BEC-TERO TV

၂၀၁၆ ခုနှစ် ပရီးမီးယားလိဂ် ဆောင်းရာသီ အပြောင်း အရွှေ့ကာလ ၏ တန်ဖိုး အမြင့်ဆုံး အပြောင်းအရွှေ့ (၁၀) ခု

03 Feb 2016     1,376 Views


၂၀၁၆ ခုနှစ် ပရီးမီးယားလိဂ်ဆောင်းရာသီ အပြောင်းအရွှေ့ကာလ ပြီးဆုံးခဲ့ပြီ ဖြစ်သောကြောင့် အပြောင်းအရွှေ့ ကာလတွင် တန်ဖိုးအမြင့်ဆုံးသော အပြောင်းအရွှေ့

၁ . ရာမီးရက်စ် ( ချယ်ဆီးလ် မှ ဂျီအန်းဆု ဆူနင်, ယူရို ပေါင် ၂၅ သန်း )
ပရီးမီးယားလိဂ် ကြယ်ပွင့်များဖြစ်ကြတဲ့ ပေါ်လင်ညို ၊ ဂျာဗင်ညို နှင့် ဒမ်ဘားဘား တို့လက်ရှိ ကစားလက်ရှိသော တရုတ် စူပါလိဂ် သို့ ယူရိုပေါင် ၂၅ သန်းဖြင့် ရာမီးရက်စ် ပြောင်းရွှေ့ခဲ့ခြင်းမှာ ၂၀၁၆ ခုနှစ် ပရီးမီးယားလိဂ် ဆောင်းရာသီ အပြောင်းအရွှေ့ကာလ ရဲ့ တန်ဖိုးအကြီးမားဆုံးသော အပြောင်းအရွှေ့ တစ်ရပ်ဖြစ်ခဲ့သည် ။ မြင့်မားသော ပြောင်းရွှေ့ကြေးကြောင့် အသင်းနည်းပြ ဂူစ်ဟစ်ဒင့် ရဲ့ဆုံးဖြတ်ချက်အတိုင်း အသင်းအတွက် ကာလ ကြာရှည်စွာဖြင့် ကွင်းလယ် တိုက်စစ်တွင် နေရာယူကစားခဲ့တဲ့ ရာမီးရက်စ် အနေဖြင့် ချယ်ဆီးလ် နှင့် လမ်းခွဲခဲ့သည် ။

၂ . ဂီယန်နယ်လီ အင်ဘူလာ ( ပေါ်တို မှ စတုတ် , ယူရိုပေါင် ၁၈.၃ သန်း )
စတုတ်စီးတီး အနေဖြင့် ၎င်းတို့ရဲ့အသင်းပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်ခဲ့ပြီး ပေါ်တို အသင်းရဲ့ ကွင်းလယ် ကစားသမား အင်ဘူလာ ကို အပြောင်းအရွှေ့ကာလ ရဲ့ နောက်ဆုံး ရက်မှာ သဘောတူ ခေါ်ယူခဲ့သည် ။ အသက် ၂၃ နှစ် အရွယ်ရှိ အင်ဘူလာ အနေဖြင့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာခဲ့သော ကွင်းလယ်ကစားသမားဟောင်း စတင်ဗင် အန်ဇွန်ဇီ နေရာတွင် အစားထိုးရန်အတွက် စတုတ် အသင်းမှ ခေါ်ယူခဲ့ခြင်း ဖြစ်သည် ။ ပြင်သစ် U-21 အသင်း၏ လက်ရွေးစင် ဟောင်း အင်ဘူလာ အနေဖြင့် ၎င်း ၏ အနီး ၊ အဝေး ဘောလုံးဖြန့်ကျက်နိုင်မှုကောင်းသော စွမ်းရည်ဖြင့် အသင်းနည်းပြ၏ ချီးမွမ်းမှုကို ရယူနိုင်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်သည် ။

၃ . အိုမာ နီအက်စ်စီ ( လိုကိုမိုတစ် မော်စကို မှ အဲဗာတန် , ယူရိုပေါင် ၁၃.၅ သန်း )
ဆောင်းရာသီ အပြောင်းအရွှေ့ကာလ ၏ နောက်ဆုံးနေ့တွင် အဲဗာတန် အနေဖြင့် ပြောင်းရွှေ့ကြေး ယူရို ပေါင် ၁၃.၅ သန်း အသုံးပြုပြီး လိုကိုမိုတစ် တိုက်စစ်မူး အိုမာ နီအက်စီ ကို ခေါ်ယူနိုင်ခဲ့သည် ။ အသက် ၂၅ နှစ် အရွယ်ရှိ ဆီနီဂေါ နိုင်ငံသား သည် ယခုနှစ် ရာသီတွင် ရရှား အသင်းအတွက် ၂၃ ပွဲ ပါဝင်ကစား ထားပြီး ၁၃ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့အတွက် အဲဗာတန် နည်းပြ ရိုဘတ်တို မာတီနက်စ် အနေဖြင့် အိုမာ သည် ပရီးမီးယား လိဂ်တွင်ပါ ခြေစွမ်းပြနိုင်မည် ယုံကြည်လျက်ရှိသည် ။

၎ . အန်ဒရို့စ် တောင်းဆန် ( စပါး မှ နယူးကာဆယ် , ယူရိုပေါင် ၁၂ သန်း )
စပါးအသင်း အနေဖြင့် တောင်းဆန် နှင့် ပါတ်သက်၍ ပြောင်းရွှေ့ကြေးအား ရက်သတ္တပါတ် အတန်ကြာ ငြှိနှိုင်း တောင်းဆိုမှုများကို ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ယူရိုပေါင် ၁၂ သန်းဖြင့် နယူးကာဆယ်အသင်းမှ ခေါ်ယူနိုင်ခဲ့သည် ။ စပါးအသင်း၏ တောင်ပံ ကစားသမားဟောင်းသည် အသင်းမှထွက်ခွာပြီးနောက် နောက် စိန့်ဂျိမ်းပက်ခ် တွင် ခြေစွမ်းပြကာ ယူရို ၂၀၁၆ ခုနှစ် တွင် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားနိုင်ရန်အတွက် အင်္ဂလန်အသင်းနည်းပြ ရွိုင်ဟော့ဆန် သဘောတွေ့စေရန်ပါ စွမ်းဆောင်သွားမည် ဟုသိရသည် ။

၅ . ဂျွန်ဂျို ရှယ်လ်ဗီ ( ဆွမ်စီး မှ နယူးကာဆယ် , ယူရိုပေါင် ၁၂ သန်း )
နယူးကာဆယ် အသင်းအနေဖြင့် တောင်းဆန် အား ခေါ်ယူမှုများ မပြုလုပ်မှီ (၂) ပါတ် အခန့်တွင် ရှယ်ဗီ အား ဆွမ်စီး အသင်းမှ ပြောင်းရွှေ့ကြေး ပေါင်း ၁၂ သန်း ဖြင့် ခေါ်ယူမှုကို ပြုလုပ်ခဲ့သည် ။ ဆွမ်းစီး အသင်းတွင် ရုန်းကန်မှုများရှိခဲ့သော ချာလ်တန် နှင့် လီဗာပူး နောက်ခံလူ ရှယ်လ်ဗီ သည် ပြီးခဲ့သော နယူးကာဆယ် နှင့် ဝက်စ်ဟမ်း ပွဲတွင် ၂ - ၁ ဖြင့် အနိုင်ယူကာ ပြောင်းရွှေ့ကြေး တန်ဖိုးအား သက်သေပြနိုင်ခဲ့သည် ။ ရှယ်ဗီ သည်လည်း တောင်ဆန်ကဲ့သို့ပင် အင်္ဂလန်လက်ရွေးစင် အသင်းတွင် ပါဝင် ကစားနိုင်ရန်အတွက် ရည်မှန်းလျက်ရှိသည် ။

၆ . ဘန်းနစ် အက်ဖိုဘီး ( ဝုဖ် မှ ဘုန်းမောက် , ယူရိုပေါင် ၁၀ သန်း )
၂၀၁၅ ခုနှစ် အတွင်း ပရီးမီးယားလိဂ် တွင် အက်ဖိုဘီး သည် ၂၂ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဂိုးသွင်းအများဆုံး စာရင်းတွင် အဆင့် (၅) နေရာတွင် နေရာယူနိုင်ခဲ့သည့် အတွက် ဘုန်းမောက် အသင်းနေဖြင့် အသင်း၏ ပြောင်းရွှေ့ကြေး စံချိန်ကို ချိုးကာ ဝုဖ် အသင်းမှ ယူရိုပေါင် ၁၀ သန်းဖြင့် ဝယ်ယူခဲ့သည် ။ ဘုန်းမောက် အသင်း နှင့် ကစားခဲ့သော ပွဲ (၃) ပွဲတွင် အာဆင်နယ် ၏ လူငယ်ကစားသမားဟောင်း သည် အသင်းအတွက် ၂ ဂိုးအထိ သွင်းယူထားပြီး အသင်းနည်းပြ အက်ဒီ ဟောင်း၏ ယုံကြည်မှုကို ရယူနို်င်ထားသည် ။ ယခု ခြေစွမ်း အတိုင်းဆက်လက် ထိန်းသိမ်းထားနိုင်ပါက သူ၏ ပြောင်းရွှေ့ကြေးထက်မက ပိုမိုစွမ်းဆောင်နိုင်ကြောင်းကို သက်သေပြနိုင်မည် ဖြစ်သည် ။

၇ . ဝါးဘီး ကဇ်ရီ ( ဘိုဒီးရက်စ် မှ ဆန်းဒါးလန်း , ယူရိုပေါင် ၉ သန်း )
တူနီးရှား အလန်းတန်း တိုက်စစ် ကစားသမားအား ဘိုးဒီဒရက်စ် မှ Stadium of Light ကစားကွင်းသို့ ခေါ်ယူမှုသည် ၂၀၁၆ ခုနှစ် ပရီးမီးယားလိဂ် ဆောင်းရာသီ အပြောင်းအရွှေ့ကာလ ၏ ဈေးအကြီးဆုံး စားရင်းတွင် ပါဝင်ခဲ့သည် ။ ၂၄ နှစ်အရွယ် ရှိ ကဇ်ရီသည် ပြင်သစ်လိဂ်တွင် ပွဲ (၂၀) ပါဝင်ကစားထားပြီး ၅ ဂိုးသွင်း (၇) ဂိုးဖန်းတီးထားသော ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး စမ်အက်လာဒိုက်စ် အနေဖြင့် သူ၏ တည်ငြိမ်မှု , ဖန်းတီးပေးပို့နိုင်မှု နှင့် ဂိုးသွင်းယူနိုင်သော စွမ်းရည်များကို ပြောင်းရွှေ့ကြေးမြင့်မြင့် ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည် ။

၈ . အဲလ်ဘတ်တို ပါလိုချီ ( ချီယေဗို မှ ဆွမ်စီး , ယူရိုပေါင် ၈ သန်း )
ဆွမ်စီး နည်းပြသစ် ဖရန်စစ်ကို ဂူလ်ဒိုလင် ၏ ပထမ ဦးဆုံး ကစားသမား ခေါ်ယူမှု အနေဖြင့် သူ နှင့် နိုင်ငံတူ ကစားသများ ဖြစ်သော ပါလိုချီအား Liberty Stadium သို့ ခေါ်ယူခဲ့ခြင်းဖြစ်သည် ။ ဂူလ်ဒိုလင် အနေဖြင့် အီတလီ U21 အသင်းတိုက်စစ်မူးဟောင်း နှင့် အတူ ပါးမား အသင်းတွင် (၂) နှစ်ကြာ လက်တွဲခဲ့ဖူးပြီး ဆွမ်းစီး အသင်းနေဖြင့် ထိုတိုက်စစ်မှုးအတွက် ယူရိုပေါင်း ၈ သန်း အသုံးပြုစရိတ် ခွင့်ပြုပေးခဲ့သည် ။

၉ . စတီဗန် နာအီစမစ် ( အဲဗာတန် မှ နော်ဝှစ် , ယူရိုပေါင် ၈ သန်း )
နော်ဝှစ် အသင်းနေဖြင့် တန်းဆင်းဇုန် အန္တရယ်မှ ရုန်းကန်ရန်အတွက် ၂၉ နှစ် အရွယ်ရှိ အဲဗာတန် ဝါရင့်ကွင်းလယ်ယူ အား ယူရိုပေါင် ၉ သန်း အသုံးပြု၍ စာချုပ်ချုပ်ဆိုခဲ့သည် ။ အဲဗာတန် အသင်းအတွက် ၁၂၃ ပွဲကစားပေးခဲ့ပြီး ၂၅ ဂိုးသွင်းယူပေးနိုင်ခဲ့သော နာအီစမစ် အနေဖြင့် ပြီးခဲ့သော လီဗာပူးအား ၅ - ၄ ဖြင့်ရှုံးနိမ်းခဲ့သော ပွဲတွင် Man-of-the-Match ရယူကာ ပြောင်းရွှေ့ကြေးနှင့် တန်သော ခြေစွမ်းကို ပြသနိုင်ခဲ့သည် ။

၁၀ . တင်း ကလိုဆေး ( ဝုဖ်ဘတ် မှ နော်ဝှစ် , ယူရိုပေါင် ၇.၆ သန်း )
နော်ဝှစ် အသင်းနေဖြင့် ခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ဆွစ်ဇလန် လက်ရွေးစင်အသင်း၏ ဗဟိုခံစစ် ကစားသမားဖြစ်သော ကလိုဆေးအား ဝုဖ်ဘတ် အသင်းမှ ဝယ်ယူနိုင်ခဲ့သည် ။ “ ကစားသမားတစ်ဦး အနေဖြင့် , ကျွမ်းကျင်မှုပိုင်းသာမက ကြံ့ခိုင်ရေးပိုင်းပါ အလွန်ကောင်းမွန်ပါတယ် “ ဟု အဲလက်စ် နေးလ် မှ ပြောဆိုခဲ့ပြီး “ ပရီးမီးယား လိဂ်တွင် ကစားဖို့မှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်ဖြစ်ပြီး နော်ဝှစ် အသင်းနေဖြင့် ကျွန်တော့်ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ကျွန်တော့် ရဲ့ စွမ်းရည် စွမ်းအား အားလုံးကို အသုံးပြုပြီး ပရီးမီးယား လိဂ်မှာ အကောင်းဆုံးကစားသွားမှပါ “ ဟု ကလိုဆေးမှ ဖြည့်ဆွက်ပြောဆိုခဲ့သည် ။


03 Feb 2016     1,376 Views




RELATED

Most Popular of Football

Most Popular of Sport