BEC-TERO TV

ဆံပင်နှင့် ပတ်သက်တဲ့ အမှားအမှန်တွေ

02 Feb 2021     49,177 Views


၁။ ဘီယာဟာ ဆံပင်သားကို ကောင်းမွန်စေပါတယ်။ (မှန်)

 
          ဘီယာမှာပါဝင်တဲ့ ဓာတ်တွေဟာ ဆံပင်သားကို အရောင်ပြောင်လက်စေပါတယ်။
 

၂။ ဗီနီဂါဟာ ဆံပင်သားကို ပိုမိုတောက်ပစေပါတယ်။ (မှန်)

 
          ဗီနီဂါရည်နဲ့ ဆံပင်သားတွေကို ဆေးကြောပေးမယ်ဆိုရင် ဆံပင်တစ်မျှင်ချင်းစီကို အရောင်တောက်ပစေပါလိမ့်မယ်။
 

၃။ ဆံပင်အဖျား နှစ်ခွဖြစ်တာကို ညှပ်မပစ်ဘဲ ပြန်လည်ပြုပြင်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ (မှား)

 
          ဆံပင်အဖျားနှစ်ခွဖြစ်ရင် အဲဒီအထက်နားကနေ အဖျားနှစ်ခွရှိတဲ့ ဆံပင်မျှင်ကို ညှပ်ပြီး ဖယ်ရှားပစ်ဖို့အပြင် မရှိပါဘူး။ နောက်ထပ် ဒါမျိုးမဖြစ်အောင်တော့ ဆံပင်သားကို ပုံမှန်ထိန်းသိမ်းမှု ပြုလုပ်ပေးရမှာပါ။
 
၄။ ရှောက်ရည်ဟာ ဆံပင်သားကို အရောင်ပြောင်းစေနိုင်တယ်။ (တချို့တဝက် မှန်ပါတယ်)
 
          ရှေးယခင်က ဒီလိုယူဆခဲ့ကြပေမယ့် အခုတော့ ရှောက်ရည်တစ်မျိုးတည်းနဲ့မကဘူး။ နေရောင်ခြည်ဒဏ်ကြောင့်လည်း ဆံပင်အရောင် ပြောင်းလာနိုင်ပါတယ်ဆိုတာ သိလာကြပါတယ်။
 

၅။ ဆံပင်အဖျားတွေကို ပုံမှန်တိပေးတာက ဆံပင်အရှည်မြန်စေတယ်။ (မှား)

 
          ဆံပင်သားရှင်သန်ဖို့အတွက်ကတော့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စားသုံးတဲ့အာဟာရဓာတ်တွေပေါ်မှာ အဓိကမူတည်နေတာပါ။ ကျန်းမာပြီး အာဟာရဓာတ်ပြည့်ဝစွာ မှီဝဲတဲ့သူဟာ ကျန်းမာတဲ့ဆံသားကို ရရှိစေမှာပါ။ ဆံပင်ကတော့ ပုံမှန်တလကို လက်မဝက်လောက် ရှည်ထွက်လာနေပါလိမ့်မယ်။
 

၆။ ရေခဲရေနဲ့ ခေါင်းလျှော်ရင် ဆံပင်သားနက်ပြောင်လာပါလိမ့်မယ်။ (မှား)

 
          ဆံပင်ကို ရေခဲရေနဲ့ လျှော်ပေးရင် ဦးရေပြားမှာ လန်းဆန်းတဲ့ ခံစားမှုတွေသာ ရရှိစေပါလိမ့်မယ်။ ဒါပေမယ့် ဆံသားနက်ပြောင်လာတယ်ဆိုတာမျိုး မရှိပါဘူး။
 

၇။ ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာ ဆံပင်ဆေးဆိုးတာ အန္တရာယ်ရှိတယ်။ (မှား)

 
          ဒီလိုမျိုးတရားသေယူဆခဲ့ရင် မှားပါတယ်။ ဒီအဆိုဟာ မှန်တယ်လို့ သက်သေပြစရာတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ ဆံပင်ကို သုံးလ တကြိမ်လောက် ဆေးဆိုးနေခဲ့မယ်ဆိုရင်တော့ မိမိရဲ့အရေပြားကောင်း၊ မကောင်းကို ဆရာဝန်ထံ ကြိုတင်စစ်ဆေးသင့်ပါတယ်။
 

၈။ ဆံပင်ကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးသင့်တယ်။ (မှန်)

 
          ဆံပင်ကို နေလောင်ခဲ့မယ်ဆိုရင် အရောင်မွဲခြောက်လာပါလိမ့်မယ်။ ဒါကြောင့်မို့ ထီးဆောင်းတာအပြင် UVA နဲ့ UVB တို့ကို ကာကွယ်နိုင်တဲ့ ခေါင်းလိမ်းဆီတစ်မျိုးမျိုး လိမ်းထားပေးသင့်ပါတယ်။
 

၉။ ရေကူးကန်ထဲက ရေမှာ ဓာတုပစ္စည်းတွေဟာ ဆံပင်သားကို အစိမ်းရောင်ကို ပြောင်းလာစေပါတယ်။ (မှန်)

 
          အများသိတဲ့အတိုင်း ရေကူးကန်ထဲကရေဟာ ကလိုရင်းဓာတ်များစွာ ပါဝင်ပြီး ဆံပင်ကို အရောင်ပြောင်းစေပါတယ်။ ဒါကြောင့်မို့ ခေါင်းစွပ်စွပ်ပြီးမှ ရေကူးသင့်ပါတယ်။ ပြီးရင် ရေကူးပြီးတိုင်း ခေါင်းလျှော်ပေးရပါလိမ့်မယ်။
 
Credit:

02 Feb 2021     49,177 Views




RELATED

Most Popular of Health Fix

Most Popular of Life Style