BEC-TERO TV

ဂျပန် မြန်မာ ပွဲတော်

09 Feb 2016     1,454 Views


ဂျပန်-မြန်မာ ပွဲတော် 2016

                      2014 ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်ခဲ့သော ဂျပန်-မြန်မာ ပွဲတော်မှာ တစ်ခဲနက် လာရောက်အားပေးခဲ့ကြတဲ့အတွက်ဒီနှစ်တွင်လည်း ဂျပန်-မြန်မာ ပွဲတော် 2016 ကို အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေထွဋ်တင်(Sky Star Hotel အနီး)တွင်ကျင်းပသွားမှာဖြစ်လို့ သိရပါတယ်။ ယခုနှစ်မှာတော့ ဂျပန်နိုင်ငံ၏ နာမည်ကြီးအဆိုတော် Hirahara Ayaka ၏ဖျော်ဖြေတင်ဆက်မှု၊ ဂျပန်နိုင်ငံ၏ ချစ်စဖွယ် မိန်းကလေးငယ်များဖြစ်သော TEMPURA KIDZ ( Japan Dancer) များ၏ မြူးကြွသွက်လက်သော ကကွက်ဆန်းများ တင်ဆက်မှုနှင့်အတူ မြန်မာနိုင်ငံ၏ နာမည်ကြီးအနုပညာရှင်များဖြစ်သော Ni Ni Khin Zaw, AR-T, Thar Thar, Mi Sandi, Ah Moon အစရှိသော ဖျော်ဖြေမှုများ၊ နာမည်ကြီး ဂီတမှူး အကယ်ဒမီ ဒီရာမိုရ် မှ ဦးစီး၍ ဂျပန်နိုင်ငံ သမိုင်းဝင်ရုပ်ရှင်ဒရာမာ Ryomaden the Legend ဇာတ်ကား၏ ဇာတ်ဝင်တေးအား မြန်မာ့ရိုးရာဆိုင်းဝိုင်းများဖြင့် တီးခတ်ဖျော်ဖြေတင်ဆက်မှုတို့အပါအ၀င် အထူးအစီအစဉ် အနေဖြင့် Hirahara Ayaka နှင့် နီနီခင်ဇော်တို့၏ အတူယှဉ်တွဲဖျော်ဖြေမှုတို့အားတွေ့ရမှာဖြစ်ပါတယ်။

နေ့ရက် - 2016.2.28 (Sun)

အချိန် - 12:00 Pwe Taw starts 19:00 Stage Show starts

နေရာ - အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေထွဋ်တင် (Sky Star Hotel အနီး)၊ တာမွေ။

                          *၀င်ကြေးအခမဲ့ *ဂျပန်အစားအစာများလည်း ၀ယ်ယူသုံးဆောင်နိုင်ပါသည်။ *လူကြီးလူငယ်မရွေး ပါဝင်ပျော်ရွှင်နိုင်ပါသည်။ ဂျပန်-မြန်မာ ပွဲတော် 2016 ဖေဖော်ဝါရီလ 28 ရက်နေ့ တွင် အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေထွဋ်တင် (Sky Star Hotel အနီး)မှာ ကျင်းပပြုလုပ်မယ့် ဂျပန်-မြန်မာ ပွဲတော် 2016 ကို နေ့လည် 12 နာရီမှာစတင်ပါမည်။ ထူးခြားဆန်းသစ်တဲ့ အနုပညာရှင်များ၏ ဖျော်ဖြေမှုများကိုတော့ ည ၇ နာရီမှာ ကျင်းပပေးသွားမှာပါ။ အနုပညာရှင်များ၏ ဖျော်ဖြေမှုအစီစဉ်များနဲ့မိတ်ဆက်ပေးပါရစေ။ 6:55PM ပွဲတော်စတင်ခြင်း 7:05PM-7:35PM TEMPURA KIDS အဖွဲ့၏ အက ဖျော်ဖြေမှု 7:40PM-8:10PM ၀တ်စားဆင်ယင်မှု ပြပွဲ 8:10PM-8:40PM Thar Thar & Ah Moon တို့၏ ဖျော်ဖြေမှု 8:45PM-9:00PM MNTV မိတ်ဆက်၊ ဂျပန်ရုပ်သံအစီစဉ်များမိတ်ဆက်ခြင်း နှင့် မြန်မာရိုးရာ တူရိယာ ဖျော်ဖြေခြင်းအစီစဉ် 9:10PM-9:40PM AR-T နှင့် မိစန္ဒီ တို့၏ ဖျော်ဖြေမှု 9:45PM-10:15PM ဂျပန်အဆိုတော် Ayaka Hirahara ၏ ဖျော်ဖြေမှု 10:15PM-10:45PM Ni Ni Khin Zaw ၏ ဖျော်ဖြေမှု 10:50PM-10:55PM Ni Ni Khin Zaw နှင့် Ayaka Hirahara တို့၏ ဖျော်ဖြေမှု 10:55PM-11:00PM ပွဲတော်ပြီးဆုံးခြင်း အစီစဉ် တို့ ပြုလုပ်မှာဖြစ်ပါတယ်။


09 Feb 2016     1,454 Views




RELATED

Most Popular of Concerts & Events

Most Popular of Entertainment