BEC-TERO TV

ဟောလိဝုဒ် TCL ၌ အမှတ်အသားချန်ခဲ့တဲ့ Hunger Games သရုပ်ဆောင်များ

11 Nov 2015     1,391 Views


ဟောလိဝုဒ် TCL ၌ အမှတ်အသားချန်ခဲ့တဲ့ Hunger Games သရုပ်ဆောင်များ

                         The Hunger Games မှ အဓိကသရုပ်ဆောင်များဖြစ်သော ဂျနီဖာလောရင့်စ်၊ လီယမ်ဟမ်းစ်ဝေါ့သ်နှင့်ဂျို့ရှ်ဟက်ချာဆန်တို့ သည် အောက်တိုဘာ ၃၁ ရက်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည်နယ် လော့စ်အန်ဂျလိစ် မြို့ဟောလိဝုဒ်ရှိ TCL တရုတ်ရုပ်ရှင်ရုံရှေ့ အင်္ဂတေ ထက်၌ ၎င်းတို့၏ခြေရာလက်ရာ များကို အမှတ်တရ သင်္ကေတများအဖြစ် ခတ်နှိပ်ခဲ့ကြ သည်။

                     The Hunger Games ဇာတ် ကားဖြင့် တစ်ဟုန်ထိုးနာမည် ကျော်ကြားလာသော သရုပ် ဆောင်မင်းသမီးဂျနီဖာလောရင့်စ် သည် ယင်းဇာတ်ကားစီးရီး၏ နောက်ဆုံးဖြစ်မည့် Mockingjay -Part 2 ဇာတ်ကားသစ်ရုံတင်ပြ သမှုမတိုင်မီ သီတင်းပတ်အနည်း ငယ်အလိုတွင် ကျင်းပပြုလုပ် သော အဆိုပါအခမ်းအနားသို့ ၎င်း ၏ တွဲဖက်အမျိုးသားသရုပ်ဆောင် နှစ်ဦးနှင့်အတူ တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနား တွင် The Hunger Games သရုပ် ဆောင်များသည် အင်္ဂတေပေါ်၌ ၎င်းတို့၏ခြေရာလက်ရာများချန်၍ အမှတ်တရလက်မှတ်ရေးထိုးပြီး အမှတ်အသားပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် (၂၅)နှစ်အရွယ်ရှိ အော်စကာဆုရ သရုပ်ဆောင် မင်းသမီးဂျနီဖာလောရင့်စ်က ‘‘Hunger Games အဖွဲ့သားအား လုံးကိုယ်စား ကျွန်မပြောနိုင်တာ က ကျွန်မတို့အားလုံး ပရိသတ်ကြီး ကို အရမ်းကျေးဇူးတင်တယ်ဆို တာပါပဲ’’ဟု ပြောကြားခဲ့သည်။

                  ဂျနီဖာလောရင့်စ်သည် Hunger Games ရုပ်ရှင်ဇာတ်ကားစီးရီး များဖြင့် အထူးအောင်မြင်ကျော် ကြားပြီး ၂၀၁၅ တွင် ဝင်ငွေ အကောင်းဆုံးအက်ရှင်မင်းသမီး ဖြစ်ခဲ့သည်။ ယင်းဇာတ်ကားဖြင့်နာမည် ကျော်ကြားလာခဲ့သော အသက် (၂၃)နှစ်အရွယ်ရှိ သရုပ်ဆောင် မင်းသားဂျို့ရှ်ဟက်ချာဆန်က ‘‘အစကတည်းက အားပေးလာခဲ့ တဲ့ The Hunger Games ပရိ သတ်ကြီးကို အထူးကျေးဇူးတင်ပါ တယ်။

                 ဒီလိုသတင်းစာရှင်းလင်းပွဲ တွေလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ တွေ ရှေ့ဆက်နိုင်အောင် ပရိ သတ်ကြီးက ခွန်အားတွေပေးပါ တယ်။ ဒါဟာ ကျွန်တော်တို့အား လုံးအတွက် အဓိပ္ပာယ်အများကြီး သက်ရောက်ပါတယ်’’ဟု ပြော ကြားခဲ့သည်။


11 Nov 2015     1,391 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment