BEC-TERO TV

ဓာတ်ပုံရိုက်နေရင်း ရင်သားလှန်ပြခဲ့တဲ့Rita Ora

15 Jun 2016     1,366 Views


ရင်သားလှန်ပြတတ်တဲ့ Rita Ora ကိုတော့ မီဒီယာတွေက Serial Flasherလို့ ခေါ်နေကြပါတယ်။ ကယ်လီဖိုးနီးယားက ကမ်းခြေတစ်ခုမှာ အပန်းဖြေရင်း ဓာတ်ပုံရိုက်နေတုန်း Ritaက ရင်သားလှန်ပြခဲ့တာဖြစ်ပါတယ်။ ဘောင်းဘီတိုလေးနဲ့ Rita ဟာ ဂျာကင်အင်္ကျီဝတ်ပြီး ဘရာဝတ်မထားတဲ့ အပေါ်ပိုင်းအလှကို တမင်တကာကို လှစ်ဟပြခဲ့တာကို အံ့သြဖွယ် တွေ့လိုက်ရပါတယ်။နောက်ပိုင်းမှာတော့ ဂျာကင်အင်္ကျီကို ကြယ်သီးတွေ ပြန်တပ်ပြီး အိနြေ္ဒရရနဲ့ ပို့စ်အမျိုးမျိုးပေးလို့ ထပ်မံ ရိုက်ကူးခဲ့ပြန်ပါသေးတယ်။

သိပ်မကြာသေးခင်ကမှာ Jay Zပိုင်တဲ့ Roc Nationနဲ့လမ်းခွဲခဲ့တာလည်းဖြစ်ပါတယ်။ Jay Zက Ritaကို ၂.၄သန်း လျော်ကြေးတောင်းခဲ့တာလည်းဖြစ်ပါတယ်။အကြောင်းရင်းကတော့သူမအနေနဲ့ကတိပေးထားသည့်အတိုင်း အယ်ဘမ်ပြည့်အောင် မလုပ်ပေးနိုင်ခဲ့လို့ဖြစ်ပါတယ်။ နောက်ပြီး အချို့ စည်းမျဉ်းစည်းကမ်းများကိုလည်း ဖောက်ဖျက်ခဲ့လို့ဖြစ်ပါတယ်။

X-Factorမှာ အရင်ကဒိုင်လူကြီးလုပ်ဖူးတဲ့ အသက်၂၅နှစ်အရွယ် Ritaဟာ မီးခိုးရောင်ဘောင်းဘီတိုလေးနဲ့ အနက်ရောင်အင်္ကျီကိုဝတ်ဆင်ထားခဲ့ပါတယ်။ နောက်တော့မှ ဂျက်ကတ်ပြောင်းပြီး ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

Credit:Shwemom


15 Jun 2016     1,366 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment