BEC-TERO TV

လေပွခြင်း (သို့မဟုတ်) Flatulence

28 Jan 2021     2,423 Views


လေပွခြင်း ဆိုသည်မှာ ဇီဝကမ္မဖြစ်စဉ်တစ်ခုဖြစ်ပြီး လူတိုင်းကြုံတွေ့ရလေ့ရှိသည်။ ပျမ်းမျှအားဖြင့် သာမန်လူတစ်ယောက်သည် ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လေလည်လေ့ရှိပြီး အချို့သည်လည်း ဒီထက်များကြနည်းကြပါသည်။ သာမန်ထက်လွန်ကဲ၍ ကျယ်လောင်စူးရှစွာ လေလည်တတ်သူများသည် လူကြားထဲတွင်အနေခက် အထိုင်ခက်ဖြစ်ရသည်။
 

ဖြစ်ပွားရသောအကြောင်းရင်းများ

 
လေများများမျိုချမိခြင်း
 
ပုံမှန်အသက်ရှူခြင်း အစာစားခြင်းတို့တွင် လေမျိုချလေ့ရှိကြသည်။ လေများများမျိုချမိနိုင်သည့် အခြေအနေများမှာ
 
·        ပီကေဝါးခြင်း
 
·        ဆေးလိပ်သောက်ခြင်း
 
·        ဘောပင်အဖုံးစုပ်ခြင်း
 
·        အံတု သွားတုများ ချောင်နေခြင်း
 
·        အစာများကို အလောတကြီးမျိုချခြင်း တို့ဖြစ်ပါသည်။
 

လေပွစေသည့်အစားအသောက်များ

 
ခန္ဓာကိုယ်မှ စုပ်ယူရန်ခက်ခဲသည့် ကာဘိုဟိုက်ဒြိတ်ဓာတ်များပါသည့် အစာများမှာ.. 
 
·        ပဲအမျိုးမျိုး
 
·        ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်
 
·        ကြက်သွန်
 
·        ဆီးသီး
 
·        စပျစ်သီးခြောက်
 
·        ပန်းသီး
 
·        Broccoli
 
·        Fructose ဓာတ်ပါသော အစားအသောက်များ
 

ကျန်းမာရေးအခြေအနေများ

 
·        အစာမကြေခြင်း
 
·        ဝမ်းချုပ်ခြင်း
 
·        အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ရောဂါ (Irritable Bowel Syndrome)
 
·        Coeliac Disease
 
·        Lactose Intolerance (နို့တွင်ပါသော Lactose နှင့် ဓာတ်မတည့်ခြင်း)
 
·        ဝမ်းပျက်ဝမ်းလျှော
 
·        အူနံရံမှ အစာကောင်းကောင်း မစုပ်နိုင်ခြင်း
 

ဆေးဝါးများ

 
·        NSAID အမျိုးအနွယ် အကိုက်အခဲပျောက်ဆေးများ
 
·        အချို့သော ဝမ်းချူဆေးများ
 
·        မှိုသတ်ဆေးများ
 
·        Statinအုပ်စုဝင် အဆီကျဆေးများ
 

ဆရာဝန်ပြသသင့်ချိန်

 
·        တောက်လျှောက်ဗိုက်ရစ်နေပြီး ရင်ပြည့်ရင်ကယ်ဖြစ်နေခြင်း
 
·        ခဏခဏ ဝမ်းပျက်ခြင်း
 
·        အကြောင်းမဲ့ပိန်ကျသွားခြင်း
 
·        ဝမ်းမထိန်းနိုင်ခြင်း
 
·        ဝမ်းထဲသွေးပါနေခြင်း
 
·        အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ ကြွက်သားနာခြင်း အစရှိသည့် ပိုးဝင်သော လက္ခဏာများပြခြင်း
 

မည်ကဲ့သို့ထိန်းသိမ်းမည်နည်း

 
အစားအစာနှင့် လူနေမှုဘဝပြင်ဆင်ခြင်းများဖြင့် ထိန်းသိမ်းနိုင်ပါသည်။ ဥပမာအားဖြင့်... 
 
·        လေပွစေသော အစားအစာများ ရှောင်ရှားခြင်း
 
·        အစာကို နည်းနည်းနှင့် ဖြည်းဖြည်းစီ စားခြင်း
 
·        လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း
 
Charcoal tablets သို့ Simethicone အစရှိသောဆေးများ သောက်သုံးပေးနိုင်ပါသည်။ ကျန်းမာရေးအခြေအနေတစ်ခု အခံရှိပါက ပျောက်ကင်းအောင်ကုသရန် ဆရာဝန်အကူအညီလိုအပ်ပါသည်။
 
 
Credit: 

28 Jan 2021     2,423 Views




RELATED

Most Popular of Health Fix

Most Popular of Life Style