BEC-TERO TV

Alcoholic Hepatitis (အရက်ကြောင့်ဖြစ်သော အသည်းရောင်ခြင်း)

18 Jan 2021     1,479 Views


ပြောင်းလဲလာတဲ့ ခေတ်အရ အရက်ကို လူတန်းစားမရွေး ယောက်ျားမိန်းမ မခွဲခြားတော့ပဲ သောက်သုံးလာကြတာကို ယနေ့မျက်မှောက်ကာလမှာမြင်တွေ့နေရပါတယ်။ ဒါကြောင့် အရက်သောက်ခြင်းကြောင့်  ဖြစ်ပေါ်လာနိုင်သော အသည်းရောင်ခြင်းအကြောင်းကို ဆွေးနွေးတင်ပြလိုပါတယ်။
 
အရက်ကြောင့်ဖြစ်သော အသည်းရောင်ခြင်းဆိုသည် မှာ အရက်ကို နှစ်ပေါင်းများစွာ အလွန်အကျွံသောက်သုံးသူများတွင်တွေ့ရသည်။ သို့သော် တချို့သောသူများတွင် အရက်ကို ပုံမှန်ပမာဏ သောက်သုံးသော်လည်း ဤရောဂါဖြစ်နိုင်သည်။
 
ဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့ အရက် ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာပါက အသည်းတွင် ချေဖျက်ခြင်းခံရသည်။ ထိုသိုချေဖျက် ရာတွင် အန္တရာယ်ရှိသော ပစ္စည်းများထွက်လာသည်။ ထိုပစ္စည်းများသည် အသည်းရှိဆဲလ်များကိုရောင်ရမ်းစေသည်။ ထိုရောင်ရမ်းခြင်းကြောင့်အသည်းတွင် အမာရွတ်ဖြစ်ကာ အသည်းကိုပျက်စီးစေသည်။ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိသူများတွင်လည်း တွေ့ရနိုင်သည်။ 
 

လက္ခဏာများ

အဖြစ်ဆုံးရောဂါ လက္ခဏာမှာ အရေပြားနှင့် မျက်စိများဝါခြင်း ဖြစ်သည်။
 
တခြားသောရောဂါလက္ခဏာများမှာ... 
 
     - အစားအသောက်ပျက်ခြင်း
 
     - ပျို့ခြင်း၊ အန်ခြင်း
 
     - ဗိုက်အောင့် ဗိုက်နာခြင်း
 
     - ငွေ့ငွေ့လေးဖျားခြင်း
 
     - နုံးချိနေခြင်း
 
     - ကိုယ်အလေးချိန်ကျခြင်း တို့ဖြစ်နိုင်သည်။ 
 

ဖြစ်နိုင်ချေများသူများ

- အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိသူများ
 
- အရက်အလွန်အကျွံ သောက်သုံးသူများ
 
- အသည်းအဆီဖုံးရောဂါ ရှိသူများ 
 
- အဝလွန်သူများ
 
- အရက်သောက်သုံးသော အမျိုးသမီးများ
 
- မျိုးရိုး အခံရှိသူများ
 

ရောဂါပြင်းထန်လာပါက... 

- ရေဖျင်းစွဲခြင်း 
 
- စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း
 
- ကိုယ်တွင်းအင်္ဂါများပျက်ဆီးခြင်း တို့ဖြစ်နိုင်သည်။ 
 
 ဤရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက ဆရာဝန်  နှင့် အမြန်ဆုံး ပြသသင့် သည်။  
 

နောက်ဆက်တွဲ ပြဿနာများ... 

- အသည်းခြောက်ခြင်း
 
- အသည်းကင်ဆာ ဖြစ်ခြင်း
 
- ရေဖျင်းစွဲခြင်း 
 
- ခန္ခာကိုယ် အနှံ့တွင် သွေးကြောများပေါက်ခြင်းကြောင့် သွေးအန်ခြင်း၊ ဝမ်းအမည်းများ သွားခြင်း 
 
- ကိုယ်တွင်းအင်္ဂါများပျက်ဆီးခြင်း 
 
ထို့ကြောင့် အရက်သောက်သုံးခြင်းကြောင့် ဖော်ပြပါ လက္ခဏာများဖြစ်ပေါ်နေပါက အမြန်ဆုံး ဆရာဝန်ဖြင့် သွားရောက်ဆွေးနွေးနိုင်ရန်အတွက် တိုက်တွန်းရေးသားဖော်ပြလိုက်ပါသည်။
 
 
(ပိုပိုလေး)

18 Jan 2021     1,479 Views




RELATED

Most Popular of Health Fix

Most Popular of Life Style