BEC-TERO TV

ထိုင်းနိုင်ငံမှ ထုတ်လုပ်မည့် ကိုဗစ်-၁၉ ကာကွယ်ဆေး လူသားများတွင် စမ်းသပ်

25 Nov 2020     1,324 Views


ထိုင်းနိုင်ငံ အမျိုးသားဆေးဝါးအင်စတီကျုမှ ထုတ်လုပ်ရန်ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မျိုးမှာ တိရစ္ဆာန်များတွင် စမ်းသပ်ခဲ့ရာ ထိရောက်မှုရှိသည်ကို တွေ့ရှိရ ပြီး ယခုအချိန်တွင် လူသားများ၌ စမ်းသပ် နေကြောင်း အဆိုပါအင်စတီကျုမှ ပြောကြား သည်။ စမ်းသပ်မှု အဆင့်(၂) ရောက်ရှိ ချူလာ ဆေးဝါးသုတေသနစင်တာမှ ထုတ်လုပ်မည့် mRNA ဆေးဝါးနှင့် BioNet-Asia မှ ထုတ်လုပ်မည့် မျိုးရိုးဗီဇဆိုင်ရာ နည်းပညာကို အခြေခံပြီးထုတ်လုပ်မည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ လူသား များနှင့် စမ်းသပ်ရာတွင် အဆင့်-၂ သို့ ရောက်ရှိနေ‌ကြောင်း ထိုင်းနိုင်ငံအမျိုးသား ဆေးဝါးအင်စတီကျုမှ ညွှန်ကြားရေးမှူး ဖြစ်သူ ဒေါက်တာနာကွန်ပရန်ဆရီက ပြောကြားသည်။

mRNA ဆေးဝါးအား လူသားများတွင် အတည်ပြုကုသမည့် အချိန်ကာလသည် လာမည့်နှစ် ဧပြီလအတွင်း ဖြစ်နိုင်ကြောင်း ချူလာဆေးဝါးသုတေသနစင်တာမှ ပြောကြား သည်။ mRNA ဆေးဝါးအား လူ ၇၇ ဦးနှင့် ကနဦးစမ်းသပ် ကုသသွားမည်ဖြစ်ပြီး ယင်းအဆင့် စမ်းသပ်ကုသမှုအောင်မြင်ပါက လူ ၆၀၀ နှင့် ထပ်မံစမ်းသပ်ကုသသွားမည်ဖြစ် ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ/The Mirror


25 Nov 2020     1,324 Views




RELATED

Most Popular of International News

Most Popular of NEWS