BEC-TERO TV

အောက်တိုဘာလ ၇ ရက် ရန်ကုန်တွင် ကျင်းပမည့် ONE Championship STATE OF WARRIORS စိန်ခေါ်ပွဲကြီး

09 Sep 2016     1,526 Views


အာရှသမိုင်းရဲ့ အားကစားလောကမှာ အကြီးမားဆုံးဖြစ်တဲ့ "ONE Championship™ (ONE)" ပြိုင်ပွဲကြီးက ကမ္ဘာ့အဆင့်မီ MMA ကစားသမားများနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ညနေခင်းလေးကို ဖန်တီး​ပေးဖို့ မြန်မာနိုင်ငံကို တဖန်ပြန်လည်ရောက်ရှိလာပါပြီ။ "STATE OF WARRIORS" လို့ အမည်ပေးထားတဲ့ ONE ရဲ့ ပြိုင်ပွဲကို အောက်တိုဘာလ ၇ ရက်နေ့၊ သုဝဏ္ဏအားကစားရုံမှာ ကျင်းပပြုလုပ်ပါမည်။

 

ပွဲဦးထွက် ပွဲစဉ်မှာ 'မြန်မာစပါးအုံး' လို့ လူသိများတဲ့ "အောင်လအန်ဆန်း" နှင့် ပိုလန်နိုင်ငံ မစ်ဒယ်လ်ဝိတ် ထိပ်တန်းကစားသမား "မိုက်ကယ်ကပ်စတာနက်ခ်" တို့ ယှဉ်ပြိုင်ကြမည်။ ကမ္ဘာအဆင့် အဓိကပွဲစဉ် မှာတော့ ONE ရဲ့ စတောဝိတ်တန်း လက်ရှိကမ္ဘာ့ချံပီယံ "ယိုရှီတာက" ဂျပန်က သူ့ရဲ့ချံပီယံအဆင့်ကို စိန်ခေါ်သူ "ဂျော့ရှားပတ်ကွိုင်" ကို မပေးရအောင် ကာကွယ်သွားမှာဖြစ်ပါတယ်။

 

STATE OF WARRIORS အတွက် လက်မှတ်များကို http://mm.myasiaticket.com/sport/sport-detail.php?sid=136&la=en&la=en. ကနေ ဝယ်ယူနိုင်ပါတယ်။

 

ONE Champion ရဲ့ CEO "ဗစ်တာကွီ" က : "အောင်လအန်ဆန်း ဘက်က ပရိသတ်ကတော့ ယှဉ်လို့တောင်မရအောင် များပြားမှာပါ။ ပရိသတ်ရဲ့ စည်းချက်ညီညီ အားပေးလာမယ့်အသံတွေက ONE Championship ရဲ့ ဝန်းကျင်တစ်ခုလုံးတောင် ကျော်လွှားဖုံလွှမ်းနေတော့မှာပါပဲ။ အောင်လအန်ဆန်း ကလည်း သူ့ရဲ့ပြိုင်ဘက် မိုက်ကယ်ကပ်စတာနက်ခ် နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်လို့နေပါပြီ၊ အောက်တိုဘာလထဲမှာ မိုက်ကယ်ကပ်စတာနက်ခ် နဲ့ သူတို့နှစ်ယောက် တွေ့ကြပါလိမ့်မယ်။"

 

အေဂျီဒီ ရဲ့ မန်းနေးဂျင်းဒါရိုက်တာ "ထူးထက်တေဇ" က : ONE Championship ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ပါဝင်ရပြီး အောင်လအန်ဆန်း ကလည်း တက်တက်ကြွကြွနဲ့ မြန်မာပြည်မှာ လာရောက်ယှဉ်ပြိုင်တာကို ကျွန်တော်တို့ အေဂျီဒီဘဏ် အနေနဲ့ အလွန်ဂုဏ်ယူမိပါတယ်၊ ရှေ့ဆက်ပြီးလည်း ဒီလိုမျိုးလေးတွေ ဆက်လုပ်သွားချင်ပါတယ်။   အာရှရဲ့အကြီးဆုံး MMA ကြိုးဝိုင်းထဲမှာ ကိုယ့်နိုင်ငံ့ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်မယ့် သူရဲကောင်းတွေကို မြန်မာပရိသတ်တွေ၊ ထပ်ပြီးလာအားပေး ချီးမြင့်တော့မယ့် အချိန်ကို ကျွန်တ်ာဖြင့် မစောင့်နိုင်တော့ဘူးဗျာ။

 

ပထမအမျိုးသားအာမခံ (FNI) ကုမ္ပဏီရဲ့ လက်ထောက်မန်းနေးဂျင်းဒါရိုက်တာ "ဦးအောင်ကိုကိုတင်ဝင်း" က : မြန်မာပြည်မှာ ပြုလုပ်တဲ့ အခုလိုထိပ်တန်း အခမ်းအနားမျိုးမှာ အေဂျီဒီဘဏ်နဲ့ လက်တွဲခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ONE Championship ရဲ့ တိုက်ရိုက်တင်ဆက်မယ့် ပြိုင်စံရှားပွဲမျိုးကို ပရိသတ်ဆီ အရောက်ပို့နိုင်အောင် ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

 

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်း ဟာ ကမ္ဘာကသိတဲ့ မြန်မာဖိုက်တာတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ပြိုင်ဘက်ကို ဖိအားပေးပြီး ညှပ်ပိတ်ချုပ်ပြီး တိုက်ခိုက်တတ်တဲ့ သူ့ရဲ့ကစားဟန်နဲ့ "မြန်မာ့စပါးအုံး" ဆိုတဲ့ အမည်နဲ့ ထိုက်တန်ခဲ့ပါတယ်။ တောင်တန်းကြီးတွေရှိတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့တဲ့ အောင်လအန်ဆန်း က ကချင်လူမျိုးတစ်ယောက် ဖြစ်ပါတယ်။ အဆင်မြင့်ကြေးစားပွဲ ၂၇ ပွဲ အတွေ့အကြုံရှိသူဖြစ်ပြီး ၁၈ ပွဲနိုင် ၉ ပွဲရှုံး နှင့် ၁ ပွဲဒိုင်ပွဲရပ် အနေအထားနှင့် ရပ်တည်နေပြီး ONE Championship ပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ထိုသုံးပွဲစလုံးက လှလှပပ ပွဲသိမ်းတွေဖြစ်ခဲ့ပါတယ်။ နောက်လာမယ့် တစ်ပွဲကတော့ မိုက်ကယ်ကပ်စတာနက်ခ် နဲ့ မွေးရပ်မြေမှာ ယှဉ်ပြိုင်ရမှာပါ။

 

အောင်လအန်ဆန်း က : "မြန်မာနိုင်ငံက လူတွေက အံ့မခန်း MMA ပရိသတ်တွေပါပဲ။ MMA ကစားနည်းက မြန်မာပြည်အတွက် အသစ်ဖြစ်နေပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုက ကျွန်တော့်အတွက် အင်အားတွေရှိစေပါတယ်။ ကျွန်တော်အနေနဲ့ ကိုယ့်လူမျိုးကို ကိုယ်စားပြုရတဲ့အတွက် တစ်ကယ်ဂုဏ်ယူမိပါတယ်၊ မိုက်ကယ်ကပ်စတာနက်ခ် နဲ့ပွဲမှာ ကျွန်တော့်လူမျိုးတွေ ဂုဏ်ယူနိုင်အောင် အစွမ်းကုန်ကြိုးစားသွားပါ့မယ်။"

 

မစ်ဒယ်လ်ဝိတ် ကစားသမား မိုက်ကယ်ကပ်စတာနက်ခ်၊ ပင့်ဇိုးမြို့ ပိုလန်နိုင်ငံသားဖြစ်ပါတယ်။ အရပ်အမောင်း ကောင်းကောင်းနဲ့ အဆင်မြင့်ကြေးစားပွဲ ၁၁ ပွဲနိုင် ၁ ပွဲရှုံး MMA မှတ်တမ်းရှိသူပါ။ ပါးပါးနပ်နပ် ထိုးသတ်တတ်တဲ့ ကစားသမားဖြစ်ပြီး သူအနိုင်ရခဲ့တဲ့ ပွဲတစ်ဝက်လောက်က အလဲထိုးတာ နဲ့ အရှုံးပေးခြင်းခံရတာတွေ ဖြစ်ပါတယ်။ မိုက်ကယ်ကပ်စတာနက်ခ် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တာကတော့ ONE Light Heavyweight World Championship ပွဲမှာ ဘရာဇီးလူမျိုး ဂျူးဂျစ်ဆုကစားသမား "ရော်ဂျာဂရက်စီး" နဲ့ ဖြစ်ပါတယ်၊ အဲဒီပွဲမှာ  မိုက်ကယ်ကပ်စတာနက်ခ် ရှုံးနိမ့်ခဲ့ပြီး သူရဲ့ မထမဦးဆုံး ရှုံးပွဲလဲ ဖြစ်ခဲ့ပါတယ်။ နောက်လာမယ့်ပွဲရဲ့ ပြိုင်ဘက်ကတော့  မြန်မာတို့ရဲ့ အချစ်တော် အောင်လအန်ဆန်း နဲ့ ဖြစ်ပါတယ်။

 

မိုက်ကယ်ကပ်စတာနက်ခ် က : "ကျွန်တော်ရဲ့ နောက်ဆုံးပွဲက သင်ယူစရာတွေအများကြီးရခဲ့ပါတယ်။ ကျွန်တော်က ငယ်ရွယ်ပြီး အစွမ်းရှိတဲ့သူပါ၊ ONE Championship မှာ ကျွန်တော်ဘာကြောင့် ထိပ်ဆုံးက ရပ်တည်နေသလဲဆိုတာ တစ်ကမ္ဘာလုံးကို ပြသရမှာပေါ့။ အောင်လအန်ဆန်းဟာ သူ့မွေးရပ်မြေမှာ သူရဲကောင်းဆိုတာ ကျွန်တော်သိပါတယ် ဒါပေမယ့် ကျွန်တော် ဘယ်သူ့ကိုမှ အရိုအသေပေးဖို့ ဒီနေရာကိုလာတာမဟုတ်ပါဘူး။ အပျော်လေးတွေကို ဖျက်ဆီးပြီး နယ်မြေသိမ်းဖို့ ရောက်လာတာပါ။"

 

ဂျပန်လူမျိုး 'ယိုရှိတာကနေတို' က MMA ပြိုင်ပွဲများတွင် နိုင်ပွဲ ၁၁ ပွဲနှင့် ရှုံးပွဲလုံးဝမရှိပဲ ရပ်တည်​နေသော ဖိုက်တာတစ်ဦးဖြစ်သည်။ အနိုင်ယူခဲ့သော ပွဲစဉ်များထဲတွင် ၅ ပွဲမှာ အရှုံပေးခံရပြီး၊ ၁ ပွဲ အလဲထိုးနိုင်ခဲ့သည်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ 'ယိုရှိတာက' က ဂျပန်တို့ရဲ့ ကမ်ယာကျော်ပြိုင်ပွဲဖြစ်တဲ့ ကိုရာကွမ်းဟောလ် ရဲ့ ရှုတိုချံပီယံအဖြစ် ကနေ နာမည်ရလာသူဖြစ်ပါတယ်။ ONE Strawweight World Championship က သူ့နောက်ဆုံးပြိုင်ခဲ့တဲ့ ပွဲဖြစ်ပြီး ချံပီယံဟောင်း 'ဒီဒမ်ရောင်းဆော်အမ်နေဆရီချုပ်' ကို အနိုင်ယူပြီး ချံပီယံ ဖြစ်ခဲ့ပါတယ်။ မကြာမီယှဉ်ပြိုင်တော့မယ့် 'ဂျော့ရှုပက်စီအို' နဲ့ ပွဲဟာ သူ့ရဲ့ ချံပီယံဘွဲကို ကာကွယ်မယ့် ပထမဆုံးပွဲ ဖြစ်ပါတယ်။

 

'ဂျော့ရှုပက်စီအို' ဟာ ဖိလစ်ပိုင်နိုင်ငံသားဖြစ်ပြီး ၈ ပွဲနိုင်ပြီး ရှုံးပွဲမရှိသေးတဲ့ ဖိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံတော်က အားထားပြီး စောင့်ကြည့်နေကြတဲ့ အားကစားသမားတွေ အများကြီးထဲက MMA ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ နာမည်ကြီး Lakay MMA ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ပါစီအိုက ဝူရှုးကျွမ်းကျင်သူ ဖြစ်သလို ချုပ်တဲ့နေရာမှာလည်း ပိုင်နိုင်ပါတယ်။ အနိုင်ယူခဲ့တဲ့ ၈ ပွဲမှာ အလဲထိုးပွဲတွေလည်း ပါခဲ့ပြီး ၅ ပွဲကတော့ ချုပ်ထားနိုင်တဲ့အတွက် ပြိုင်ဘက်က အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ 'ပက်စီအို' နောက်ထပ်ရင်ဆိုင်ရမယ့် ပြိုင်ဘက်ကတော့ လက်ရှိ ချံပီယံ 'ယိုရှိတာကနေတို' ဖြစ်ပြီး ခက်ခဲဆုံး ချံပီယံလုပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

 

ONE Championship သတင်းအသစ်များ သိလိုပါက www.onefc.com , Twitter and Instagram @ONEChampionship နှင့် Facebook ဖြစ်သော https://www.facebook.com/ONEChampionship တွင် Like လုပ်ထားနိုင်ပါသည်။

 

About ONE Championship™

ONE Championship သည် အာရှသမိုင်းရဲ့ အားကစားလောကမှာ အကြီးမားဆုံး မီဒီယာလုပ်ငန်းတစ်ခုဖြစ်သည်။ စင်ကာပူနိုင်ငံတွင် ရုံးစိုက်ပြီး ကမ္ဘာ့စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကိုယ်ခံပညာပေါင်းစုံသုံး အဖွဲ့များကို စုစည်းထားပြီး အာရှကိုယ်ခံပညာရှင်များနှင့် နှင့် ကမ္ဘာ့ချံပီယံများကို အထူးစာချုပ်များ ချုပ်ဆို၍ အားကစားဖျော်ဖြေရေးပွဲများကို အာရှမျက်နှာစာမှတစ်ဆင့် တင်ဆက်နေသော အာရှ၏ အကြီးဆုံးမီဒီယာ တစ်ခုဖြစ်သည်။ ONE Championship ပွဲစဉ်များကို နိုင်ငံပေါင်း ၁၁၈ ခုကျော်ရှိ အားပေးကြည့်ရှု့သူ တစ်သန်းကျော်က ကမ္ဘာ့အကြီးဆုံး ထုတ်လွှင့်တင်ဆက်မှု ချန်နယ်လ်များ ဖြစ်ကြသည့် FOX Sports, Setanta, MNC, Astro, Thairath TV, ABS-CBN, TV5, MYTV, HTV, Esporte Interativo နှင့် အခြားအခြားသော နေရာများမှ အားပေးလျှက်ရှိကြသည်။

 

About AGD Bank

AGD ဘဏ်သည် အနာဂါတ်မြန်မာနိုင်ငံတော်ကို တိုးတက်စေရန် ရည်သန်သည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာထဲက အခြေခံကျသောအရာများကို စတင်နေခဲ့သည်။ အနာဂါတ်တွင် ပြောင်းလဲလာသည်နှင့်အမျှ မြန်မာပြည်သူများရဲ့ လူနေမှုဘဝ ရှုထောင့်များသည်လည်း အခွင့်အလမ်းတွေနှင့် ပြည့်နှက်နေပေလိမ့်မည်။ AGD ဘဏ်ရဲ့ အနာဂါတ်မြော်မြင်မှုသည် တိုးတက်သော မြန်မာနိုင်ငံတော်၏ အခြေခံစီးပွားရေးကို ရေရှည်ထိန်းထားနိုင်စေရန် မရှိမဖြစ်အရေးပါလာမည့် ဘဏ်လုပ်ငန်းဆိုင်ရာများကို ပံ့ပိုးပေးခြင်းဖြစ်သည်။ ကျွန်တော်တို့၏ သဘောထားအမြင်အတိုင်း ဘဏ်လုပ်ငန်း အဆင့်အတန်းနှင့် အထူးဝန်ဆောင်မှုများကို အကောင်းဆုံး ဆောင်ရွက်သွားပါမည်။ တတ်နိုင်သလောက် မိမိတို့ ကိုယ်ပိုင်ဟန်နှင့် ထိပ်ဆုံးက ဦးဆောင်မှု၊ ဘဏ်လုပ်ငန်းစနစ်တို့ကို အကောင်းဆုံး ကြိုးပမ်းသွားပါမည်။ အနာဂတ်အတွက် အာရုံစိုက်ကာ အခွင့်အလမ်းသစ်များ နှင့် စားသုံးသူများအတွက် ဝန်ဆောင်မှုအဆင့်များကို တစ်နေ့ထက်တစ်နေ့ မြင့်မားလာအောင် ကြိုးပမ်းခြင်း၊ လိုလားချက်များကို ဖြည့်ဆည်းပေးခြင့်ဖြင့် ပြီးမြောက်အောင် ရွက်ဆောင်ပါမည်ဟု ကတိပြုပါသည်။


09 Sep 2016     1,526 Views




RELATED

Most Popular of Boxing

Most Popular of Sport