BEC-TERO TV

တတိယအကြိမ်မြောက် မြန်မာပြည်တွင် MMA ယှဉ်ပြိုင်မည့် အောင်လအန်ဆန်း(မြန်မာစပါးအုံး)

08 Sep 2016     1,313 Views


၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် ယှဉ်ပြိုင်ထိုးသတ်မည့် "State Of Warriors" လို့ အမည်ပေးထားတဲ့ MMA (Mixed Martial Arts) ပွဲစဉ်မှာ ကချင်လူမျိုး အမေရိကန်နိုင်ငံသား အောင်လအန်ဆန်း(မြန်မာစပါးအုံး) က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ အောင်လအန်ဆန်းအတွက် မြန်မာပြည်မှာ တတိယအကြိမ်မြောက် လာရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
 
"State Of Warriors" ရဲ့ Middleweights ပွဲစဉ်မှာ "အောင်လအန်ဆန်း" နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်သူကတော့ ပိုလန်နိုင်ငံသား "မိုက်ကယ်ပက်စတာနက်ခ်" ဖြစ်ပါတယ်။ "မိုက်ကယ်ပက်စတာနက်ခ်" အသက် ၃၂ နှစ်က လက်တလော ONE Championship ပြိုင်ပွဲရဲ့ Light-heavyweight ပြိုင်ပွဲမှာ ရှုံးနိမ့်ထားသူဖြစ်ပြီး ဒါဟာ ၂၀၁၂ ခုနှစ်ထဲကနေ ပထမဆုံး ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။
 
MMA ဆိုတာ Mixed Martial Arts ဆိုတဲ့ ဝေါဟာရနဲ့အညီ ကိုယ်ခံပညာတစ်ခုထက်မကကို အားလုံးရောယှက်ပြီး ယှဉ်ပြိုင်ထိုးသတ်ရတာဖြစ်လို့ ခက်ခဲတယ်လို့ ပြောနိုင်ပါတယ်။ MMA မြန်မာ့ရိုးရာလက်ဝှေ့လောကထဲကို စိမ့်ဝင်လာနေတာနဲ့ ပက်သက်ပြီး အငြင်းပွားမှုတွေရှိနေဆဲဖြစ်ပါတယ်။ 
"State Of Warriors" MMA ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၆ ရက်နေ့က ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါရှင်းလင်းပွဲမှာ အောင်လအန်ဆန်းအနေနဲ့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ထားတယ်ဆိုတာကို ဗီဒီယိုတွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။
 
Ref: The Voice

08 Sep 2016     1,313 Views




RELATED

Most Popular of Boxing

Most Popular of Sport