BEC-TERO TV

မိန်းကလေး တစ်ယောက်အနေဖြင့်တစ်ပါတ်ကို ခေါင်းဘယ်နှကြိမ် လျှော်သင့်သလဲ... ?

12 Nov 2020     1,327 Views


မိန်းကလေးတစ်ယောက်အနေနဲ့တစ်ပါတ်ကို ခေါင်းဘယ်နှကြိမ်လျှော်သင့်လဲဆိုရင် လူတိုင်းမှာ မွေးရာပါ အသားအရေအမျိုးအစား မတူညီကြသကဲ့သို့ ဆံသားအမျိုး အစားလည်း ကွဲပြားခြားနားကြပါတယ်။
 
(က) ကျန်းမာသန်စွမ်းတဲ့ ဆံသား
 
(ခ) ပုံမှန် (အလယ်အလတ်) ဆံသား
 
(ဂ) ဆံသားအုံကောင်း (ဆံပင်ထူ)
 
(ဃ) ခြောက်သွေ့ (မွဲခြောက်ခြောက်) ဆံသား... ဆိုပြီးတော့ အခြေခံအားဖြင့် ဆံသားလေးမျိုးရှိပါတယ်။ အဲဒီလိုမတူညီတဲ့ဆံသားအမျိုးအစားပေါ်မူတည်ပြီး ခေါင်းလျှော်တဲ့ အကြိမ်နှုန်းဟာလည်း အနည်းအများ ကွာဟမှုရှိပါတယ်။
 

က။ ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ရှင်များအတွက်

ကျန်းမာတဲ့ဆံသားတွေက အခြားဆံပင်အမျိုးအစားတွေထက် ပို၍အဆီစုပ်ယူမှု အားကောင်းကြတာကြောင့် Daily Use Shampoo (ခေါ်) နေ့စဉ်သုံး ရှမ်ပူအမျိုးအစားကိုသုံးသင့်ပါတယ်။ တစ်ရက်ခြား(သို့) တစ်နေ့တစ်ကြိမ် ခေါင်းလျှော်ပေးနိုင်ပါတယ်။ (အဆီပြန်တဲ့ဆံပင်ကလည်းကျန်းမာသန်စွမ်းတဲ့ဆံသားအမျိုးအစားထဲမှာပါရှိနေပါတယ်။ အဆီအလွန်ပြန်တဲ့ ဆံသားပိုင်ရှင်များကတော့ Dry Shampoo ကိုသုံး၍ နေ့စဉ်ခေါင်းလျှော်ပေးရမှာပါ။)
 

ခ။ ပုံမှန်ဆံသားပိုင်ရှင်များအတွက်

သဘာဝဆံသားလို့ ခေါ်နိုင်ပါတယ်။ ဒီဆံသားတွေမှာ အပေါ်မှာဖော်ပြထားတဲ့ ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေလောက် အဆီသိပ်မရှိတာကြောင့် ရက်သတ္တတစ်ပါတ်မှာ နှစ်ကြိမ် (သို့) အများဆုံး သုံးကြိမ် လျှော်ရုံနှင့် လုံလောက်ပါတယ်။ အကယ်၍ အလယ်အလတ်ဆံသားတွေကို နေ့စဉ်ခေါင်းလျှော်မိတဲ့အခါမှာ ဦးရေပြားနှင့် ဆံသားများ အဆီခမ်းခြောက်စေတတ်လို့ ဆင်ခြင်သင့်ပါတယ်။ (ဗောက်ရှိသူတွေက Anti Dandruff Itchy Scalp ရှမ်ပူကို သုံးသင့်သလို ဆံသားကြမ်းသူများနှင့် ဆံပင်နှစ်ခွရှိသူများက Conditioner Shampoo ကို သုံးပေးဖို့လိုပါတယ်။)
 

ဂ။ ဆံသားအုံကောင်း (ဆံပင်ထူ) သူများအတွက်

အမျိုးသမီးအများစုပိုင်ဆိုင်တဲ့ ဆံပင်အမျိုးအစားလေးပါပဲ။ ဆံသားထူပြီး ဆံပင်သဘာဝအကောက်လှိုင်းသား ပါရှိနေလို့ ဦးရေပြားထံမှ အဆီတွေကို ဆံသားတွေဆီသို့ အလွယ်တကူ မပျံ့နှံ့စေတဲ့အတွက်ကြောင့် ရက်သတ္တတစ်ပါတ်လျှင် တစ်ကြိမ်သာ ခေါင်းလျှော်ပေးရုံမျှဖြင့် လုံလောက်ပါတယ်။ (အခုလို ဆံသားပိုင်ရှင်တွေကလည်း အမှတ်စဉ် (၂) ကလို အလယ်အလတ် ဆံသားပိုင်ရှင်တွေ သုံးတဲ့ ရှမ်ပူအမျိုးအစားတွေကိုပဲ သုံးနိုင်ပါတယ်)
 

ဃ။ ခြောက်သွေ့ (မွဲခြောက်ခြောက်) ဆံသားများအတွက်။

ဒီဆံသား အမျိုးအစားက အမှတ်စဉ် (၁) ဆံသားနှင့် ပြောင်းပြန်ဖြစ်ပါတယ်။ ဦးရေပြားမှာ အဆီခမ်း၍ ဆံပင်မွဲခြောက်ကာ ဆံသားများ နှစ်ခွ သုံးခွဖြစ်ပြီး ဆံပင်တွေပြတ်ထွက်လေ့ရှိပါတယ်။ ဒါကြောင့် နေ့စဉ် ခေါင်းမလျှော်သင့်ပါဘူး။ Oily Shampoo တစ်မျိုးတည်းကိုသာသုံးပါ (သို့) ဓာတုပစ္စည်းတွေပါဝင်မှုနည်းတဲ့ ရှမ်ပူကိုရွေးသုံးပါ။ Conditioner ပေါင်းဆေးပါတဲ့ ရှမ်ပူကိုသုံးပေးပါ။ (အခုလို ဆံသားပိုင်ရှင်များဟာ ခေါင်းလျှော်ပြီးတဲ့အခါ လေပူစက်ဖြင့်မှုတ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဆံသားခြောက် သွေ့ကြမ်းထော်စေလို့ပါပဲ။ ဒါကြောင့် ပုံမှန်သဘာဝလေဖြင့်သာ အခြောက်ခံခြင်း (သို့) လေအေးပေးပေးစက်ဖြင့် မှုတ်ခြင်းကိုသာ သုံးစွဲပေးပါ။)
 

 - မှတ်ချက်

(၁) မျက်စိကျန်းမာရေးအတွက်သာမက ဘက်ပေါင်းစုံကျန်းမာဖို့အတွက်ဆိုရင် မွန်းလွဲပိုင်းမှစ၍ ခေါင်းမလျှော်သင့်တော့ပါဘူး။
 
(၂) ရာသီဥတု မည်မျှပင်အေးပါစေ ရေနွေးနဲ့ ခေါင်းမလျှော်သင့်ပါဘူး။ မိမိခန္ဓာကိုယ် အပူရှိန်ထက် ပို၍ပူသောရေနွေးဖြင့် ခေါင်းလျှော်ခြင်းက ဆံသားကိုကာကွယ်ပေးသည့် သဘာဝအဆီဓာတ်ကို ဆုံးရှုံးသွားကာ ဆံသားများခြောက်သွေ့၍ မာဆတ်ဆတ်ဖြစ်စေနိုင်ပါတယ််။
 
(၃) ခေါင်းလျှော်ပြီးစမှာ နားကို အလွယ်တကူသန့်စင်နိုင်ပါတယ်။ တစ်ခါသုံး နားကြပ်ဂွမ်းလုံးလေးတွေ သုံး၍ နားထဲရှိ နဖာချေးကို သန့်စင်ပေးနိုင်ပါတယ်။
 
(၄) ဆံပင်အရှုပ်အထွေးကို ရှင်းလင်းရန်အတွက် ဦးစွာဆံပင်ထိပ်ဖျားပိုင်းမှဖြီးပါ။ ထို့နောက် ဆံသားများကို အသာအယာဆုပ်ကိုင်ပြီး ဆံပင်အရင်းပိုင်း (အမြစ်) မှ အောက်ခြေသို့ ဆွဲချဖြီးပါ။
 
(၅) ဖြစ်နိုင်ရင် ဆံပင်ကို ရက်သတ္တတစ်ပါတ်လျှင် နှစ်ကြိမ် သုံးကြိမ်သာ လျှော်ပေးသင့်ပါတယ်။ ထို့ထက် အကြိမ်ရေပိုလျှော်ခြင်းက ဆံပင်ကျွတ်ထွက်စေပြီး ဦးရေပြားအဆီကိုလည်း ခမ်းခြောက်စေပါလိမ့်မယ််။
 
(၆) ဗောက်ထ၍ ဦးရေပြားယားယံခြင်းကလည်း ဆံပင်ကျွတ်ခြင်း၏ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဦးခေါင်းသန့်စင် တစ်ကိုယ်ရေကျန်းမာရေးအတွက် အချိန်ပေး၍ ဆောင်ရွက်ပေးလိုက်ပါ။
 
(၇) ဗောက်ထ၍ ယားယံသော ဦးရေပြားများအတွက်ကတော့ Itchy Due to Dandruff (သို့) Itchy Scalp Anti Dandruff စာတန်းပါတဲ့ ရှမ်ပူအမျိုးအစားကို ရွေးသုံးပါ။ ဗောက်ကိုသတ်ပေးတဲ့ ရှမ်ပူတွေမှာပါရှိတဲ့ ပစ္စည်းများဟာ ဆံသားကို အတန်ငယ်ကြမ်းစေတာကြောင့် ဆံသားကိုနူးညံ့ပျော့ပျောင်းစေရန် ပေါင်းဆေးပါသော ရှမ်ပူ (သို့) Smooth & Silky စာတန်းပါသော ရှမ်ပူကိုပါ တွဲ၍သုံးပေးသင့်ပါတယ်။
 
(၈) ပလတ်စတစ်ဘီးဖြင့် ခေါင်းဖြီးခြင်းက ဦးရေပြားပူ၍ ဗောက်ထစေနိုင်၍ သစ်သားဘီးကိုသာ သုံးစွဲသင့်ပါတယ်။
 
Credit:

12 Nov 2020     1,327 Views




RELATED

Most Popular of Health Fix

Most Popular of Life Style