BEC-TERO TV

နောက် ရာသီမှာ အောင်မြင် ဖို့ ပစ် မှတ် ထားနေပါတယ် - အာဆင် ၀င်းဂါး

16 May 2016     1,473 Views


ရာသီပိတ် နောက် ဆုံးပွဲစဉ် မှာ ဗီလာအသင်းကို ဂိုးပြတ် အနိုင် ရခဲ့ပြီး နယူးကာဆယ် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ မြို့ခံပြိုင် ဘက် စပါးအသင်းကို ကျော်ဖြတ် ကာ အဆင့် ၂ နေရာနဲ့ ရာသီပိတ် သိမ်းနိုင် ခဲ့တဲ့ အာဆင် နယ် နည်းပြ အာဆင် ၀င်းဂါး က လာမယ့် ရာသီမှာ အောင်မြင် မှု တခုခုရရှိအောင် ပစ် မှတ် ထားသွားမယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။

ပြင် သစ် တိုက် စစ် မှုး ဂီရော့ ရဲ့ hat-trick သွင်းဂိုး နဲ့ ပြိုင် ဘက် အသင်းသားရဲ့ Own Goal တို့ ဟာ အာဆင် နယ် ပရိသတ်တွေအတွက် ဘောလုံးရာသီပိတ် ပွဲကို ကျေနပ် မှု အပြည့်ပေးနိုင် ခဲ့ပါ တယ် ။ ဒါပေမယ့် ဖလားလက် မဲ့ ရာသီတခုကို ကြုံတွေ့ခဲ့ရပြီး အထူးသဖြင့် ပြိုင် ဘက် အသင်းကြီးတွေ ခြေ ချော် ခဲ့တဲ့ နှစ် မှာ လက် စတာစီးတီး အသင်းရဲ့ ကျော် တက် မှုကို ခံခဲ့ရတာကြောင့် အသင်းအားပေးတဲ့ ပရိသတ်တွေ မ ကျေနပ် ခဲ့ကြပဲ အာဆင် ၀င်းဂါး ထွက် ခွာသွားဖို့ တောင်းဆိုတဲ့ အထိဖြစ် လာခဲ့ကြပါတယ် ။

“ဒီရာသီ က ရလဒ် ဟာ ကျွန်တော် တို့ လိုချင် သလိုမဟုတ် ခဲ့ပါဘူး ။ ဒါပေမယ့် နောက် ဆုံးပွဲမှာ ပရိသတ်တွေ ကို ကျေနပ် မှု ပေးနိုင် ခဲ့တဲ့ အတွက် ၀မ်းမြောက် မိပါတယ် ။ ရာသီကို ဒီလိုပိတ် သိမ်းနိုင် တာ စိတ် ချမ်းသာ စရာပါပဲ ။ ကျွန်တော် တို့ အဆင့် ၂ နေရာနဲ့ ပြီးဆုံးခဲ့တာပါ ။ ဒါပေမယ့် ဒါဟာလည်း ကျွန်တော် တို့ လိုချင် တဲ့ အရာမဟုတ် သေးပါဘူး” လို့ အာဆင် ၀င်းဂါးက ပြောဆိုသွားခဲ့ပါတယ် ။ “မနှစ် က ကျွန်တော် တို့ တတိယ ရခဲ့ပြီး အခုနှစ် မှာ ဒုတိယ ရခဲ့ပါတယ် ။ နောက် ရာသီမှာ ပိုမြင်တဲ့ အဆင့် တွေဆီ ကျွန်တော် တို့ မျှော် မှန်း တော့မှာပါ ။ အခု ရာသီမှာ ကစားခဲ့တဲ့ အသင်းသားတွေရဲ့ စိတ် ဓါတ် တွေကို ကျွန်တော် အသိအမှတ်ပြုလိုပါတယ် ။ သူတို့ဟာ ကစားပွဲတွေကို အရှုံးမ ပေးကစားသွားခဲ့ကြပြီး ရာသီကုန် ပွဲစဉ် အထိ အစွမ်းကုန် ကစားသွားခဲ့ကြပါတယ်” လို့လည်း ပြောဆိုသွားခဲ့ပါတယ် ။

ဒါ့အပြင် အသင်းက နေ စာချုပ် ကုန် ဆုံးလို့ ထွက် ခွာသွားခဲ့ကြတဲ့ ကွင်းလယ်လူ တွေဖြစ် တဲ့ ရိုဆစ် စကီး နဲ့ အာတီတာ တို့ကိုလည်း အာဆင် ၀င်ဂါးက ဂုဏ် ပြု စကားပြောဆိုသွားပြီး ရှေ့ဆက် ခရီးလမ်းသာယာစေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့တယ် လို့ သိရပါတယ် ။ စပိန် ကွင်းလယ်လူ အာတီတာ ဟာ မန်စီးတီး အသင်းကို ကိုင် တွယ် မယ့် နည်းပြ ဂွာဒီယိုလာ ရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် လုပ် ကိုင် လိမ့်မယ် လို့လည်း သတင်းထွက် ပေါ် နေပါတယ် ။

Credit sports Myanmar


16 May 2016     1,473 Views




RELATED

Most Popular of Football

Most Popular of Sport