BEC-TERO TV

Selfie ရိုက်ခြင်းကြောင့် သေဆုံးမှု အများဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံများ

16 Feb 2016     1,306 Views


Selfie ရိုက်ခြင်းကြောင့် လူတွေသေဆုံးကြတာကို အားလုံးကြားဖူးကြမှာပါ။ ၂၀၁၄ ခုနှစ်ကစပြီး ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ Selfie ရိုက်ရင်း သေဆုံးသူတွေမှာ အသက် ၂၀ ၀န်းကျင်တွေက ပိုများတာ တွေ့ရှိခဲ့ ပါတယ်။ သေဆုံးသူတွေရဲ့ ၄၅% နီးပါး ရှိပါတယ်။ ပြီးတော့ သေဆုံးသူတွေမှာ ယောက်ျားတွေက မိန်းမတွေထက် ပိုများပြီး ၇၃% လောက် ရှိပါတယ်။

သေဆုံးရတဲ့ ဖြစ်ရပ်တွေထဲမှာ ပြုတ်ကျပြီးသေဆုံးတာက အများဆုံးဖြစ်ပြီး ရေနစ်သေဆုံးတာက ဒုတိယ အများဆုံး ဖြစ်တာကို တွေ့ရှိခဲ့ကြပါတယ်။ Selfie ကြောင့် သေဆုံးမှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေကတော့-

၁)အိန္ဒိယနိုင်ငံ
ကမ္ဘာတစ်ဝန်းက Selfie ရိုက်ခြင်းကြောင့် သေဆုံးမှုပေါင်းရဲ့ ၄၀%က အိန္ဒိယနိုင်ငံမှာ ဖြစ်ပါတယ်။ နောက်ပြီး ရေနစ်သေဆုံးမှု အဖြစ်အများဆုံးနိုင်ငံလည်းဖြစ်ပြီး တစ်နှစ်ကို အိန္ဒိယလူမျိုး ၈၆၀၀၀ ကျော် ရေနစ်သေဆုံးမှု ဖြစ်ပွားလျက် ရှိပါတယ်။ သေဆုံးသူအများစုက အသက် ၁၅ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ်များဖြစ်ပါတယ်။

၂)ရုရှား
ရုရှားနိုင်ငံက Selfie ကြောင့် ဒုတိယသေဆုံးမှု အများဆုံး ဖြစ်တဲ့ နိုင်ငံဖြစ်ပြီး အစိုးရက ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် အန္တရာယ်များတဲ့နေရာတွေကို Selfie မရိုက်ရဇုံ တွေအဖြစ် အမိန့်ထုတ်ပြီး ကန့်သတ်ထားပါတယ်။

၃)အမေရိကန် ပြည်ထောင်စု
အမေရိကန် လူမျိုးတွေက Selfie ရိုက်တာကို စွဲလန်းနှစ်သက်လွန်းတဲ့ လူမျိုးတွေဖြစ်တာကြောင့် Selfie ရိုက်ရင်း သေဆုံးတဲ့ တတိယ အများဆုံးနိုင်ငံ ဖြစ်တာ အရမ်းမထူးဆန်းပါဘူးလို့ ဆိုပါတယ်။

၎)စပိန်
ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စပိန်နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ Selfie ကြောင့်သေဆုံးမှု အများအပြား တိုးလာခဲ့ပါတယ်။ ဖြစ်ရပ်တစ်ခုမှာတော့ ၃၂ နှစ်အရွယ် အမျိုးသားတစ်ယောက် နွားရိုင်းသတ်ပွဲမှာ Selfie ရိုက်နေတဲ့ အချိန် နွားရိုင်းတစ်ကောင်က နောက်ကနေ ၀င်ခွေ့ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရပါတယ်။

၅)ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံရှဲ့Selfie ကြောင့် သေဆုံးမှုတွေမှာ အမြင့်က ပြုတ်ကျသေဆုံးတာနဲ့ တစ်ခုခုနဲ့ အပြင်းအထန်ထိခိုက်မိတာကြောင့် သေဆုံးရတာ အများဆုံး ဖြစ်ပါတယ်။ကိုယ့်ရဲ့ လုံခြုံမှုနဲ့ အပေးအယူလုပ်ပြီးမှ ရလာမယ့် Selfie ပုံတစ်ပုံအတွက် ဘယ်တော့မှ မစွန့်စားသင့်ပါဘူး။


16 Feb 2016     1,306 Views




RELATED

Most Popular of Special or Others

Most Popular of NEWS