရှိတဲ့ လမ်းမပေါ်မှာ နှာခေါင်းစည်းတပ်ကြရပါတယ်။

မဲလ်ဘုန်းမြို့ဒေသခံတွေကို နေအိမ်ကနေ ၁၆-မိုင်ကျော်ပြီး သွားလာခွင့် ကန့်သတ်ထားဆဲဖြစ်တာကြောင့် ဗုဒ္ဓဟူးနေ့မှာတော့ လမ်းမပေါ် လူအသွားအလာ နဲပါးနေဆဲဖြစ်ပါတယ်။ မြို့လယ်ခေါင်ရှိ ကုန်တိုက်ဆီ လမ်းလျှောက်တဲ့သူတွေ၊ လက်လီဈေးဆိုင်တွေနဲ့ စည်ကားလာတာဟာ လော့ဒေါင်းပိတ်ပင်မှုကြောင့် လူတွေ ရှင်သန်လို့မရဘူးဆိုတာ ရှင်းရှင်းမြင်တွေ့လာရတယ်လို့ ဆိုပါတယ်။

မဲလ်ဘုန်းမှာချခဲ့တဲ့ လော့ဒေါင်းဟာ အခြားဒေသတွေနဲ့စာရင် အတော်တင်းကြပ်ခဲ့ပါတယ်။ ဒီနေ့ဟာ ဇွန်လ ၉ ရက်နေ့နောက်ပိုင်း ပထမ ဆုံးအကြိမ် ဗိုင်းရပ်ပိုးတွေ့သူ လုံး၀ မရှိတဲ့နေ့ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီအတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဗစ်တိုးရီးယားပြည်နယ်တာဝန်ရှိသူတွေကို ကျေးဇူးတင်တယ်လို့ ဝန်ကြီးချုပ် စကော့ မောရစ်ဆင်က ပြောဆိုခဲ့ပါတယ်။ ။

Ref : AP One News


29 Oct 2020     1,319 Views




RELATED

Most Popular of International News

Most Popular of NEWS