BEC-TERO TV

စိန်ခေါ်သူ အမေရိကန်နိုင်ငံသားကို အလဲထိုးပြီး IBF ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို အန်တိုနီဂျော့ခ်ျဝါကာကွယ်

28 Jun 2016     1,437 Views


ဒီကနေ့နံနက်ပိုင်းက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က O2 Arena မှာထိုးသတ်ခဲ့တဲ့ စိန်ခေါ်သူ အမေရိကန်နိုင်ငံသား ဒိုမစ်နစ် ဘရီဇေးလ် နဲ့ လက်ရှိ IBF ဟဲဗီးဝိတ်တန်းချန်ပီယံ အင်္ဂလန်နိုင်ငံသား အန်တိုနီဂျော့ခ်ျဝါတို့ရဲ့ ပွဲမှာ အန်တိုနီဂျော့ခ်ျဝါက အလဲထိုးပြီး သူ့ရဲ့ ချန်ပီယံဘွဲ့ကိုကာကွယ်နိုင်ခဲ့ပါတယ်။ စိန်ခေါ်သူ အမေရိကန်နိုင်ငံသားဟာ ပရော်ဖက်ရှင်လက်ဝှေ့ ပွဲပေါင်း ၁၇ပွဲကို အနိုင်ရထားသူ ဖြစ်ပြီး ရှုံးပွဲမရှိစံချိန်တင်ထားသူပါ။ ဂျော့ခ်ျဝါကလည်း ပြီးခဲ့တဲ့ လပိုင်းက ချားစ်မာတင်ကို အလဲထိုးပြီး ဟဲဗီးဝိတ်တန်းချန်ပီယံဆုကို အချိန်အမြန်ဆုံးနဲ့ရရှိထားသလို ၁၆ပွဲစလုံးကို အလဲထိုး အနိုင်ရထားတဲ့သူဖြစ်လို့ ပွဲက အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ အစောပိုင်းအချီတွေမှာ ဒိုမစ်နစ်ဘရီဇေးလ်ဟာ ဂျော့ခ်ျဝါရဲ့ အမှားကိုစောင့်ပြီး ချက်ကောင်းရဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ဂျော့ခ်ျဝါဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲထိုးသတ်နိုင်ခဲ့ပြီး ဒိုမစ်နစ်ကို ဒီပွဲအတွင်းမှာ နှစ်ကြိမ်တိုင်တိုင်အလဲထိုးခဲ့တာပါ။ ဂျော့ခ်ျဝါဟာ ဒီပွဲမှာ ဒိုမစ်နစ်ထက်ပိုလျင်မြန်သ လို ထိုးချက်တွေကလည်း ထိရောက်တော့ ဒုတိယအချီမှာတင် ဒိုမစ်နစ်ကိုလဲ ကျအောင်ထိုးသတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒိုမစ်နစ်ဟာ အရှုံးမပေးဘဲ ဆက်လက်ထိုး သတ်ရင်း ၇ချီမြောက်မှာ ဂျော့ခ်ျဝါရဲ့ အားပါးလှတဲ့ ဘယ်ဝိုက်လက်သီးထိမှန်ခဲ့လို့ လဲကျခဲ့တာကြောင့် ဒိုင်လူကြီးဖြစ်သူက လက်ရှိချန်ပီယံ အန်တိုနီဂျော့ခ်ျဝါကို အနိုင် ပေးခဲ့ပါတယ်။ ဒါဟာ ဂျော့ခ်ျဝါရဲ့ ပထမဆုံး IBF ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲဖြစ်ပြီး လွယ်လွယ်ကူကူနဲ့ဘဲအနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ဂျော့ခ်ျဝါဟာ သူ့ရဲ့ ပရော်ဖက်ရှင် လက်ဝှေ့ ပွဲ ၁၇ပွဲစလုံးကို အလဲထိုးအနိုင်ယူထားတဲ့ စံချိန်ကို ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။

Credit : BBC Burmese


28 Jun 2016     1,437 Views




RELATED

Most Popular of Boxing

Most Popular of Sport