BEC-TERO TV

Yon Le Hui Club Open ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်ဗိုလ်စွဲ

26 Jan 2021     2,424 Views


(၂၀၂၁ခုနှစ်တွင် ဒုတိယမြောက် ချန်ပီယံဆုရရှိ)

=============

တရုတ်နိုင်ငံ၌ နေထိုင်ကာ ပြိုင်ပွဲများ ယှဉ်ပြိုင်နေသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော်(ခ) အားတီသည် Yon Le Hui Club Open ပြိုင်ပွဲတွင် ဗိုလ်စွဲပြီး ၂၀၂၁ခုနှစ်တွင် ဒုတိယမြောက် ချန်ပီယံဆုရယူနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲကို ဇန်နဝါရီ၂၂ရက်မှ ၂၄ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကစားသမား၈၀ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲဝင်အရေအတွက် များပြားသောကြောင့် လက်ရည်စစ်ပွဲများ ကစားစေခဲ့ပြီး နောက်ဆုံးအဆင့်ကို ကစားသမား၃၂ဦးဖြင့် ကျင်းပခဲ့သည်။ ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲတလျှောက် တရုတ်ကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး ဗိုလ်လုပွဲတွင် ကောင်ကျန်ဝူကို ၁၁-၉ ပွဲဖြင့် အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် ဗိုလ်လုပွဲတွင် အိမ်ရှင်ပရိတ်သတ်များ၏ ဖိအားကြောင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် အခက်အခဲများ ရှိခဲ့သော်လည်း အကောင်းဆုံး ကျော်ဖြတ်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သောကြောင့် ဆုကြေးအဖြစ် မြန်မာငွေကျပ်သိန်း၆၀နှင့် ညီမျှသည့် ပမာဏ ရရှိခဲ့သည်။

ဘုန်းမြင့်ကျော်သည် ယခုလအတွင်း ပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲနှစ်ခု၌ ချန်ပီယံဆုရယူနိုင်ခဲ့ပြီး ၂၀၂၁ခုနှစ်တွင် ဒုတိယအကြိမ်မြောက်ရရှိသည့် ချန်ပီယံ ဆုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ဘုန်းမြင့်ကျော်သည် ပထမဆုံးချန်ပီယံဆုကို Ai Kie Hotel Piston Open ပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - Phone Myint Kyaw

Facebook


26 Jan 2021     2,424 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS