BEC-TERO TV

အားလပ်ရက်မှာ ပျော်စရာ ကောင်းပြီး အရသာရှိတဲ့ ပန်ကိတ် ( Pan Cake ) ကို ကိုယ်တိုင် လုပ်စားကြရအောင်

01 Mar 2016     1,556 Views


မိသားစုနဲ့ ၊ သူငယ်ချင်းတွေနဲ့ ၊ ချစ်သူနဲ့ အားလပ်ရက်မှာ ပျော်စရာကောင်းပြီး အရသာရှိတဲ့ ပန်ကိတ် လုပ်စားနိုင်ဖို့အတွက် လွယ်ကူတဲ့ နည်းလမ်းကိုဖော်ပြပေးလိုက်ပါတယ် ။  ပန်ကိတ်ဆိုတာ ပေါင်မုန့်အပြားပုံစံမျိုးဖြစ်ပြီး အရမ်းမချိုဘဲနဲ့ အတော်များများ နှစ်သက်ကြပါတယ်။ ပန်ကိတ် အမျိုးမျိုး ရှိပေမယ့် ပါဝင်တဲ့ အခြေခံပစည်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ အခြေခံ လိုအပ်တဲ့ ပစည်းတွေကတော့ ဂျုံမှုန့်၊ ကြက်ဥ ၊  နွားနို့တို့ပဲဖြစ်ပါတယ်။ အတိအကျ ပြောရမယ် ဆိုရင်တော့
 
- ၁၈ အောင်စ(သို့) ၅၁၀ ဂရမ် ရှိ ဂျုံမှုန့် (၂) ခွက်
- ကြက်ဥ (၂) လုံး
- နွားနို့ (၃၅၀ မီလီ) (၁ ၁/၂) ခွက်
- ထောပတ်
- မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
- ထောပတ် စားပွဲတင်ဇွန်း (၂)ဇွန်း
- သကြား စားပွဲတင်ဇွန်း (၅)ဇွန်း
- အမွှေးနံ့ရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား လက်ဖက်ရည်ဇွန်း တစ်ဝက် တို့ပဲ ဖြစ်ပါတယ်။
 
လုပ်ဆောင်ရမယ့် အရာတွေကတော့
 
(၁) ကြက်ဥကို ခွက်ထဲခွဲထည့်လိုက်ပြီး နှံ့သည်အထိမွှေပါ။
 
(၂) မုန့်ဖုတ်ဆော်ဒါနဲ့ ဂျုံမှုန့်ထည့်ပါ။ မမွှေပါနှင့်ဦး ။
 
(၃) ထောပတ်ကို လုံးဝ အရည်ပျော်သွားတဲ့အထိ အပူပေးပါ။
 
(၄) နို့နဲ့ထောပတ်ကိုရောလိုက်ပါ။ ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ရောမွှေပေးပါ။ ထောပတ်လုံးဝ ချောမွတ်ပျံ့နှံ့သွားဖို့အရေးကြီးပါတယ်။ ဒါမှ မင်းရဲ့ပန်ကိတ်က မကျိုးမပဲ့ပဲ နူးညံ့နေမှာဖြစ်ပါတယ်။
 
(၅) အိုးအပြားလေးကို အပူပေးပြီး ဆီအနည်းငယ် သုတ်ပေးပါ။ ဒါမှ ပန်ကိတ်က မကပ်မှာဖြစ်ပါတယ်။ အိုးပေါ်ကို ရေအနည်းငယ်ဖြန်းကြည့်လိုက်လို့ အသံမြည်ပြီ ဆိုရင်တော့ ပန်ကိတ်လုပ်ဖို့ အဆင့်သင့်ဖြစ်ပါပြီ။
 
(၆) စားပွဲတင်ဇွန်း (၃)ဇွန်းစာလောက် ပမာဏကိုလောင်းထည့်ပြီး ဖြန့်လိုက်ပါ။
 
(၇) နှစ်မိနစ်လောက်အကြာ (သို့) အနားလေးတွေ အညိုရောင်သန်းလာတဲ့အထိ စောင့်ပါ။
 
(၈) ပြီးနောက်တခြားတစ်ဖက်ကိုလဲ အလားတူလှန်လိုက်ပြီး ခဏအကြာမှာ အိုးပေါ်မှ ဆယ်ယူလိုက်ပါ။
 
ဒါဆိုရင်တော့ အရသာရှိတဲ့ ပန်ကိတ် ပူပူနွေးနွေးလေးတွေ ရရှိသွားပြီဖြစ်ပြီး ပန်ကိတ်ကို စတော်ဘယ်ရီယို၊ မြေပဲယို၊ထောပတ် ၊ ချောကလက်အပြား ၊ သစ်သီး နှစ်သက်ရာနဲ့ ရောစားနိုင်ပြီဖြစ်ပါတယ်။

01 Mar 2016     1,556 Views




RELATED

Most Popular of Food

Most Popular of Life Style