BEC-TERO TV

အမေရိကန်၌ ကလေးငယ် ၁ ဒသမ ၂ သန်းနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

26 Nov 2020     1,341 Views


အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွား ခဲ့ချိန်မှစ၍ လက်ရှိအချိန်အထိ ကလေးငယ် ၁ ဒသမ ၂ သန်း နီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း အမေရိကန် ကလေးအထူးကုဆေးကျောင်းနှင့် ကလေးများဆေးရုံအသင်းမှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။ အမေရိကန်ပြည်ထောင်စု၌ နိုဝင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောကလေးငယ် ပေါင်း ၁၄၄၁၄၅ ဦးရှိလာခဲ့ရာ သီတင်းပတ် တစ်ပတ်ကျော် ကျော်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ၂၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ အမေရိကန်တစ်ဝန်းလုံး၌ ကလေး ငယ်များအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုနှုန်းမှာ အမေရိကန်တစ်ဝန်းလုံးရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အားလုံး၏ ၁၁ ရာခိုင်နှုန်းကျော်ရှိသည်။ အမေရိကန် ပြည်ထောင်စု၌ ကလေးငယ်တစ်သိန်းလျှင် ၁၅၇၃ ဦးနှုန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း လေ့လာချက်အရ သိရသည်။ ထို့အတူ အမေရိကန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးငယ်များ ဆေးရုံတင်ခြင်းခံရမှုနှုန်းမှာ အမေရိကန် တစ်ဝန်းလုံးရှိ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတင်ခြင်း ခံရသူအားလုံး၏ ၁ ဒသမ ၂ ရာခိုင်နှုန်းမှ ၃ ဒသမ ၁ ရာခိုင် နှုန်းအကြားရှိသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးငယ်များသေဆုံးမှုနှုန်းသည် အမေရိကန်တစ်ဝန်းလုံး ရှိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအားလုံး၏ သုည ဒသမ ၂၃ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ အမေရိကန်ကလေးငယ်များအကြား ကိုဗစ်-၁၉ ရောဂါကြောင့် အပြင်းဖျားသော ကလေးငယ် အရေအတွက် အနည်းငယ်သာရှိသည်။ သို့သော် ကလေး များ၏ ကျန်းမာရေးအပေါ် ကိုဗစ်-၁၉ ရောဂါ၏ ရေရှည် သက်ရောက်မှုနှင့် ပတ်သက်၍ မှတ်တမ်းအများအပြား ပြုစုရန် အရေးပေါ်လိုအပ်ကြောင်း အမေရိကန် ကလေး အထူးကုဆေးကျောင်းနှင့် ကလေးများဆေးရုံအသင်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - ဂျေတီ The Mirro


26 Nov 2020     1,341 Views




RELATED

Most Popular of International News

Most Popular of NEWS