BEC-TERO TV

YBS ယာဉ်မောင်း ၇ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

26 Nov 2020     1,418 Views


ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS 37 ယာဉ်မောင်း ၃ ဦးအပါအဝင် ယာဉ်မောင်း ၇ ဦးအထိ ရောဂါပိုးကူးစက်ခံနေရပါတယ်။ ကိုဗစ် ၁၉ ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုနှုန်းမြင့်တက်နေချိန် YBS 37 ယာဉ်မောင်း ၃ ဦးနဲ့ YBS 96 ကယာဉ်မောင်းတစ်ဦး အပါအဝင် YUPT ကုမ္ပဏီက ယာဉ်မောင်း ၃ ဦးနဲ့ စုစုပေါင်းယာဉ်မောင်း ၇ ဦးမှာ ကိုဗစ်ကူးစက်မှုခံလိုက်ရတာပါ။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလိုက်ရတဲ့ယာဉ်မောင်း ၇ ဦးစလုံး ကျန်းမာရေးကောင်းမွန်နေပြီး တချို့ကျန်းမာရေးထောက်ခံချက်နဲ့ ယာဉ်ကိုပြန်လည်မောင်းနှင်နေပြီလို့ YRTA တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလှအောင်က ပြောပါတယ်။ အခု နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ပေါ့စတစ်အဖြေထွက်ရှိခဲ့တဲ့ YBS 40 ယာဉ်မောင်းကတော့ လတ်တလောဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ YRTA အနေနဲ့တော့ ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ YBS ယာဉ်လုပ်သား ၆,၈၀၀ ကျော်ကို ဆန် (၈) ပြည်နဲ့ ဆီတစ်ပိဿာ ဒုတိယအကြိမ်ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။

ကိုဗစ်ပေါ့စတစ်ဖြစ်သွားတဲ့ ယာဉ်မောင်းတွေကိုတော့ ကုမ္ပဏီဘက်ကနေ on duty အဖြစ်သတ်မှတ်ကာ ယာဉ်မောင်းအခေါက်ကြေးကိုအပြည့်အဝပေးထားတယ်လို့ YUPT ကုမ္ပဏီ တာဝန်ရှိသူကပြောပါတယ်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းပြည်တွင်းကူးစက်မှုမြင့်တက်နေချိန် အောက်တိုဘာ ၄ ရက်နေ့က YBS စီးနင်းတဲ့ခရီးသည် ၆၀,၀၀၀ ကျော်ပဲရှိပြီးစံချိန်တင်ကျဆင်းခဲ့ပါတယ်။ အခုအခါမှာ စက်ရုံတွေပြန်ဖွင့်တာနဲ့ လုပ်ငန်းတချို့လည်ပတ်လာတဲ့အတွက် YBSစီးနင်းတဲ့ခရီးသည်တနေ့တခြားတိုးလာပြီး နိုဝင်ဘာ ၂၄ ရက် တစ်ရက်တည်းမှာ စီးနင်းတဲ့ခရီးသည်အရေအတွက် ၄၄၀,၀၀၀ ကျော်ထိရှိလာပါတယ်။

Source : DVB


26 Nov 2020     1,418 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS