BEC-TERO TV

AA အဖွဲ့ကို အကြမ်းဖက်စာရင်းမှ ပယ်ဖျက်ရေးအဆို ပြည်နယ်လွှတ်တော်အတည်ပြု

15 Jan 2021     1,381 Views


ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရေးအဆိုကို ကြာသပတေးနေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ AA အား အကြမ်းဖက်အဖွဲ့ အစည်းမှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးမှတစ်ဆင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်အ ဆိုကို ရခိုင်အမျိုးသားပါတီ(ANP)မှမြောက်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဇန်နဝါရီ ၁၁ ရက် လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုအား ဘူးသီး တောင်မြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံခဲ့ပြီး လက်ခံရန်ဆွေး နွေးရန်သင့်၊ မသင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရယူရာတွင် ကန့်ကွက်သူမရှိသောကြောင့် အဆို အား ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သည်။ ထို့နောက် အဆိုအား ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ခုနစ်ဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်က အတည်ပြု ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော် သမ္မတထံ ဆက်လက် အစီရင်ခံရမည်ဖြစ်သည်။ AA အဖွဲ့အား အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ပြီးခဲ့သည့် မတ်လ ၂၃ ရက်တွင် အစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်မူ တပ်မတော်နှင့် AA တို့မှာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီထား ပြီး နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင် များ အွန်လိုင်းမှ အပါအဝင် သုံး ကြိမ်ထက်မနည်း ဆွေးနွေးထားသည်။

ဓာတ်ပုံ - U San Myat Shwe’s FB


15 Jan 2021     1,381 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS