BEC-TERO TV

ထိုင်းတွင် သုံးပြီးသားလက်အိတ်ဟောင်းများ မှောင်ခိုတင်သွင်းသောဂိုဒေါင် ဝင်ရောက်ဖမ်းဆီး

08 Jan 2021     1,414 Views


လွန်ခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံရှိ တရားမဝင်ကျန်းမာရေးထုတ်ကုန်များနှင့်ဝန်ဆောင်မှုများ တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အကြီးအကဲဖြစ်သည့် ထိုင်းရဲတပ်ဖွဲ့လက်ထောက်ဒုဗိုလ်ချုပ်ကြီး “ဖမ့်ဖွန်း ချိတ်ချော့ပ်” ဦးဆောင်သည့်ရဲတပ်ဖွဲ့ဝင်များနှင့် စားနပ်ရိက္ခာနှင့်ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) တို့နှင့်တကွပူးပေါင်းပြီး ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိသော မှောင်ခိုတင်သွင်းသော အသုံးပြုပြီးတဲ့လက်အိတ်ဟောင်းဂိုဒေါင်ကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

ဘန်ကောက်မြို့၊ နောင်ခဲမ်အရပ်ရှိ ဖျော်ဖြေရေးနေရာတစ်ခုမှာ ဆေးဘက်ဆိုင်ရာလက်အိတ်များ တရားမဝင်ထုတ်လုပ်ရောင်းချမှုရှိကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းမှ စုံစမ်းစစ်ဆေးရန် တိုင်ကြားချက်ကိုလက်ခံရရှိပြီးတဲ့နောက် ဝင်ရောက်စစ်ဆေးခြင်းပြုလုပ်ခြင်း ဖြစ်ပါတယ်။ အဆိုပါနေရာမှ စစ်ဆေးချက်အရ အကောင်းနှင့်အဆိုးပါဝင်သော အသုံးပြုပြီးတဲ့ အရောင်စုံလက်အိတ်ဟောင်းများကို အများအပြားတွေ့ရှိရပြီး၊ ပြန်လည်အသုံးပြုရောင်းချရန် အလုပ်သမားများက အရောင်လိုက်ခွဲတန်းထုပ်ပိုးပြင်ဆင်နေတာ တွေ့ရပါတယ်။

ထို့နောက် အာဏာပိုင်များက လက်အိတ်များအခု ၃ သန်းကျော်၊ ထုပ်ပိုးရန်ဗူးခွံ ၅ ထောင်ကျော်နှင့် ထုတ်လုပ်မှုပစ္စည်းကိရိယာများအားလုံးကို သိမ်းဆည်းထားပြီး၊ ထပ်မံစုံစမ်းစစ်ဆေးမှုတိုးချဲ့ပြီးနောက် ၈/၄ မြောက်ဘက် ဆွိုင်းလိယပ်ခလောင်ဖာစီဂျလိန်းရှိ ကုမ္ပဏီတစ်ခုနှင့်ချိတ်ဆက်မှုရှိကြောင်းတွေ့ရှိရပြီး ၎င်းသည် လက်အိတ်ထုတ်လုပ်ခြင်းနှင့်သိုလှောင်ခြင်း ပထမဆုံးတွေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

ထို့ကြောင့် စုစုပေါင်းဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိသော ပစ္စည်းများအားလုံးကို သိမ်းဆည်းလိုက်ကြောင်း ဆိုထား ပါတယ်။ ကနဦးစစ်ဆေးမှုတွင် အာဏာပိုင်များမှ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများအက်ဥပဒေအရ ဆေးပစ္စည်းကိရိယာထုတ်လုပ်မှုများ မှတ်ပုံမတင်ခြင်းနှင့် အသုံးပြုရန်အနရ္တာယ်မလွှတ်ကင်းသော ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်မှု/ရောင်းဝယ်မှု ပြစ်မှုများရှိပြီး၊ အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေဘတ် ၃ သိန်းပေးဆောင်ရမှာဖြစ်ပြီးတော့၊ ဒါမှမဟုတ် နှစ်မျိုးစလုံး ပြစ်ဒဏ်ချမှတ်ခြင်းခံရမှာဖြစ်ပါတယ်။

#popolay #popolaytv #popolaynews


08 Jan 2021     1,414 Views




RELATED

Most Popular of International News

Most Popular of NEWS