BEC-TERO TV

ကျပ်သိန်း ၅၀ မပေးပါက FB ပေါ် သူမ ဓါတ်ပုံတွေ တင်ပြစ်မယ် ခြိမ်းခြောက်

17 Feb 2016     3,097 Views


Facebook သုံးစွဲသူ နာမည် Nang Yadanar Htike အကောင့်ဆီကို စာပို့လာပြီး ကျပ်သိန်း ၅၀ ခြိမ်းခြောက် တောင်းဆိုတယ်။ စာထဲမှာတော့ သူ Nang Yadanar Htike ဓါတ်ပုံတွေ အားလုံးကို သူ့ဖုန်းထဲ ဒေါင်းလုပ် ယူထားပြီး Facebook page တစ်ခုဖွင့်ကာ Nang Yadanar Htike ပုံတွေကို တင်မယ်လို့ ခြိမ်းခြောက်တယ်။ ကျပ်သိန်း ၅၀ ပေးမှ သာ ဓါတ်ပုံတွေ အားလုံးကို ဖြတ်ပြစ်မှာ ဖြစ်ပါတယ်။


အောက် မှာဖောပြထားတာကတော့ Nang Yadana Htike Facebook ပေါ်မှာ တင်ထားတဲ့ စားသား နဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။


"ကျမ မိကောင်းဖခင် သားသမီး တစ်ယောက်ပါ .......
Facebook သုံးလာတဲ့ ကာလပတ် တစ်လျှောက်မှာ သူများ သားသမီး တွေကို လဲ အော်ဟစ် ဆဲဆို စော်ကား နေတဲ့ သူမဟုတ်ပါဘူး ကျမ Facebook သုံးတာ အပျော် သဘော သုံးတာပါ .... social network တောင် မလိုလား အပ်တဲ့ ပြဿနာ တွေ ဖြစ်မှာစိုးလို့ Facebook နဲ့ Instagram နှစ်ခုဘဲ သုံးပါတယ်
ကျမ ဗုဒ္ဓဘာသာ မြန်မာ မိန်းကလေး တစ်ယောက်ပါ ... ကျမ ရှက်တတ်တယ် လူတိုင်း အားလုံးဟာ အရှက်နဲ့ လူဖြစ်နေကြတာတွေ ချည်းပါဘဲ
မနက်အစောကြီး Messenger ထဲမှာ Healer Healer acc name နဲ့ တစ်ယောက်က ကျမ ပုံတွေကို saved လုပ်ထားတယ် ပြောတယ် ပုံတွေ ကို ပြန်ဖျက်ပေး စေချင်ရင် သိန်း ၅၀ ပေးရမယ် လို့ပြောတယ် ကျမ တို့ မိသားစု က မချမ်းသာဘူး အလယ်အလတ် လောက်ဘဲ ပိုင်ဆိုင်တယ် ကျမ မှာ သူတောင်းတဲ့ သိန်း ၅၀ မရှိဘူး ဒါပေမယ့် ကျမ မိသားစု ဂုဏ် သိက္ခာ အတွက် သူ တောင်းတဲ့ သိန်း ၅၀ ကို ကျမ မရမက ရှာဖွေပြီး ပေးမယ် လို့ ဆုံးဖြတ်ခဲ့ပါတယ် နောက်ဆုံး သူ ပြောလိုက်တဲ့ စကားက သူ့ ရဲ့ ဖဲကြွေး နဲ့ ဘောလုံးပွဲကြွေး ကျွေး တွေကြောင့် တောင်းတာ လို့ ပြောတယ် ကျမ တော်တော်လေး ဒေါသ ထွက်သွားတယ် သူတောင်းတဲ့ သိန်း ၅၀ က သူ့ရဲ့ ဖဲကြွေး နဲ့ ဘောလုံး ကြွေး တွေ အတွက် ဘဲ ။ ကျမ မိသားစု တွေ သွေးနဲ့ချွေး နဲ့ ရှာထားတဲ့ ပိုက်ဆံ တွေကို ကျမ မပေးနိုင်ဘူး ။
အဲ့ဒီတော့ ကျမ မိသားစု တွေ နဲ့ တိုင်ပင်မယ် အဲ့ဒီ လူကို လိုအပ်ရင် တရားစွဲ မယ်
ကျမ လို မဖြစ်စေချင်လို့ FB ပေါ်က fris တွေ ကို share တာပါ .....
ဒီလို လူတွေကို ဝေးဝေးက လျှောင်ရင် ပိုကောင်းတာပေါ့ ...... ။"
 


17 Feb 2016     3,097 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS