BEC-TERO TV

ဒီရာသီရဲ့အ ကောင်းဆုံး ပုံစံကို ကစားသွားခဲ့တာပါ - ဟစ် ဒင့်

12 May 2016     1,316 Views


ယမန်နေ့ညက လီဗာပူး အသင်းရဲ့ ကွင်းမှာ ၁ ဂိုးစီ သ ရေကျခဲ့တဲ့ ပွဲက ချဲလ်ဆီး အသင်းရဲ့ ပုံစံကို အရမ်း အားရ ကျေနပ် မိတယ် လို့ ချဲလ်ဆီး နည်းပြကြီး ဟစ်ဒင့်က ပြောဆိုသွားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ တောင် ပံ ကစားသမား ဟာဇက် ရဲ့ သွင်းဂိုးနဲ့ ဦးဆောင် နေခဲ့ပြီး ပွဲပြီးခါနီးမှ ဘန်တီကီ ရဲ့ ခြေပဂိုးကို ပြန် လည် ခွင့်ပြုခဲ့ရ တာဖြစ် ပါတယ် ။ ပွဲ ရလဒ် အတွက် စိတ် ပျက် ခဲ့မိပေမယ့် အသင်းရဲ့ ကစားပုံက တော့ ပြီးပြည့်စုံခဲ့တယ် လို့ ဟစ် ဒင့်က ပြောဆိုသွားခဲ့ပါတယ် ။

“နောက် ဆုံး မိနစ် မှာ ဂိုးပြန် ပေးလိုက် ရတာ စိတ် ပျက် ဖို့ ကောင်းပါတယ် ။ ဒါပေမယ့် အခုပွဲဟာ ဒီရာသီ ချဲလ်ဆီး ကစားခဲ့တဲ့အ ကောင်းဆုံး ပွဲတပွဲ ဆိုတာ ကျွန်တော် ပြောနိုင် ပါတယ် ။ ကျွန်တော် တို့ ခံစစ်ကို ကျစ် ကျစ် လစ်လစ် တည် ဆောက် နိုင် ခဲ့သလို တိုက် စစ် ကလည်း အ ကောင်းဆုံး ကစားနိုင် ခဲ့ပြီး အီဒင် ( ဟာဇက် ) ရဲ့ ဂိုးကလည်း အရမ်းလှပ ပါတယ် ။ ဒုတိယပိုင်းမှာ ပွဲကို အဆုံးသတ် နိုင် ခဲ့သင့်ပေမယ့် ကျွန်တော် တို့ မလုပ် နိုင် ခဲ့ပါဘူး ။ အခွင့်အ ရေး ၃ ကြိမ် လောက် ထပ် လွဲခဲ့ပြီး ပွဲပြီးခါနီးမှာ သူတို့ကို လက် ဆောင် ပေးခဲ့ မိပါတယ် ။ ဒါပေမယ့် တပွဲလုံးခြုံကြည့်ရင် တော့ အသင်းရဲ့ ပုံစံအတွက် အရမ်းအားရ ကျေနပ်မိပါတယ်” လို့ နည်းပြကြီးက ပြောဆိုသွားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ တောင် ပံ ကစားသမား ဟာဇက် ဟာ တရာသီလုံးနီးပါး ခြေစွမ်းပျောက် ဆုံးနေခဲ့ပေမယ့် ရာသီကုန် ဆုံးခါနီးမှာ ခြေစွမ်းတွေပြန် လည် ရရှိလာခဲ့ပြီး နောက် ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ၄ ဂိုးအထိ သွင်းယူ ပေးထားခဲ့ပါတယ် ။ “သူ့ရဲ့ ကြံ့ခိုင် မှု ကို ရာနှုန်းပြည့် မရရှိခင် အထိ သူ့ကို ပွဲချိန် ပြည့် ကျွန်တော် မကစားခိုင်းခဲ့ပါဘူး ။ အခု သူ့ရဲ့ ပုံစံ အမှန် ကို ပြန် ရ နေပါပီ ။ သူ့ အတွက် ဒီ နှစ် ဟာ ခက် ခဲတဲ့ နှစ် ပါ ။ သူဒဏ် ရာရသွားတယ် ။ ပြန် ကောင်း လာတယ် ၊ ထပ်ပြီး ဒဏ် ရာရသွားပြန် တယ် ။ ဒီလိုနဲ့ တရာသီလုံး ပြီးဆုံးသွားခဲ့ပါတယ် ။ အခုလို ခြေစွမ်းပြန် ရလာတာအရမ်းဝမ်းသာမိပါတယ် ။ သူ့မှာ သဘာဝတရားက ပေးတဲ့ အစွမ်းသတ္တိတွေ ရှိနေပါ တယ် ။ သူဟာ ဥာဏ် ပြေးပါတယ် ။ သူ ဟာ ကွင်းထဲက ဘယ် လို နေရာမှာ မဆို တဦးချင်း ရင် ဆိုင် ဖြတ် ကျော် နိုင် စွမ်း ရှိပါတယ် ။

ဒါဟာအလွန် အ ရေးကြီးတဲ့ အရာပါ ။ အခု သူ့ရဲ့ ရုပ် ပိုင်း ဆိုင် ရာ ရော စိတ် ပိုင်း ဆိုင် ရာ ပါ ပြန် လည် လတ် ဆတ် လာပါပြီ ။ နောက် ရာသီမှာ ဟာဇက် အစစ် အမှန် ကို ပြန် မြင် တွေ့ ရ တော့မှာပါ” လို့ ဟစ် ဒင့်က ဆက် လက် ပြောဆိုသွားခဲ့ပါတယ် ။ ချဲလ်ဆီး တောင် ပံ ကစားသမား တဦးဖြစ် တဲ့ ပက် ဒ ရို ဟာ နှာခေါင်းရိုးကျိုး ဒဏ် ရာကြောင့် ယခုပွဲကို လွဲ ချော် ခဲ့ရပြီး သူ့ရဲ့ နေရာမှာ အကယ် ဒမီ ထွက် တိုက် စစ် မှုး တမ်မီ အဘရာဟမ် ကို ထည့်သွင်း ကစားခဲ့ပါ တယ် ။ အဆိုပါ လူငယ် လေးနဲ့ ပတ်သက်ပြီးလည်း “သူ့ ရဲ့ အ နေ အထားကို အရမ်း ကျေနပ် ပါတယ် ။ သူဟာ ကျွန်တော် တို့ ဆီမှာ နှစ် များစွာ ကစားလာပြီး U-18 ၊ U-19 ၊ U-21 အသင်းတွေ မှာ အဆင့်ဆင့် ကစားလာသူပါ ။ ချဲလ်ဆီး ရဲ့ ဒဿနာတွေကို သူကောင်းကောင်းသိပါတယ် ။

အခုပွဲမှာ သူ့အ နေနဲ့ ဘောလုံး ထိခွင့် နည်းနည်းပဲ ရခဲ့တယ် ဆိုပေမယ့် ဆယ် ကျော် သက် လေး တ ယောက် အတွက် ဒါဟာလုံလောက် ပါတယ် ။ ကျွန်တော် တို့ အကယ် ဒမီ ထွက် တွေကို နေရာပေးရပါမယ် ။ ထရာအိုရေး လိုလူငယ် လေး တွေ ပေါ်ထွက် လာအောင် ပါ” လို့ နည်းပြကြီးက ဆက် လက် ပြောဆိုသွားခဲ့ပါတယ် ။ လာမယ့် တနင်္ဂနွေနေ့မှာ ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံလက် စတာစီးတီး အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး အဆိုပါ ပွဲဟာ အသင်းကို ယာယီကိုင် တွယ် နေတဲ့ ဂူဟစ် ဒင့် အတွက် ချဲလ်ဆီးနည်းပြ ဘ၀ နောက် ဆုံး ပွဲစဉ် ဖြစ် ပါတယ် ။

credit sports myanmar


12 May 2016     1,316 Views




RELATED

Most Popular of Football

Most Popular of Sport