BEC-TERO TV

ဆီဖြည့်နေစဉ် ကားတွင်းဖုန်းစကားပြောနေရာမှ ပေါက်ကွဲမှုဖြစ်ပွား

29 Jun 2016     1,651 Views


အိန္ဒိယနွယ်ဖွား အသက် (၂၅)နှစ် အမျိုးသမီးတဦး ကွာလမ်လမ်ပူမြို့ က GAS ဓါတ်ငွေ့ ဖြည့်နေစဉ် ကားတွင်းမှာဖုန်းပြောနေခဲ့လို့  ကားတွင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မလေးရှာ ပြည်တွင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။ မီးက ဟုန်းကနဲ့  ပေါက်ကွဲမီးလောင်ပြီး ကားတွင်းမှ ဖုန်းပြောနေသူ အမျိုးသမီးရဲ့  ကိုယ်အစိတ်အပိုင်း (၆၀)ရာခိုင်နှုန်း မီးလောင်သွားခဲ့ပါတယ်။

ကားတွင်းမှာ အငွေ့ ပျံလာတဲ့ GAS ဓါတ်ငွေ့ က ဖုန်းဖွင့် စကားပြောနေတဲ့ သူရဲ့  ဖုန်းအတွင်းက အားသွင်း ဘက်ထရီ(Battery) နဲ့ ထိပြီး ၀ါယာလျော့ဖြစ်ရာက စတင် မီးလောင် ပေါက် ကွဲတတ်ပါတယ်။ ဓါတ်ဆီကားဆိုရင် တကားလုံး မီးလောင်တတ်ပါတယ်။

Credit : http://www.thithtoolwin.com/


29 Jun 2016     1,651 Views




RELATED

Most Popular of Special or Others

Most Popular of NEWS