BEC-TERO TV

ဂင်းနက်စ်မှတ်တမ်းဝင် အိန္ဒိယက ကမ္ဘာ့အသက်အငယ်ဆုံး ကွန်ပျူတာပရိုဂရမ်သမား

10 Nov 2020     1,420 Views


ဂင်းနက်စ်ရဲ့ ကမ္ဘာ့မှတ်တမ်းတွေကတော့ ထူးခြားသူတွေအတွက်ပါ။ ခုကတော့ ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းဝင်ခဲ့သူက အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် အမက်ဒါဘက်က အသက်(၇)နှစ်သာရှိသေးတဲ့ အာဟမ် အွမ် တယ်လ်ဆာနီးယားဆိုသူ ကောင်လေးပါ။ သူကတော့ အသက်အငယ်ဆုံး ကွန်ပျူတာပရိုဂရမ်သမားဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့က အမက်ဒါဘက်က ကလေးများကျောင်း အုထ်ဂမ်းမှာ အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ VUE test centre ရဲ့ တစ်ဦးချင်း Python Programming Language စာမေးပွဲမှာ တယ်ဆာနီးယားက စီမံခန့်ခွဲမှုဆိုင်ရာ ရှင်းလင်းနိုင်မှု အောင်လက်မှတ် ရခဲ့တာဖြစ်ပါတယ်။ ၂ နှစ်သားမှာ တက်ပလက်စသုံးပြီး ၃နှစ်သားမှာတော့ iOSနဲ့ Windows စတာတွေကို အသုံးပြုတတ်နေခဲ့တာလည်း ဖြစ်ပါတယ်။

Source – AFP MRTV


10 Nov 2020     1,420 Views




RELATED

Most Popular of International News

Most Popular of NEWS