BEC-TERO TV

စာချုပ် သက်တမ်း မကုန်မှိ အသင်း ပြောင်းမည့် ရော်နယ်ဒို

09 Feb 2016     1,367 Views


စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုက စာချုပ်သက်တမ်း မကုန်ခင်အထိ အသင်းပြောင်းမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၁၈ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် စီ ရိုနယ်ဒိုကို အသင်းဟောင်း မန်ယူနဲ့ ပြင်သစ် နာမည်ကျော် ကလပ် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ မကြာခဏ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရီးရဲလ်မှာ နောက်ထပ် ၂ နှစ်လောက် ဆက်ပြီး နေဦးမှာပါ။ စာချုပ်သက်တမ်း ကုန်တဲ့အထိပေါ့လို့ ပေါ်တူဂီ တိုက်စစ်မှူးက ပြောပါတယ်။

သူဟာ ရီးရဲလ်ကို ၂၀၀၉ မှာ မန်ယူကနေ ပြောင်းရွှေ့လာတာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက သွင်းဂိုး ၄၈ ဂိုးနဲ့ ဂိုးသွင်း အများဆုံးသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

တိုက်စစ်မှူးဟာ ရီရဲလ်မှာ ကစားတဲ့ ပွဲပေါင်း ၂၂၃ ပွဲမှာ ၂၄၄ ဂိုး သွင်းယူပေးထားပြီး ကမာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၃ ကြိမ် ရယူထားပါတယ်။


09 Feb 2016     1,367 Views




RELATED

Most Popular of Football

Most Popular of Sport