BEC-TERO TV

Facebook အကြောင်း သင်မသိသေးတဲ့ အချက် ၁၀ ခု

16 Sep 2016     1,813 Views


လူတိုင်းနီးပါး Facebook အကောင့်ကိုယ်စီရှိတတ်ပေမယ့် Facebook နဲ့ ပက်သက်ပြီး မသိသေးတဲ့ အကြောင်းအရာ အချို့တော့ ရှိချင်ရှိနေနိုင်ပါတယ်။ လူသိနည်းတဲ့ အဲဒီအချက်လေးတွေကို “ပိုပိုလေး” ပရိဿတ်အတွက် ဖော်ပြပေးလိုက်ပါရစေ..။
 
၁) Facebook က မာခ်ဇူကာဘတ် ကြောင့် အပြာရောင် ဖြစ်နေတယ် ဆိုတာသင်သိပါသလား..?
 
 Facebook ကို ထူထောင်သူ မာခ်ဇူကာဘတ် ရဲ့ မျက်လုံးက အနီရောင်နဲ့ အစိမ်းရောင်ကို မခွဲခြားနိုင်ပါဘူး။ သူသေသေချာချာ ခွဲခြားနိုင်တာကတော့ အပြာရောင်ပါ၊ ဒါကြောင့် Facebook ရဲ့ အရောင်ဟာ အပြာရောင်ဖြစ်နေပါတယ်လို့ ဇူကာဘာချ့် ကိုယ်တိုင် အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
 
 
၂) Facebook က ဆိုရှယ်နက်ဝေါကင်းလောကမှာ ၂၀၀၈ ခုနှစ် ကစတင်ပြီး လူသိများလာခဲ့တယ် ဆိုတာသင်သိပါသလား..?
 
ဆိုရှယ်နက်ဝေါကင်းလောကမှာ Myspace က ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ထိ လူသုံးအများဆုံးဖြစ်ပြီး၊ ၂၀၀၈ ခုနှစ်က စတင်ကာ Facebook က ကျော်တက်အောင်မြင်ခဲ့ပါတယ်။
 
 
၃) Al Pacino မင်းသားကြီးပုံနဲ့ Facebook ရဲ့ Home page မှာ ဖော်ပြခဲ့ဖူးတယ် ဆိုတာသင်သိပါသလား..?
 
၂၀၀၇ ခုနှစ်ထိ Facebook ရဲ့ homepage မှာ ဘိုင်နရီဂဏန်းတွေနဲ့ ပုံဖော်ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်ဟာ ကမ္ဘာကျော်မင်းသားကြီး Al Pacino (The Godfather, Scarface) တို့တွင် သရုပ်ဆောင်ခဲ့သူ ရဲ့ ပုံဖြစ်ပြီး ဒီဇိုင်းကို ဇူကာဘတ် ရဲ့ သူငယ်ချင်း အန်ဒရူး မက်ကိုလန် က ဆွဲပေးထားတာပါ။
 
 
၄) Facebook ရဲ့ အစပိုင်း လုပ်ဆောင်ချက်က ဖိုင်တွေကို ရှယ်ခြင်းပဲ ဖြစ်တယ် ဆိုတာသင်သိပါသလား..?
 
အစောပိုင်းမှာ Wirehog လို့ခေါ်တဲ့ ဖိုင်တွေကို ရှယ်တဲ့ လုပ်ဆောင်ချက်ကို Facebook က လုပ်ဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစမှာ ဆက်မလုပ်တော့ပါဘူး။
 
 
၅) Facebook ဝဘ်ဆိုက်ရဲ့ လိပ်စာနောက်ဆုံးမှာ /4 လို့ ရိုက်လိုက်တာနဲ့ ဇူကာဘတ် ရဲ့ page ကို တန်းရောက်သွားတာ သင်သိပါသလား..?
 
www.facebook.com/4 ဟု စမ်းရိုက်ကြည့်ပါ။
 
 
၆) "Like" ခလုပ်ရဲ့ မူရင်း အမည်က “Awesome” ဖြစ်တယ် ဆိုတာသင်သိပါသလား..?
 
Facebook ရဲ့ အင်ဂျင်နီယာတွေက “Awesome” လို့ ခလုပ်ကို အမည်ပေးချင်ပေမယ့် ဇူကာဘတ်ကြောင့် “Like” ဖြစ်သွားရပါတယ်။
 
 
၇) Facebook မှာ သင်မနှစ်သက်တဲ့ ဘယ်သူ့ကိုမဆို Block လုပ်နိုင်ပေမယ့် မာခ်ဇူကာဘတ် ကိုတော့ Block လုပ်လို့ မရဘူး ဆိုတာသင်သိပါသလား..?
 
မယုံရင် ကိုယ်တိုင် Block လုပ်ကြည့်ပါ။
 
 
၈) Facebook ပေါ်မှာ Unfriend လုပ်မိလို့ အချို့လူတွေ အသတ်ခံရဖူးတာ သင်သိပါသလား..?
 
 
၉) ၂၀၀၆ ခုနှစ်က Facebook ကို ၁ ဘီလီယံနဲ့ Yahoo က ဝယ်ဖို့ ကြိုးစားခဲ့ဖူးတယ် ဆိုတာသင်သိပါသလား..?
 
 
၁၀) Facebook ကို အစတုန်းက ကောလိပ်ကျောင်းမှာပဲ သုံးဖို့ရည်ရွယ်တယ် ဆိုတာသင်သိပါသလား..?
 
ဇူကာဘတ် ကောလိပ်ကျောင်းသာ ဘဝက သူနဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့သာ ရည်ရွယ်ပြီး Facebook ကို တီတွင်ခဲ့တာဖြစ်ပါတယ်။
 
(ပိုပိုလေး)

 


16 Sep 2016     1,813 Views




RELATED

Most Popular of Special or Others

Most Popular of Life Style