BEC-TERO TV

Anorexia nervosa (ပိန်လိုစိတ်ပြင်းလွန်းပြီး အစားမစားခြင်း)

15 Jan 2021     1,477 Views


အကျဉ်းရှင်းလင်းချက်
 
         ဤရောဂါဖြစ်ရခြင်းမှာ အစာအငတ်ခံခြင်းနှင့် သက်ဆိုင်နေပြီး အများအားဖြင့်အမျိုးသမီးငယ်များ ဝမည်စိုးရိမ်လွန်ကဲသောစိတ်ကြောင့် အစားသောက်ပျက် (တမင်မစား) ခြင်းကြောင့်ဖြစ်သည်။
 

လက္ခဏာများ

 
- အလွန်အမင်း ဝိတ်ကျခြင်း
 
- ပိန်ပါးလွန်းခြင်း
 
-သွေးဆဲလ်များ ပုံမှန်မဟုတ်ခြင်း 
 
-မောပန်းလွယ်ခြင်း၊ မူးနောက်နောက်ဖြစ်ခြင်း 
 
-အိပ်မပျော်ခြင်း 
 
-လက်ချောင်းများ ပြာလာခြင်း
 
-ဆံပင်များ ပါးခြင်း၊ ကျွတ်လွယ်ခြင်း ၊ 
 
-ခန္ဓာကိုယ် မွှေးညင်းနုများ ထွက်ခြင်း 
 
-ဓမ္မတာ မလာခြင်း 
 
-ဝမ်းချုပ်ခြင်း 
 
-အသားအရေများခြောက်ခြင်း ၊ ဝါလာခြင်း 
 
-အအေးဓာတ်မခံနိုင်ခြင်း 
 
-နှလုံးခုန်နှုန်း မမှန်ခြင်း ၊ သွေးပေါင်ကျခြင်း 
 
-ရေဓာတ်ဆုံးရှုံးခြင်း 
 
-အရိုးပွခြင်း ၊ ခြေလက်များ ရောင်ရမ်းခြင်း 
 

စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ

 
-အစာမစားလွန်းခြင်း၊ လေ့ကျင့်ခန်းများ အလုပ်လွန်ခြင်း 
 
-အစားများစားပြီး လက်ထိုးအန်ခြင်း ၊ ဝမ်းနှုတ်ဆေးဝမ်းချူဆေးများသုံးခြင်း ၊ အန်သောဆေးများသောက်သုံးခြင်း 
 
-အစာမစားသင့်ဘူးဟူသော စိတ်လွှမ်းမိုးနေခြင်း 
 
-ဗိုက်ဆာနေသော်လည်း မစာဘူးဟုငြင်းဆန်နေခြင်း 
 
-စိတ်ခံစားမှုများမရှိခြင်း 
 
-ပေါင်းသင်းဆက်ဆံရေး များလျော့ကျလာခြင်း
 
-လိင်မှုကိစ္စများ စိတ်မဝင်စားခြင်း 
 
-ဂဏာမငြိမ်ဖြစ်လာခြင်း 
 
-စိတ်ဓာတ်ကျခြင်း ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုခြင်း တို့လဲဖြစ်တတ်သည်။ 
 
ဖြစ်ပွားရသော အကြောင်းရင်းများ
 
အဓိကဖြစ်ပွားစေသော အကြောင်းအရာများမှာ 
 
မျိုးရိုးဗီဇ (မိဘဘိုးဘွားဖြစ်လျှင် ဖြစ်နိုင်ချေပိုများ)
 
စိတ်ခံစားမှု (ပိန်ချင်စိတ် သဘာဝလွန်များပြားသူများ) ကြောင့်ဖြစ်နိုင်ချေရှိသည်။ 
 

ဖြစ်နိုင်ချေများသူများ

 
-အမျိုးသမီးများ
 
-အသက်ငယ်သူများ
 
-မိဘဘိုးဘွားဖြစ်ဖူးသူများ
 
-အနုပညာရှင်များ (လူအများအာရုံစိုက်ခံရသူ ၊ ထင်ပေါ်ကျော်ကြားသူများ) 
 

နောက်ဆက်တွဲ ပြဿနာများ

 
-သွေးအားနည်းခြင်း 
 
-နှလုံးရောဂါဖြစ်ပွားခြင်း
 
-အရိုးကျိုးနိုင်ခြင်း
 
-ဓမ္မတာမလာခြင်း
 
-အမျိုးသားများတွင် ဖိုဓာတ်လျော့နည်းခြင်း
 
-အစာအိမ်နှင့်အူလမ်းကြောင်းထိခိုက်ခြင်း
 
-ကျောက်ကပ်ထိခိုက်ခြင်း
 
-ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်း
 
-သေစေနိုင်ခြင်း 
 
စစ်ဆေးမှုများ
 
-စမ်းသပ်စစ်ဆေးခြင်း
 
-သွေးစစ်ခြင်း
 
-ဓာတ်မှန်ရိုက်ခြင်း 
 
-စိတ်ရောဂါအထူးကုဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးခြင်း
 

ကုသခြင်း

 
အထွေထွေရောဂါကုဆရာဝန် ၊ အစားအစာအကြံပြုဆရာဝန် ၊ စိတ်ရောဂါအထူးကုဆရာဝန် တို့ပူးပေါင်းပြီး
 
ဆေးဝါးကုသမှု ၊ စိတ်ဓာတ်ပြုပြင်မှုတို့ဖြင့် ကုသနိုင်သည် 
 
Credit:

15 Jan 2021     1,477 Views




RELATED

Most Popular of Health Fix

Most Popular of Life Style