BEC-TERO TV

စိတ်ရှုပ်စရာကောင်းတဲ့ သန်းတွေကို ဘယ်လိုဖြေရှင်းမလဲ

16 Feb 2016     1,665 Views


ကလေးတွေကြားမှာ အဖြစ်များဆုံးပြဿနာတစ်ခုဖြစ်တဲ့ ခေါင်းမှာသန်းတွယ်တာဟာ ကျောင်းမှာ ကစားရင်း၊ အားကစားလုပ်ရင်း၊ အတူတူအိပ်ရင်း၊ သူများအင်္ကျီယူဝတ်ရင်း စသဖြင့် အကြောင်းရင်းမျိုးစုံကြောင့် ဖြစ်တတ်ပါတယ်။ သန်းတွယ်ပြီဆိုတာနဲ့ ခေါင်းကတစ်ချိန်လုံး ဟိုနားယားလိုက်၊ ဒီနားယားလိုက်နဲ့အပြင် ဆံသားအစပ်နားလေးတွေရဲပြီးအနာတရတွေအထိဖြစ်စေတာမို့ သန်းပြဿနာဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
 
ကြက်သွန်ဖြူရဲ့အနံ့ပြင်းပြင်းက သန်းတွေကို သေစေနိုင်စွမ်းရှိတာကြောင့် ကြက်သွန်ဖြူ ၁၀ မြွှာလောက်ကို ကြိတ်ခြေပြီး ထွက်လာတဲ့အရည်ကို ဦးရေပြားပေါ်သုတ်လိမ်း၊ နာရီဝက်လောက်ထားပြီး ရေနွေးနွေးနဲ့ ခေါင်းလျှော်ပေးတာမျိုးလုပ်နိုင်တဲ့အပြင် ကြက် သွန်ဖြူကြိတ်ထားတဲ့ အရည်ထဲကို သံပရာရည်နည်းနည်း၊ ဟင်းချက်ဆီနည်းနည်း၊ လက်ဖက်စိမ်းနဲ့ ခေါင်းလျှော်ရည်အနည်းငယ်စီထည့်ပြီးတော့ တစ်ပတ်တစ်ကြိမ် လောက်ဖြစ်ဖြစ်လျှော်ပေးနိုင်ပါတယ်။ ကလေးတွေအတွက် အထူးထုတ်ထားတဲ့ဆီ (Baby Oil) ကို ဆပ်ပြာမှုန့်နည်းနည်း၊ ရှလကာရည်နည်းနည်းနဲ့ရောပြီး ဆံသားတွေမှာ သုတ်လိမ်းပြီး ရေနွေးနွေးနဲ့ လျှော်ပေးရင် သန်းတွေရှင်းပြီးသားဖြစ်စေပါတယ်။
 
နှမ်းဆီ၊ လက်ဖက်ဆီ၊ သံလွင်ဆီကို ညအိပ်ခါနီးမှာ ဆံပင်ကိုရွှဲအောင်လိမ်းပြီး နောက်နေ့ မနက်မှာ ဘီးစိပ်လေးနဲ့ ဖြီးချတဲ့အခါ သန်းရှိရင် တစ်ခါတည်းကျလာတာတွေ့ရမှာပါ။
 
နောက်ပြီး အိမ်တိုင်းလိုလိုမှာရှိတဲ့ ဆားနဲ့လည်း သန်းပျောက်အောင်လုပ်နိုင်ပါသေးတယ်။ ရှာလကာရည်နဲ့ ဆားနဲ့ရောပြီး တစ်ခေါင်းလုံးအနှံ့သုတ်ပြီး ၂ နာရီ လောက်ထားပြီးခေါင်းလျှော်ရင် သန်းတွေပျောက်သွားမှာပါ။ နောက်ပြီး အုန်းဆီကိုလည်း ရှာလကာရည်နဲ့ရောပြီး ဆံပင်ကိုလိမ်း၊ တစ်ညအိပ်ပြီး ခေါင်းလျှော်ချလိုက်ရင်လည်း သန်းတွေပျောက်ကင်းစေမှာပါ။
 
အဆီဓာတ်တွေအများကြီးပါတဲ့ မရိုးနိစ်ကိုလည်း ညအိပ်ခါနီးမှာ တစ်ခေါင်းလုံးအနှံ့သုတ် လိမ်းပြီး ရေချိုးဦးထုပ်နဲ့ ပေါင်းထုပ်ထားပြီး မနက်ရောက်လို့ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်တဲ့အခါ သန်းတွေပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

 


16 Feb 2016     1,665 Views




RELATED

Most Popular of Special or Others

Most Popular of Life Style