BEC-TERO TV

ကြက်သား ဒံပေါက်ကို အိမ်မှာ ချက်စားကြစို့

11 Feb 2016     3,030 Views


ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက် တွေမှာ မိသားစု နဲ့ ပဲဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ် ပျော်စရာကောင်းပြီး အရသာရှိမယ့် ကြက်သားဒံပေါက်ကို ချက်ပြီး တူတူစားနိုင်ဖို့ ဖေါ်ပြလိုက်ပါတယ် ။
 
T = စားပွဲတင်ဇွန်း=၁၅ ဂရမ်/မီလီလီတာ
tsp = လက်ဘက်ရည်ဇွန်း= ၅ ဂရမ်/မီလီလီတာ
C = cup= ၂၃၀ မီလီလီတာ
gm= ဂရမ် ( ၈၀ ဂရမ်= ၅ ကျပ်သား ခန့်မှန်းချေ )
ml= မီလီလီတာ
 
ကြက်သားဟင်း
၁။ ကြက်ပေါင် ၂ ချောင်း
၂။ ကြက်သွန်ဖြူ ၂ မွှာ
၃။ ချင်း ပါးပါး ၁ ပြား
၄။ ကြက်သွန်နီ အရွယ် လတ် ၁ လုံး
၅။ ဆီ ၂ T
၆။ ငြုတ်သီးမှုန့် ၁/၄ tsp ( အရောင်တင်မှုန့်)
၇။ ဒိန်ချဉ် ၂ T
၈။ ကြက်သွန််နီကြော် ၃ T
၉။ ဒန်ပေါက် မဆလာ ၁ T
 
ချက်နည်း
၁။ ကြက်သားကို သန့်စင်အောင်ဆေး၊ ခြောက်အောင်သုတ်၊ ဆား ၊ဒန်ပေါက်မဆလာ၊ ဒိန်ချဉ် တို့ဖြင့် နယ်ပေးပီး ၁ နာရီခန့် နှပ်ထားပေးပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ညက်အောင်ထောင်းပါ၊
၃။ အိုးတခုထဲမှာ ဆီ အနည်းငယ် ထည့်ပီး ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ချင်း တို့ကို ဆီသတ်ပါ။
၄။ ကြက်သွန်နီသွေ့စပြုပီး မွှေးလာတဲ့အခါ အသင့် နှပ်ထားတဲ့ ကြက်သားများကို ထည့်ပြီး လှိမ့်ပါ၊ အသားတင်းလာတဲ့ အခါ ကြက်သွန််နီကြော် ထည့်မွှေပါ၊ ဒိန်ချဉ်က ထွက်လာတဲ့ ရေနဲ့ ကြက်သား နူးလာတဲ့ အထိ မီးအေးအေး နဲ့ ချက်ထားပါ၊ လိုအပ်ရင် ရေပူ အနည်းငယ်ထည့်ပေးပါ၊
 
ဒန်ပေါက်ထမင်း
၁။ ဘက်စမာတီဆန် ၂ ခွက် ( rice cooker cup)
၂။. ထောပတ်(Ghee) ၁ tsp
၃။ သစ်ကြပိုးခေါက် ၁ လက္မ အရွယ်
၄။ ကရဝေးရွက် ၁ ရွက်
၅။ ကြက်သွန်နီကြော် ၁ /၂ ခွက် (rice cooker cup)
၆။ အဝါရောင် ၂ - ၃ စက်
၇။ လိမ္မော်ရောင် ၁ -၂ စက်
 
ချက်နည်း
၁။ ထမင်းပေါင်းအိုးတစ်လုံးထဲမှာ ထောပတ်(Ghee) ထည့်ပါ၊ သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက်ထည့်ပါ၊ ပူလာတဲ့ အခါ တချက် နှစ်ချက် မွှေပေးပါ၊ ဆန်ကို အခြောက် အတိုင်းထည့်ပါ၊ အဝါရောင် ၂-၃စက်ထည့်မွှေပေးပီရင် ဘက်စမာတီ ဆန် ၂ ခွက် အတွက် ရေ ၃ခွက် ထည့်ပီးချက်ပါ။
 
၂။ ထမင်းကျက်တဲ့ အခါ တဝက် ကို ဖွဖွလေး ထမင်းမကြေအောင် ခပ်ထုတ်ပီး ကြက်သွန်နီကြော် ဖြန့်ထည့်ပါ၊ ချက်ထားတဲ့ ကြက်သားနဲ့ အနှစ်များထည့်ပါ၊ အပေါ်မှ ဖယ်ထားတဲ့ ထမင်းပြန်အုပ်ပီး ၊ ရေ ၁ စားပွဲတင်ဇွန်း နဲ့ အသင့်စပ်ထားတဲ့ လိမ္မော်ရောင် ကို နေရာကျဲကျဲ ဖြန့်ထည့်ပါတယ်၊ အဖုံးပိတ်ပီး စားခါနီး အထိနှပ်ထားပါ။
 
၃။ ထမင်းခပ်တဲ့အခါ အရောင် သမသွားအောင် အနည်းငယ် ဖွပေးလိုက်ပီး၊ အိမ်ချက် ဒန်ပေါက်လေး သုံးဆောင်နိုင်ပါပီပြီ ။

11 Feb 2016     3,030 Views




RELATED

Most Popular of Food

Most Popular of Life Style