BEC-TERO TV

ချစ်သူသက်တမ်း ၅ နှစ်ပြည့်သွားတဲ့ ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့စုံတွဲ

10 Dec 2020     2,022 Views


အနုပညာလောကမှာ ကိုယ်စီအောင်မြင်မှုတွေကိုရရှိထားပြီး တည်ငြိမ်တဲ့ အချစ်ရေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့ ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့စုံတွဲကတော့ ချစ်သူတွေအဖြစ် လက်တွဲခဲ့ကြတာ ယနေ့မှာဆိုရင် ချစ်သူသက်တမ်း (၅) နှစ်ပြည့်သွားပြီလို့ သိရပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ချစ်သူသက်တမ်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလှူအတန်းတွေ ပြုလုပ်ခဲ့တာကိုလည်းတွေ့ရပါတယ်။

ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့စုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာအပြည့် နားလည်မှုအပြည့်နဲ့ လက်တွဲထားတဲ့ ချစ်သူစုံတွဲဖြစ်ပြီး ပရိသတ်ရဲ့ချစ်ခင်မှုတွေကိုရရှိထားတဲ့ အနုပညာရှင်စုံတွဲလည်းဖြစ်ပါတယ်။

ယနေ့မှစလို့ ရှေ့ဆက်ပြီး အချစ်နေ့ရက်တွေကို ပျော်ရွှင်စွာဖန်တီးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်....

(ပိုပိုလေး)


10 Dec 2020     2,022 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment