BEC-TERO TV

ကိုယ်ဝန်ရှိနေပြီဟု လူမှုကွန်ယက်ကတစ်ဆင့် ထုတ်ပြောပြလာတဲ့ချမ်းချမ်း

02 Dec 2020     2,215 Views


သမီးတစ်ယောက်မိခင်အဖြစ် အားလုံးသိထားတဲ့ အဆိုတော်ချမ်းချမ်းကတော့ ခင်ပွန်းဟောင်းဖြစ်သူနဲ့ ကွဲကွာပြီးနောက်မှာ သူမအပေါ် နားလည်မှုအပြည့်အ၀ပေးတဲ့ နိုင်ငံခြားသားတစ်ဦးနဲ့ ချစ်သူတွေအဖြစ် လက်တွဲနေတာဖြစ်ပါတယ်။ ချမ်းချမ်းက သူမရဲ့အကြောင်းတွေကို မလိမ်မညာ သိုဝှက်မထားပဲ ပွင့်ပွင့်လင်းလင်းချပြထားသူဖြစ်ပြီး ယနေ့မှာတော့ သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းကို လူမှုကွန်ယက်ကနေ ရေးသားပြောပြထားတာ တွေ့ရပါတယ်။ ချမ်းချမ်းရေးသားထားသည်ကို အပြည့်အစုံ ပြန်လည်ဖော်ပြလိုက်ပါသည်။

“ပထမဆုံး ချမ်းချမ်း အရာအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်.. ဒုတိယအနေနဲ့ အခုချိန်ထိဘဝမှာဘယ်နှကြိမ်ပဲလဲကျခဲ့ပါစေ အမြဲအနားမှာစောင့်ရှောက်အားပေးခဲ့တဲ့အဖေနဲ့အမေ.. မိတ်ဆွေသူငယ်ချင်းတွေအားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်.. တတိယက အခုမှ စပြောမှာ ဘဝမှာ ပထမဆုံးသမီးလေးဂင်္ဂါကို ကိုယ်ဝန်ဆောင်ပြီး ၆နှစ်ကျော်အကြာမှာ အခုတော့ ဒုတိယအကြိမ်အဖြစ် နောက်ထပ်ရင်သွေးလေးကိုအောင်မြင်စွာနဲ့ ကိုယ်ဝန်ဆောင်နိူင်ခဲ့ပါပြီ.. Covid ကာလမှာသမီးလေး အထီးကျန်စွာနဲ့အိမ်ထဲမှာ ပျင်းနေတာ ကိုမြင်ရတာစိတ်မချမ်းသာခဲ့ဘူး.. အမြဲတမ်းမောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တယ်လို့..အမေ့သမီးလေးတောင်းဆိုခဲ့တာ ဒီနှစ်တော့ အဆိုးထဲကအကောင်းပါပဲ..Bankok women's health hospital ကနေ ချမ်းချမ်းကို စေတနာအပြည့်နဲ့ အမျိုးသမီးကျန်းမာရေးစစ်ဆေးပေးဖို့ မေတ္တာနဲ့ကမ်းလှမ်းလာလို့ နှစ်ယောက်သားတိုင်ပင်ပြီး 2020 မေလလောက်က ကျန်းမာရေးအတွက်သွားရောက်စစ်ဆေးပြီး ရောဂါရှာဖွေခြင်းတွေပြုလုပ်အပြီး ရင်သွေးလေးတယောက်လောက်ယူချင်လို့ ကြိုးစားချင်တယ်ပြောခဲ့တယ်။

မီးယပ်သားဖွား ပါမောက္ခဒေါက်တာဒေါ်သင်းသင်းအောင်ရဲ့ စေတနာနဲ့ အခု ဒုတိယ ကိုယ်ဝန်ကို ဆောင်နိုင်ခဲ့ပါတယ်..Bankok woman's health hospital မှ တာဝန် ရှိသူများနဲ့တကွ ပါမောက္ခဒေါက်တာဒေါ်သင်းသင်းအောင် အခုလက်ရှိ တာဝန်ယူ ကြည့်ရူ့စောင့်ရှောက်ပေးနေတဲ့ ပါမောက္ခဒေါက်တာ ဒေါ်စန်းစန်းမြင့်ကိုလဲ အထူးကျေးဇူးတင်ပါတယ်ရှင်..အမှန်အတိုင်းပြောရရင် ကျမအသက်က နောက် ၃ နှစ်လောက်ဆို ၃၅နှစ်ပြည့်တော့မယ် အခုလိုအချိန်ရှိတုန်း ငယ်ရွယ်တုန်း နားချိန်ရတုန်းလေးမှာ ကလေးတစ်ယောက်လောက် လိုချင်မိတယ် ယူမယ်လို့လဲ အစထဲက ဆုံးဖြတ်ထားပြီးသားမို့ ယူဖြစ်ခဲ့တာပါ။ နောက်တခုက သမီးလေးလဲ အဖော်ရအောင်ပေါ့...ကလေးမယူတာ ၆ နှစ်လောက်ခြားသွားတော့ အစစအရာရာ အကုန်လုံး အသစ်ကနေ ပြန်ပြီး ပြင်ဆင်ခဲ့ရပါတယ်။ မိခင်ယောက်ဖြစ်ဖို့အတွက်က ကျန်းမာဖို့က အရမ်း အရေးကြီးတဲ့အတွက် အစစအရာရာ ပြင်ဆင်ပြီး နောက်ထပ် ၂လလောက်ထပ်စောင့်ကြည့်တယ်။ ကံကောင်းစွာနဲ့ July လမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ်.. ကျွန်မ မယုံနိုင်ခဲ့ဘူး သမီးလေးအတွက် အဖော်ရပြီ မိသားစုဆိုတာ သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ အသိုက်အမြုံတခုပဲလေ အထီးကျန်ဖို့မွေးဖွားလာကြတာမဟုတ်ဘူး..အဲ့တော့ ဘုရားကို ကျွန်မအားကိုးဆုတောင်းခဲ့တယ် ကျွန်မအတွက် နွေးထွေးတဲ့ အသိုက်အမြုံလေးရဖို့အတွက် ဒီနှစ်ရဲ့ ဘုရားပေးတဲ့လက်ဆောင်တွေထဲမှာတော့ ဒီလက်ဆောင်လေးဟာ အရာအားလုံးကိုပြည့်စုံစေခဲ့ပီလေ.. ကျန်ခဲ့တဲ့ ၁ပတ်ကultra sound ရိုက်တော့ ၅ လရှိပြီ ကျန်းကျန်းမာမာပဲတဲ့

အိုး...ဘာလေးပဲရရပါ အဓိက က ခြေလက်အင်္ဂါ စုံဖို့ရယ် ကျန်းမာဖို့ရယ် ညဏ်ရည်ကောင်းဖို့ရယ်ပါပဲ ကျန်တာဘုရားပေးသလောက်ပေါ့..ဘဝဆိုတာ တခါတလေမှာ စွန့်ပစ်ခြင်းခံရလို့ ထားခဲ့ခြင်း ခံရလို့ ဝမ်းနည်းခဲ့ရ ရင်တွေကွဲခဲ့ရပေမဲ့ အချိန်တချိန်ချိန်မှာတော့ ကိုယ့်ကိုချစ်မယ့်လူ တန်ဖိုးထားမယ့် လူကတော့ရှိနေစမြဲပါပဲ..Single parent ဘဝဆိုတာ အမေအဖြစ်ရော အဖေတယောက်လိုပါ အစစအရာရာကိုယ်တိုင်ရုန်းကန်ခဲ့ရလို့ပင်ပန်းပေမဲ့ ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး။ ဖူးစာကံဆိုတာပါသလောက်ပဲဆုံကြရတာမို့ ဆုံစည်းခဲ့ကြရချိန်တွေ ပျော်စရာတွေကိုပဲ ဘဝတလျှောက်လုံးသယ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်..မိသားစုဘဝလေး ပြိုကွဲခဲ့ရချိန်တွေ နာကျင်ခဲ့ရချိန်တွေအားလုံးကို အကောင်းမြင်စိတ်နဲ့ကျော်ဖြတ်လာခဲ့တာ အခုဆို အချိန်တောင်၃နှစ်ရှိခဲ့ပါပြီ။ အခုလက်ရှိဘဝမှာ ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ပေးတဲ့ ဗိုက်ထဲက ကလေးလေးရဲ့ ဖေဖေ Enrico ကိုလဲ ကျေးဇူးအထူးတင်ပါတယ်..လက်တွဲလာခဲ့တာ အချိန်၂နှစ်အတွင်း positive အမြင်နဲ့ဘဝကိုဖြတ်သန်းဖို့သင်ကြားပေးတဲ့အတွက်ရယ် ကျွန်မရဲ့ အတိတ်တွေ နားလည်ပေးပြီး ကျွန်မနဲ့ သမီးလေးဂင်္ဂါကို မိသားစုဝင်အဖြစ်သတ်မှတ် လက်ခံပေးတဲ့အတွက်ရယ် တယောက်တည်းပင်ပန်းနေချိန်တွေမှာ အစစအရာရာနားလည်ခွင့်လွှတ်ဖေးမပေးလို့ အတိုင်းမသိဝမ်းသာမိရပါတယ်..ကျေးဇူးလဲတင်တယ် သူ့ရဲ့ September လတုန်းက အသက် ၃၄ နှစ်ပြည့်မွေးနေ့မှာ လက်ဆောင်ဘာပေးရမှန်းမသိဘူးလို့ပြောတော့ အခုဗိုက်ထဲမှာရောက်နေတဲ့ဒီကလေးလေးဟာ ကျမတို့နှစ်ယောက်အတွက် ဘုရားကပေးတဲ့ အနာဂတ်လက်ဆောင်လေးပဲတဲ့ ဘာမှမလိုဘူး ကလေးနဲ့မိခင်ကျန်းမာဖို့အရေးကြီးတယ်ဆိုတဲ့ သူ့စကားကြောင့်အရမ်းပျော်ခဲ့ရတယ်..သမီးလေးဂင်္ဂါနဲ့ နောက်ထပ်ကလေးလေး နေဖို့အတွက် ကျွန်မရဲ့ သန်လျင်အိမ်လေးကို နောက်ထပ်တိုးပြီး ကလေးတွေအတွက် အိပ်ခန်းရေချိုးခန်းအိမ်သာလေးတွေ ကြမ်းခင်းသစ်သားပါကေးလေးတွေ အသံလုံ ခြင်မကိုက်အောင် ခြင်လုံစကာလေးတွေ တံခါးလေးတွေကို သူကိုယ်တိုင် အပင်ပန်းခံပြင်ပေးနေတာတွေ့ရတော့ အတိုင်းမသိကြည်နူးရပါတယ်..အတူတူဆေးတွေသုတ်ကြ အိမ်သန့်ရှင်းရေးတွေလုပ်ကြ ကလေးတွေအတွက် ရေကူးကန်ကိုပြန်ပြင်နဲ့ မနားတမ်းလုပ်ခဲ့ကြတယ်.. တခြားသူတွေအတွက် ဘယ်လိုခံစားရမယ်မသိပေမဲ့ ကျွန်မအတွက်တော့ မေတ္တာတရားဆိုတာ တန်ဖိုးထား ကြည့်မြင်တတ်သူတွေအတွက်သာ အဖိုးမဖြတ်နိူင်ဘူးလို့ထင်ပါတယ်

အတိတ်ကအတိတ်ပါပဲ..ကျန်ရှိနေသေးတဲ့ ကျွန်မရဲ့ အနာဂတ်ကိုတော့ ကျွန်မကို တန်ဖိုးထားချစ်တဲ့သူတွေနဲ့ ကျွန်မချစ်ရတဲ့သူတွေနဲ့သာ ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားမှာဖြစ်တဲ့အကြောင်းလေး ကျွန်မကိုချစ်တဲ့ ကျွန်မချစ်တဲ့ ပရိသတ်အတွက် စကားလေးပါးရင်း အားလုံး Happy Sweet December ပါနော်..ကျန်းမာပျော်ရွှင်ကြပါစေ” လို့ ရေးသားထားပါတယ်။

ChanChan's FB page


02 Dec 2020     2,215 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS