BEC-TERO TV

ရာသီ မကုန်မှီ အနား ယူတော့မည့် ချယ်လ်ဆီး နည်းပြ

23 Feb 2016     1,405 Views


ချယ်လ်ဆီးယာယီနည်း ပြ ဟစ်ဒင့်က ၎င်းသည် ယခုရာသီကုန်တွင် သတ်မှတ်ထား သည့်အတိုင်း အသင်းမှ ထွက်ခွာ ပြီး ဘောလုံးလောကမှ အနားယူ တော့မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည် ။

 ဟစ်ဒင့်သည် ချယ်လ်ဆီး၌ ဒုတိယအကြိမ်လာရောက်နည်း ပြရခြင်းကို ကျေနပ်သော်လည်း ရာသီကုန်တွင်မူ စီစဉ်ထားသည့် အတိုင်းအနားယူမည်ဟု ဆိုသည်။

အသက် (၆၉) နှစ်အရွယ်ရှိ ဒတ်ခ်ျနည်းပြသည် ချယ်လ်ဆီးကို မော်ရင်ဟိုထွက်သွားချိန်တွင် ပရီးမီးယားလိဂ်၌ ပြန်လည်တည် ငြိမ်လာအောင် ကူညီနိုင်ခဲ့ပြီး ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီကို ရှုံးသည့်တစ်ပွဲသာ ရှိသေးပြီး ရလဒ်ကောင်းနေသည်။

သို့သော် စီစဉ်ထားသည့်အတိုင်း ယခုရာသီကုန်တွင် နည်းပြဘဝမှအနားယူပြီး မည်သည့်အသင်းကိုမျှ ကိုင်တွယ်တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည် ။

 ‘‘ကျွန်တော်လန်းဆန်းနေ တယ်။ မနက်တိုင်းပဲ ခံစားရတယ်။အပြုံးနဲ့ ထတယ်။ ဒါပေမဲ့ ရှုံးပွဲတစ်ပွဲကြုံရင် ခက်ခဲတဲ့အချိန်တွေ ရှိလာပါတယ်။ တစ်ဖက်မှာတော့ လူတွေက တာဝန်ယူရမှာပါ။ ကျွန်တော်နောက်ဆုတ်ရမှာပါ။ ကျွန် တော်ချယ်လ်ဆီးကို နောက်ရာသီ မှာ မကြာခဏသွားလည်မှာပါ။ ဒါပေမဲ့ တခြားတစ်နေရာမှာလည်း နည်းပြဆက်လုပ်ဖို့ မစဉ်းစားတော့ပါဘူး’’ဟု ၎င်းက ပြောသည်။

 ချယ်လ်ဆီးကွင်းလယ်လူ အော်စကာက ဟစ်ဒင့်သည် အသင်းသို့ ရောက်လာချိန်ကစ၍ ကစားသမားများအပေါ် လွှမ်းမိုးမှုရှိခဲ့ပြီး ၎င်းတို့ကောင်းစွာ ကစားလာနိုင်ခဲ့ကြောင်း ပြောသည်။

ထို့ကြောင့် ဟစ်ဒင့်ကို အသင်းတွင် ဆက်နေစေလိုပြီး ထိုသို့ဆက်နေပါက ၎င်းအနေဖြင့် အခွင့်အရေးရှိကြောင်း ပြောသည်။
ချယ်လ်ဆီးသည် ဟစ်ဒင့်ထွက်ခဲ့ပါက အက်သလက်တီကိုနည်းပြဆီမြွန်နီအား ခန့်အပ်ရန်ရှိကြောင်း သတင်းများထွက်ပေါ်နေ သည်။


23 Feb 2016     1,405 Views




RELATED

Most Popular of Football

Most Popular of Sport