BEC-TERO TV

မသိလိုက်မသိဖာသာလုပ်မိနေတဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့အပြုအမူများ

04 Feb 2021     48,266 Views


ရောဂါဘယတွေများစွာရှိပါတယ်။ ကူးစက်ရောဂါ၊ မကူးစက်နိုင်တဲ့ရောဂါ၊ နာတာရှည်ရောဂါ စသည်ဖြင့် အုပ်စုတွေအမျိုးမျိုးခွဲခြားနိုင်တယ်။ ရောဂါတွေဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ ကျွန်တော်တို့နေ့စဉ် ကိုယ့်ကိုယ်ကို သတိမထားမိဘဲ အမှတ်တမဲ့ လုပ်မိနေတဲ့ အပြူအမူတွေလည်းအများကြီးရှိနေပါတယ်။ ဒီအထဲကမှ တွေ့ရများတဲ့ တချိုကို့ဖော်ပြပေးလိုက်ပါတယ်။
 
လက်ဆစ်ချိုးတတ်သူ - လက်ဆစ်တွေအကြောင်းမရှိဘဲ တစ်ချိန်လုံး တစ်ဖြောက်ဖြောက်နဲ့ ချိုးနေတာက ကိုယ်ကိုယ်တိုင်အတွက်သာမက ကိုယ့်ဘေးနားကသူတွေကိုပါအနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုချိုးဖန်များလာရင် အဆစ်အမြစ်တွေရောင်ရမ်းလာပြီး အချိန်နဲ့ အမျှအားနည်းလာနိုင်ပါတယ်။ သို့ပေမဲ့ အဆစ်အမြစ်ရောင်ရောဂါအထိတော့မဖြစ်ပါဘူး။
 
လက်သည်းကိုက်တတ်သူ - အကိုက်ခံရတဲ့လက်သည်းလည်းပျက်စီးသလို လက်သည်းအောက်ကအရေပြားတွေလည်းပွန်းပဲ့ကုန်တာမို့ ပိုးဝင်ရောက်လွယ်ပါတယ်။ လက်သည်းကိုက်တဲ့သွားလည်းကြာလာရင်ပျက်စီးလာပါတယ်။ လက်ဆိုတာ ပစ္စည်းအကုန်ကိုက်တွယ်ရတာမို့ ဒီလက်ကိုပါးစပ်ထဲခဏခဏထည့်သူတွေဟာ မကြာခဏ အအေးမိ၊ နှာစေးတာ ဖျားနာမှုတွေကြုံရတတ်ပါတယ်။
 
အိပ်ချိန်နည်းသူ - အိပ်ရေးမဝရင်လူက လန်းလန်းဆန်းဆန်းမဖြစ်သလို တစ်ခါတစ်လေ ဖုတ်ကောင်ပုံတောင်ပေါက်နေတတ်ပါတယ်။ ကျန်းမာရေးအရကြည့်ရင်လည်း အိပ်ရေးမဝရင် သွေးပေါင်ချိန်တက်လာတာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ စိတ်ကျရောဂါ တွေပါဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင်မှတ်ဉာဏ်စွမ်းရည်ကိုလည်းထိခိုက်နိုင်ပါတယ်။
 
နားကျပ်တပ်ပြီး သီချင်းအကျယ်ကြီးနားထောင်တာ - မြူးကြွတဲ့သီချင်းတွေနားထောင်ရတာ စိတ်ခံစားမှုအပေါ်ကောင်းတဲ့သက်ရောက်မှုရှိတာမှန်ပါတယ်။ သို့ပေမဲ့ ရံဖန်ရံခါပဲကောင်းပါတယ်။ ခဏခဏဒီလိုနားထောင်နေမယ်၊ အသံကိုလည်းအသားကုန်ကျယ်ထားမယ်ဆိုရင် အသက်ကြီးလာရင် နားကြားကိရိယာတပ်ထားရတဲ့ဘဝရောက်သွားပါလိမ့်မယ်။ တစ်နေ့ကို တစ်နာရီထက် ပိုပြီး နားကျပ်တပ်သီချင်းနားမထောင်ပါနဲ့။
 
မအိပ်ခင် ဖုန်းပွတ်တတ်တာ - ဖုန်းကထွက်တဲ့ရေဒီယိုလှိုင်းတွေကြောင့်မဟုတ်ပါဘူး။ ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာတွေမျက်နှာပြင်ကထွက်တဲ့ အလင်းရောင်က အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်မအိပ်ခင်အနည်းဆုံး တစ်နာရီလောက်ကတည်းက ကြိုပြီး ဒီပစ္စည်းတွေမသုံးဖို့အကြံပြုချင်ပါတယ်။ ဖုန်းအကြည့်များပြီး အိပ်ချင်လာတာက ကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး။ ပြောရရင် ကိုယ့်ခန္ဓာကိုယ်က လုံးဝကိုတောင့်မခံနိုင်တော့လို့ အားအင်ကုန်ခမ်းသွားတာပဲဖြစ်ပါတယ်။
 
အထိုင်များတာ - နောက်ဆုံးလေ့လာမှုတွေအရ တစ်နေ့ကို ၈ နာရီထိုင်ခြင်းက သွေးတိုး၊ နှလုံး၊ ဆီးချို၊ အဝလွန်ရောဂါဖြစ်ပွားမှုကို ၂၀% လောက်တက်လာစေတယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ ယနေ့ခေတ်ရဲ့ အလုုပ်သဘောအရကို ရုံးမှာထိုင်လုပ်ရတဲ့အလုပ်က များလာတာမို့ လုံးဝရှောင်လွှဲလို့တော့မရပါဘူး။ အလုပ်ချိန်မှာ တောက်လျှောက်ထိုင်မနေဘဲ မကြာခဏအပေ့ါအပါးသွားပေးခြင်း၊ တစ်နာရီကို ၁၀ မိနစ်လောက် မတ်တတ်ရပ်ပြီး အလုပ်လုပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
 
အစားကိုမြန်မြန်စားတာ - အစားကိုခပ်သုတ်သုတ်စားခြင်းဖြင့် ဗိုက်ပြည့်တယ်လို့မခံစားရစေပါဘူး။ ဒ့ါကြောင့် စားသင့်တာထက်ပိုများများထပ်စားမိစေတယ်။ အစားကို ဖြည်းဖြည်းနဲ့မှန်မှန်စားသုံးပေးခြင်းက အစာခြေဖျက်ဖို့ အချိန်ပိုထွက်လာစေပြီး ဗိုက်လည်းပြည့်စေပါတယ်။ ဒါ့ကြောင့် ဘာစားစား နည်းနည်းနဲ့ မှန်မှန်စားပါ၊ သေချာဝါးစားပေးပါ။
 
အသင့်စားအစားအသောက်တွေစားတာ - ဟမ်ဘာဂါတွေ၊ ဟော့ဒေါ့တွေ၊ အချိုရည်တွေက သရေယိုစရာကောင်းတာမှန်ပေမဲ့ တခါတလေလောက်သာစားပါ။ ဖြစ်နိုင်ရင်တော့ လုံးဝရှောင်ပါ။ ဒီလိုမုန့်တွေစားလိုက်တာနဲ့ ပါဝင်တဲ့သကြားဓာတ်က သွေးထဲကိုလျှင်မြန်စွာပဲဝင်ရောက်သွားတယ်၊ လိုအပ်တာထက်ပိုလျှံလာတဲ့သကြားဓာတ်ကို ခန္ဓာကိုယ်ကလည်း မသုံးစွဲနိုင်တဲ့အခါ အဝလွန်တာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ နောက်ကလိုက်လာပါတော့တယ်၊ အချိုဓာတ်ချင်းအတူတူ သဘာဝသစ်သီးဝလံတွေကိုသာ စားသုံးပေးသင့်ပါတယ်။
 
Credit: 

04 Feb 2021     48,266 Views




RELATED

Most Popular of Health Fix

Most Popular of Life Style