BEC-TERO TV

ဝေဖန်ခံနေရတာတွေနဲ့ပတ်သက်ပြီး မြင့်မြတ်ဖက်ကနေ အပြည့်အ၀ရပ်တည်ဖြေရှင်းလိုက်တဲ့ ယုန်လေး

21 Dec 2020     46,916 Views


ပြီးခဲ့တဲ့ရက်က MC မီဒီယာကနေ တက်လာခဲ့သည့် သရုပ်ဆောင် မြင့်မြတ်ရဲ့ အဖေ၏ အင်တာဗျူးဗီဒီယိုနှင့်ပတ်သက်ပြီး မြင့်မြတ်ကတော့ လတ်တလောမှာ ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။ ထိုဗီဒီယိုထဲတွင် မြင့်မြတ်၏ဖခင်က ကိုဗစ်ကာလတွင် ကြုံနေရတဲ့ သူ့ရဲ့အခက်အခဲတွေနှင့် တက္ကစီမောင်းနေရတဲ့အကြောင်း၊ သားဖြစ်သူ မြင့်မြတ်ကို ဖုန်းဆက်ရင် ဖုန်းကိုင်ပေးပါ ဆိုတဲ့အကြောင်းတွေကို ပြောပြထားခဲ့ပါတယ်။

မြင့်မြတ်ဖခင်ရဲ့ ပြောကြားချက်များကြောင့် ပရိသတ်တစ်ချို့က တစ်မျိုးတစ်ဖုံ ထင်မြင်ကာ မြင့်မြတ်ကို ဝေဖန်ပြောဆိုနေကြတာ တွေ့ရပါတယ်။ မြင့်မြတ်တစ်ယောက် ဝေဖန်ခံနေရမှုနဲ့ပတ်သက်ပြီး အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ ယုန်လေးက သူသိထားတဲ့အတိုင်း မြင့်မြတ်ရဲ့အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ဖြေရှင်းထားတာ တွေ့ရပါတယ်။

“ဘယ်သူ ဘာဖြစ်ဖြစ် သူကူညီတယ်။ စက်အဖွဲ့က အရမ်းရင်းတဲ့လူတွေရော မရင်းတဲ့လူတွေရော ဆေးရုံတက်တာတို့ တစ်ခုခုအဆင်မပြေဖြစ်တာတို့ သူကူတယ်။ လူတိုင်းကို အမြင်မတော်ရင် ကူညီနေတဲ့မြင့်မြတ် သူအဖေ အမေအရင်းကို ဘာမှမလုပ်ပေးဖူး ကျေးဇူးမသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား သေချာစဉ်းစားစေချင်ပါတယ် ဝေဖန်တာ မစောစေချင်ပါဘူး တစ်လောကလုံးလည်း သူ့စိတ်ထား သူ့စိတ်ဓာတ်သိပါတယ်။ ချက်ချင်း ဘယ်သူ့မှဝင်မပြောကျတာ မိသားစုရေးဖြစ်နေလို့ပါ။ ကျွန်တော်တိတိကျကျ သိတာ ကျွန်တော်နဲ့တွဲပြီးကူတာတွေ အများကြီးရှိပါတယ် မပြောတော့ဘူး။ အနီးစပ်ဆုံး Covid First wave က ပြောမယ်ဆို PPE အစုံ 1040 သိန်း ၁၆၅ သိန်း ကျော်ဖိုးလှူတယ်။ ဆေးရုံးဝန်ထမ်းတွေအတွက် ၁၀ သိန်း ကျွန်တော့်အလှူမှာ ထပ်မတည်တယ်။ မရမ်းကုန်းမြို့နယ် မြောက်ဒဂုံမြို့နယ် ဆန် ဆီ ဆား လိုအပ်တာလှူတယ်။ ရုပ်ရှင်လောကသားများ အဆင်မပြေဘူးဆိုလည်း သူကူပါတယ်။

မြင့်မြတ်က Fb မသုံးဘူး။ ပြီးတော့ သူ့အဖေကို ဘယ်အိမ်ဝယ်ပေးလိုက်တယ် အမေကို ဘယ်ကွန်ဒို ဝယ်ပေးလိုက်တယ် ညီမလေးတွေကို ဘာဆိုင်ဖွင့်ပေးလိုက်တယ် သူလူသိအောင် မပြောပြခဲ့ဖူးလေ။ အဲ့လိုပြောလို့ အဖေ အမေကို အိမ်ဝယ်ပေးပြီး Fb ပေါ်ဘပီတိအဖြစ်နဲ့ တင်တဲ့သူများကိုလည်း ဆော်ကားချင်းမဟုတ်ပါ။ ကျွန်တော်တို့ ကိုယ်တိုင်ကြည့်ပြီး အဲ့လိုPost တိုင်းကို ကြည်နူးမိပါတယ်။ Excel မှာ အခန်းဝယ်ပေးတယ် ရွှေဂုံတိုင်မှာ ကွန်ဒိုဝယ်ပေးတယ် ဦးအတွက် Crown ဝယ်ပေးတယ် ညီမလေးတွေအတွက် လုပ်ချင်တဲ့အလုပ်လေးတွေ သူလုပ်ပေးတယ် ရင်းနီးပေးတယ်။ လတိုင်း မိသားစုကိုကန်တော့တာ စိတ်ထဲကမှန်းကြည့် ဘယ်လောက်ဖြစ်နိုင်မလဲ။ မှန်းကြည့်တာထက် ၃ ဆလောက်များပါတယ်။ လူတိုင်းမှာ အခက်ခဲနဲ့ ယှဉ်ဆိုင်နေရသလို Covid အချိန်ကာလမှာ သူလည်း အခက်ခဲပေါင်းများစွာ ရှိပါတယ် စိတ်ညစ်စရာများစွာရှိပါတယ်။ အဲ့ဒါကြောင့် အရင် Live မလွှင့် Fb မသုံးတဲ့လူ စိတ်ထွက်ပေါက်အနေနဲ့ သူသီချင်းတွေ အော်ဆိုတယ် ကပြတယ် အလွတ်ပျော်ပျော်နေတယ်။ ပရိတ်သတ်လည်း ပျော်တယ် သူလည်းပျော်တယ်။

Live မှာတွေ့ရတာလည်း ဒါသူဘဝ ပုံစံပဲ။ အထာမရှိဘူး ပေါ့ပါးတယ် အနုပညာအရည်ချင်း ခမ်းနားတယ်။ နေတာထိုင်တာ မခမ်းနားဘူး ညပ်ဖိနပ်နဲ့ ဘောင်းဘီတိုပဲ။ ဒါပဲလေ သူ့စီမှာလည်း စိတ်ရူပ်စရာတွေ အရမ်းများပါတယ်။ သူလူတိုင်းကို မပြောတတ်ဘူး။ ကျွန်တော်ပြောလည်း စိတ်ညစ်တာပဲရှိမှာပါဆိုပြီး သူပြောနေကျစကား (အချိန်တန်ရင် သူဟာသူဖြစ်သွားလိမ့်မယ်) ပြောပြီး အမြဲတန်းရီ အဲ့ဒါကြောင့် သူဖုန်းပိတ်ထားတာများပါတယ်။ ဘယ်မှလည်း မသွားဘူး အိမ်မှာပဲရှိပါတယ်။ ကျွန်တော်တို့တွေ့ချင်လည်း အိမ်ပဲသွားတာ။ အရေးကြီးတဲ့အချိန် ဆက်မယ်ဆိုလည်း ဘယ်သူဆက်ဆက် Manager နဲ့ သူ့ဘေးနားရှိတဲ့ ညီလေးစီဆက်ရင် မြင့်မြတ်ကိုယ်တိုင် မကိုင်တာမှမရှိတာ။ ဦး Taxi မောင်းတာလည်း ကားဝယ်ထဲက နံပတ်အနီဝယ်တာ။ အလုပ်မရှိရင်ပျင်းလို့ ဒီတိုင်းမောင်းနေတာ ကျွန်တော့်ကို ဦးကိုယ်တိုင်ပြောဖူးပါတယ်။ မိသားစုတွေ နားလည်မူ့ခဏလွှဲတယ်လို့ပဲ မြင်ပါတယ်။ သင်ခန်းစာလေးတစ်ခုကတော့ ဘာပဲဖြစ်ဖြစ် Media ကို သွားမဖြေရှင်းဖို့ပါပဲ။ မြင့်မြတ်အဖေကို အကူညီတောင်းခံတဲ့ လူအသွင်ဖြစ်အောင် နောက်ခံတီးလုံးတွေ Edit တွေနဲ့ Drama ခင်းထားတော့ မြင့်မြတ်ကိုပိုပြီး အထင်ဝိုင်းဆောင်းကျတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ် (အကူညီတောင်းခံတဲ့ လူတန်းစားများကိုလည်း စော်ကားချင်းမဟုတ်ပါ)။ ထင်ရာတွေ လျောက်ဝေဖန်နေတဲ့လူများကိုတော့ ထင်သလိုမဟုတ်ပါဖူးလို့ပဲ အတိကျပြောချင်ပါတယ်ခင်ဗျ။ ကျွန်တော်လည်း ဘယ်ကိစ္စမှ မပါတော့တာကြာပါပြီ မြင့်မြတ်ကိစ္စကတော့ ဘာဖြစ်နေနေ ကျွန်တော်တို့သူ့ဘက်က အပြည့်ဝရပ်တည်ပြီးသားပါ။ တကယ်လည်း ကျွန်တော်ပြောတာတွေ အမှန်တရားတွေကြီးပါပဲ။ မြင့်မြတ်က နာမည်နဲ့လိုက်အောင် မြင့်မြတ်ပါတယ်” လို့ ယုန်လေးက သူငယ်ချင်းဖြစ်သူ မြင့်မြတ်ဖက်ကနေ ရပ်တည်ဖြေရှင်းထားတာ တွေ့ရပါတယ်။

Source_YoneLay


21 Dec 2020     46,916 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment