BEC-TERO TV

အောင်လအန်ဆိုင်းနှင့် အီဂျစ်နိုင်ငံသား မိုဟာမက် အလီတို့ ရင်ဆိုင်ထိုးသတ်မည်

19 Feb 2016     1,480 Views


                    လာမည့် မတ် ၁၈ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်မည့် One Championship MMAပြိုင်ပွဲတွင် အောင်လအန်ဆိုင်းနှင့် အီဂျစ်နိုင်ငံသား မိုဟာမက်အလီ တို့ ရင်ဆိုင်ထိုးသတ်သွားမည် ဖြစ်သည်။ Mixed Marital Arts ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကို One Championship က ၂၀၁၅ ခုနှစ်က စတင်၍ မြန်မာ နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာ ယခု နှစ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

                   အဆိုပါပြိုင်ပွဲ၏ အဓိကပွဲစဉ်အဖြစ် မြန်မာစပါးအုံးဟု နာမည် ကြီးသူ မြန်မာနိုင်ငံသား ကချင်လူမျိုး အောင်လ အန်ဆိုင်းနှင့် အီဂျစ်နိုင်ငံသား မိုဟာမက်အလီတို့က လိုက်ဟဲဗီး ၀ိတ်တန်းတွင် ရင်ဆိုင်ထိုးသတ်သွား မည်ဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့သမားများ ပါဝင်ယှဉ်ပြိုင်မည့် MMA ပွဲစဉ်များ လည်း ထည့်သွင်းသွားမည်ဖြစ်ပါတယ်။

                      ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သော ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့သမားများက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ သပြေညိုနှင့်သွေးသစ်အောင်တို့က ဖယ်သာဝိတ်နှင့် လိုက်ဝိတ်တန်းများတွင် ချန်ပီယံများ ဖြစ်ခဲ့ကြသည်။ ယခုနှစ်ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့သမား ၂၀ ဦးခန့်က ထပ်မံဝင်ရောက်ယှဉ်ပြိုင်သွားရန် ပြင်ဆင်လျက်ရှိသည်။ http://myanmar.mmtimes.com/


19 Feb 2016     1,480 Views




RELATED

Most Popular of Boxing

Most Popular of Sport