BEC-TERO TV

၁၁ နှစ်ကြာလက်တွဲခဲ့တဲ့ချစ်သူနဲ့ ရွှေလက်တွဲသွားပြီဖြစ်တဲ့ အဆိုတော်နိုင်းဝမ်း

10 Dec 2020     1,923 Views


အဆိုတော် နိုင်းဝမ်းကတော့ (၁၁) နှစ်ကြာလက်တွဲလာတဲ့ ချစ်သူဖြစ်သူ မမေသူမျိုးကျော်နဲ့ မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့ အမျိုးသားနေ့က မော်ကွန်းတင်မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကြောင့် ခင်မင်သူမိတ်ဆွေအပေါင်းအသင်းများကိုတောင် မဖိတ်ကြားနိုင်ပဲ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို နှစ်ဖက်သော မိဘဆွေမျိုးများနှင့်သာ အကျဉ်းချုံးပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုတော်နိုင်းဝမ်းက ချစ်သူလေးနှင့် တရားဝင်လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်ကြောင်းကို ယခုလိုပဲ အသိပေးပြောကြားထားပါတယ်။

"လက်ထပ်ထိမ်းမြားပြီးစီးခြင်း" ကျွန်တော် မောင်ကျော်ဇင်လတ်(ခ) နိုင်းဝမ်း နှင့် မမေမျိုးသူကျော်တို့သည် ၉.၁၂.၂၀၂၀ (အမျိုးသားနေ့) တွင် ဒေါ်စိုးခက်ခက်(တရားလွှတ်တော်တရားသူကြီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်)  နှင့် နှစ်ဘက်သောမိဘဆွေမျိုးများ၏ရှေ့မှောက်တွင် တရားဝင်လက်မှတ်ရေးထိုး၍ လက်ထပ်ပြီးစီးပါကြောင်း ကြေညာအပ်ပါသည်။ ပွဲတက်ရောက်ပေးခဲ့သော နှစ်ဘက်မိသားစုဝင်များအားလည်းကောင်း..ကိုဗစ်ကာလဖြစ်လို့ မိတ်ဆွေသူငယ်ချင်းများအား မင်္ဂလာပွဲသို့ဖိတ်ကြားဖို့မဖြစ်နိုင်ခဲ့သော်လည်း လက်ဖွဲ့ပစ္စည်းများပေးပို့ပေးကြပါသော၊ မင်္ဂလာဆုမွန်ကောင်းတောင်းပေးကြပါသော အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေသင်္ဂဟများနှင့် ချစ်ပရိတ်သတ်များအားလုံးအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ကြေငြာအပ်ပါတယ်ခင်ဗျာ" လို့ မင်္ဂလာအခမ်းအနားမှ ပုံရိပ်များနှင့်တကွ ရေးသားအသိပေးထားပါတယ်။

မင်္ဂလာမောင်ဇနီးမောင်နှံဖြစ်တဲ့ ကိုနိုင်းဝမ်းနှင့် မမေမျိုးသူကျော်တို့နှစ်ယောက် ထာ၀ရဆုံးတိုင် မြဲမြံစွာ ရွှေလက်တွဲသွားနိုင်ပါစေလို့ မင်္ဂလာဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)


10 Dec 2020     1,923 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS