BEC-TERO TV

လာမဲ့စနေနေ့ကစပြီး အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေးစထိုးတော့မည်

15 Jan 2021     1,366 Views


အိန္ဒိယမှာ ကာကွယ်ဆေးထိုးအစီအစဉ်အတွက် Covishield ကိုဗစ်ကာကွယ်ဆေးများကို သယ်ပို့လျက်ရှိပြီး ခုကတော့ အနောက်ဘင်ဂေါရဲ့ ဆီလီဂူရီမှာ လုံခြုံရေးများ အစောင့်များနဲ့တကွ ကိုဗစ်ကာကွယ်ဆေးများကို ယာဉ်များနဲ့ စနစ်တကျထည့်ပြီး ထိုးနှံမဲ့နေရာများအရောက် သယ်ပို့နိုင်ဖို့ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးကိုတော့ Serum Institute က ထုတ်လုပ်တာဖြစ်ကာ အရေးပေါ်ကာကွယ်ဆေးအဖြစ် သုံးရမှာဖြစ်တာကြောင့် အသက် ၁၈ နှစ်နဲ့အထက်ကိုသာ ထိုးနှံပေးမှာလည်း ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့ကစပြီး အိန္ဒိယမှာ တစ်နိုင်ငံလုံးအနှံ့ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံတော့မှာပဲ ဖြစ်ပါတယ်။

Covishield ထိုးဆေးကတော့ ပထမအကြိမ်မှာ ၀.၅ မီလီလီတာထိုးမှာဖြစ်ပြီး ဒုတိယအကြိမ်ကိုတော့ ပထမအကြိမ်ထိုးပြီး ၄ ပါတ်သို့ ၆ ပါတ်နေမှ ထပ်မံထိုးနှံမှု ခံယူရမှာလည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ ကိုဗစ်ကူးစက်မှုပေါင်း ၁၀.၅ သန်းကျော်ရှိနေပြီး သေဆုံးမှုပေါင်းက ၁၅၂,၀၀၀ ကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။

Credit: MRTV

#Popolay #Popolaytv #News #International_News #India # Vaccine #Covishield


15 Jan 2021     1,366 Views




RELATED

Most Popular of International News

Most Popular of NEWS