BEC-TERO TV

ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာ ယူ-၂၁ ဝင်ရောက်ယှဉ်ပြိုင်မည်

28 Sep 2016     1,300 Views


ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ဖိတ်ခေါ်ဖလားပြိုင်ပွဲကို မြန်မာ အသက် ၂၁ နှစ်အောက် အမျိုးသားအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
နိုဝင်ဘာလ ၉ ရက်မှ ၁၇ ရက်ထိ ဗီယက်နမ်နိုင်ငံ ဂယ်လိုင်မြို့တွင် ကျင်းပမည့် အဆိုပါ ဖိတ်ခေါ်ဖလားကို  Youth Newspaper Cup ဟု အမည်ပေးထားသည်။ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဝင်ပြိုင်မည့်အသင်းအရေအတွက်ကို ကြေညာထားခြင်း မရှိသေးပါ။ မြန်မာ ယူ-၂၁ အမျိုးသားဘောလုံးအသင်းကို ဦးကြည်လွင်မှ တာဝန်ယူကိုင်တွယ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယူ-၂၀ ကစားသမားများကို အခြေပြုဖွဲ့စည်းမည့် ယူ-၂၁ အမျိုးသား ဘောလုံးအသင်း၏ ပမာဏကစားသမားစာရင်းကို ယခုလကုန်တွင် ထုတ်ပြန်သွားပါမှာ ဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်နေ့တွင် စတင်၍ စခန်းသွင်းလေ့ကျင့်ကြမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိပါသည်။
 
Ref:မြစ်မခမီဒီယာ

28 Sep 2016     1,300 Views




RELATED

Most Popular of Football

Most Popular of NEWS