BEC-TERO TV

ဘ၀လက်တွဲဖော်ကို တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ အော်န်ဆိုင်း

02 Dec 2020     1,822 Views


Professional  မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်နေတဲ့ စူပါမော်ဒယ် အော်န်ဆိုင်းကတော့ သူမဘ၀ရဲ့လက်တွဲဖော်ကို တရားဝင်အတိအလင်း အသိပေးလိုက်ပါပြီ။ အော်န်ဆိုင်းဟာ ချစ်သူဖြစ်သူ ကိုဖုန်းကျော်မိုးမြင့်နဲ့ သမီးရည်းစားတွေအဖြစ်လက်တွဲခဲ့တာ ၅ နှစ်ကျော်ကြာပြီဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ချစ်သူနဲ့ပုံရိပ်တွေကို ထုတ်ပြခဲ့တာပါ။

ယခုမှာတော့ အော်န်ဆိုင်းဟာ ဘ၀တစ်သက်တာလုံး ရှေ့ဆက်လက်တွဲသွားကြဖို့အတွက် ချစ်သူဆီက လက်ထပ်ခွင့်တောင်းခံခဲ့ရတယ်လို့ သိရပါတယ်။ အော်န်ဆိုင်းဟာ ပြီးခဲ့သည့် မေလပိုင်းလောက်က ချစ်သူဖြစ်သူနဲ့အတူ ငါးမျှားထွက်ကြရင်း မမျှော်လင့်ပဲ စပရိုက်လုပ်ကာ လက်ထပ်ခွင့်တောင်းခံခဲ့ရတာဖြစ်ပါတယ်။ အော်န်ဆိုင်းဘက်ကလည်း ဘ၀အတွက်လက်တွဲသွားဖို့ အသေချာဆုံးသူတစ်ယောက်မို့ အတုံ့အဆိုင်းမရှိ လက်ခံခဲ့တာကိုမြင်တွေ့ရပါတယ်။

ချစ်သူဆီက မေလပိုင်းကတည်းက လက်ထပ်ခွင့်တောင်းခံခဲ့ရပေမယ့် ကပ်ရောဂါဆိုးကြီးကြောင့် အားလုံးစိတ်မချမ်းမသာဖြစ်နေကြတဲ့အတွက် ယခုအချိန်မှသာ ထုတ်ပြောရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဖုန်းကျော်မိုးမြင့်ရဲ့ မိဘနှစ်ပါးနဲ့ ဆွေမျိုးတွေကလည်း အော်န်ဆိုင်းကို သမီးရင်းတစ်ယောက်လို လက်ခံကြိုဆိုပေးကြတာကိုလည်း တွေ့ရပါတယ်။

ယခုလိုမျိုး သူမကို ဂရုတစိုက် ချစ်ခင်ပေးကြတဲ့မိသားစုနဲ့တွေ့ရတာ အရမ်းကံကောင်းတဲ့မိန်းကလေးအဖြစ် ခံစားမိကြောင်းနှင့် ချစ်သူဖြစ်သူ ကိုဖုန်းကျော်မိုးမြင့်ကို ဘ၀လက်တွဲဖော် အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်ပြီဆိုတဲ့အကြောင်း လက်ထပ်ခွင့်တောင်းတဲ့ဗီဒီယိုလေးနဲ့အတူ ယခုလိုရေးသားပြောပြထားပါတယ်။

“ကိုဗစ်ကြောင့် လူတိုင်းမပျော်နိုင်လို့ အောန်ဆိုင်းရဲ့ မင်္ဂလာသတင်းလေးကိုမတင်ဖြစ်သေးတာပါ… ဒီနေ့တော့နှစ်ကုန်လည်းဖြစ် အော်န်ရဲ့ မွေးလလေးလည်းဖြစ်လို့ အားလုံးဝမ်းသာရအောင်တင်လိုက်ပါတယ်နော် ကျွန်မရဲ့ ဘဝလက်တွဲဖော်ကိုအားလုံးနဲ့ သေချာမိတ်ဆက်ပေးချင်ပါတယ်၊ သူ့နာမည်က CARL ( ဖုန်းကျော်မိုးမြင့်ပါ) ၊ ဗီဒီယိုလေးက မေလ၂၃ တည်းကရိုက်ထားတာပါ ၊ CARL ရဲ့ surprise proposal လေးကအရမ်းကို sweet ဖြစ်ပါတယ် ၊ ကျွန်မ မသိအောင်သူကြိတ်ပြီး plan ထားတာတော်တော်ကြာပြီပြောပါတယ်၊ အဲ့နေ့ အမှတ်တရလေးကိုပြောပြမယ်နော် 

Carl က ငါးမျှားတဲ့ Vlog လေးရိုတ်ချင်လို့ ဝင်ရိုက်ပေးပါ ဆိုပြီး အော်န်ကိုပြောထားပေမဲ့ အဲ့နေ့ကသူကသူငယ်ချင်းတွေ၊ ဆွေမျိုး၊ မောင်နှမ၊ မိဘ အကုန်လုံးကြိုခေါ်ထားပါတယ် ၊ အကုန်လုံးကပုန်းနေကြတာပေါ့ ၊ ကျွန်မ အတွက် လက်စွပ်လေးစီစဉ်တာက အမေအရင်းသဖွယ် ချစ်ရတဲ့ mommy ကိုယ်တိုင်ရွေးပြီး လက်စွပ်အကြောင်းပြောပြတဲ့ အင်တာဗျူးလေးကတော့ ကျွန်မအတွက်တန်ဖိုး မဖြတ်နိုင်တဲ့ အမှတ်တရပါပဲ ၊  မေ ၂၃ မှာတော့ ငါးမျှားရင်းနဲ့ ငါးမိပြီဆိုပြီး လက်စွပ်နဲ့ Carl ရဲ့ လက်ထက်ခွင့်တောင်းချိန်မှာတော့ ကျွန်မအတွက် ဝမ်းသာအံ့ဩပြီး မျက်ရည်တောင်ကျခဲ့ပါတယ် ၊ သူ့အတွက်တော့ အကြီးမားဆုံး ငါးကြီးမိပြီဆိုပြီး အဲ့ video လေးကို “The Greatest catch “လို့ နာမည်ပေးဖြစ်သွားတာပါ ၊ကျွန်မက Yes လို့ ဖြေပြီးချိန်မှာတော့ ခုနက ပုန်းနေတဲ့ သူတွေအားလုံး ဘွားခနဲပေါ်လာပြီး တူတူပျော်ရွှင်ကြပါတယိ ၊

ဒီလို ၂ ယောက်အတူလျောက်လှမ်းမဲ့ ဘဝခရီးကိုအမှတ်တရပေါင်းများစွာနဲ့ ဖန်တီးပေးတဲ့ လက်တွဲဖော် the love of my life Carl ကိုကျေးဇူးတင်ပါတယ် ၊ အကောင်းဆုံးဆုတောင်းတွေနဲ့ အဖေအရင်း အကိုအရင်းသဖွယ် ကြိုဆိုကြတဲ့ Dada နဲ့ ကိုစည်သူကိုလည်း ကျွန်မအတွက်တော့ ဘုရားသခင်ကောင်းချီးပေးခြင်းပါ ၊ အဲ့နေ့က အချိန်ပေးလာရောက် ပါဝင်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေအားလုံးအားလုံးကိုကျေးဇူးတင်ပါတယ် ၊ ကျွန်မနဲ့ Carl ရဲ့ရှေ့ဆက်ရမဲ့ ဘဝခရီး ကို အကောင်းဆုံးလျောက်လှမ်းဖို့ ပြင်ဆင်နေပါတယ် ၊ အောန်ကိုချစ်တဲ့ ပရိတ်သတ်ကြီးလည်း တူတူ ဝမ်းသာရအောင် တင်ပေးလိုက်ပါတယ်နော် ၊ ပျော်ရွှင်ခြင်း ဝမ်းမြောက်ခြင်းတွေ သယ်ဆောင်လာပေးမဲ့ December လလေးဖြစ်ပါစေ...”လို့ရေးသားပြီး ပျော်စရာအမှတ်တရလေးကို မျှဝေထားတာဖြစ်ပါတယ်။ 

 

(ပိုပိုလေး)

Source_AwnSeng


02 Dec 2020     1,822 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS