BEC-TERO TV

လိင်စိတ်ကြွလာရင် ကိုယ်လုံးတီးနဲ့ ညီမငယ်တွေရဲ့ ရင်သားကို ကိုင်တဲ့ အစ်ကို

29 Sep 2016     2,324 Views


စင်ကာပူနိုင်ငံမှာ အစ်ကိုဖြစ်သူက ညီမနှစ်ယောက်လုံး အပေါ် ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအတွက် အသက် ၂၂ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးကို တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အသက် ၁၅ နှစ် နှင့် အသက် ၁၉ နှစ်အရွယ် ညီမနှစ်ယောက်လုံးကို သူတို့ရဲ့နေအိမ်မှာပဲ အစ်ကိုဖြစ်သူက ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်မှာ ၁၅ နှစ်အရွယ် ညီမတစ်ဦးရဲ့ အိပ်ခန်းထဲကို ဝင်ရောက်ခဲ့ပါတယ်။ တီရှပ်နဲ့ ဘောင်းဘီအတို ဝတ်ထားပြီး အိပ်ပျော်နေတဲ့ သူမဟာ တစ်စုံတစ်ယောက်က သူ့မရဲ့ ညာဘက် ရင်သားကို လာကိုင်နေတာကြောင့် လန့်နိုးသွားခဲ့ပါတယ်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူမရဲ့ ရှေ့မှာ ကိုယ်လုံးတီးနဲ့ ရပ်နေတဲ့ အစ်ကို ကိုမြင်တွေ့လိုက်ရပါတယ်။ သူမရဲ့ အစ်ကို ကို ​အော်ဟစ်ပြီး အခန်းထဲက ထွက်သွားဖို့ မောင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက် အစ်ကိုဖြစ်သူက တောင်းပန်ပြီး သူ့ရဲ့ အခန်းကို ပြန်သွားခဲ့ပါတယ်။
 
အထက်ပါ အဖြစ်အပျက်ကို သိရှိပြီးတဲ့နောက်မှာတော့ အစ်မဖြစ်သူက ရဲစခန်းကို ဖုန်းဆက်တိုင်ကြားခဲ့ပါတယ်။
အစ်ကိုဖြစ်သူက သူ့ညီမငယ် အိပ်ပျော်နေတာကို ကြည့်ရင်း သူ့စိတ်တွေ ထကြွလာတာကြောင့် သူမရဲ့ ညာဘက်ရင်သားကို သူ့ရဲ့ ဘယ်ဘက်လက်နဲ့ ကိုင်မိကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ အဲ့သည်ရက် မတိုင်မီ အစောပိုင်းကလည်း ညီမငယ် မြင်သာအောင် သူကိုယ်သူ ဖော်ချွတ်လုပ်ခဲ့ပါသေးတယ်။ တရားရုံးရဲ့ စစ်ချက်အရ သူဟာ အရက်သောက်ပြီးတဲ့အခါတိုင်း လိင်စိတ်တွေ နိုးကြွတတ်သူဖြစ်ပြီး၊ အဝတ်အစားတွေကိုချွတ် ကိုယ်လုံးတီးနဲ့ မီးဖိုဆောင်ထဲ ဝင်သွားပြီး ညီမဖြစ်သူက သူ့ကို ထိတွေ့တိုင်တွယ်ဖို့ ပြောပါတယ်။ ညီမဖြစ်သူက သူ့ကို အတော်ရွံစရာကောင်းတာပဲ၊ အဝတ်တွေ ပြန်ဝတ်ထားစမ်းပါလို့ ပြောလိုက်မှ သူပြန်ထွက်သွားပါတော့တယ်။
 
သူဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကလည်း အခြားညီမအလတ် (အဲ့သည့်အချိန်က အသက် ၁၇ နှစ်) ကိုလည်း သူမအိပ်ပျော်နေစဉ်မှာ ယခုလိုပဲ ရင်သားကို ကိုင်တွယ်ခဲ့ဖူးကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိများက ဆိုပါတယ်။
ရှေ့နေလိုက်ပေးသူ မရှိတဲ့ တရားခံဖြစ်သူက သူ့ လုပ်ခဲ့တဲ့အမှားတွေအတွက် နောင်တရမိကြောင်း ချမှတ်မယ့် အပြစ်ဒဏ်ကိုလည်း ခံယူဖို့ ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ စီရင်ချက်ချမှတ်မှာဖြစ်ပါတယ်။
ရိုးရိုးသားသားနေထိုင်သူ အပေါ်ကို ပြုမူစော်ကားခြင်း (သို့) ပြစ်မှုမြောက်အောင် ဖိအားပေးခြင်းတို့အတွက် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်၊ ဒဏ်ငွေ နှင့် ကြိမ်ဒဏ်တို့ကို အပြစ်ပေးနိုင်ပါတယ်။ 
စကားနဲ့ဖြစ်စေ၊ ကိုယ်လက်အမူအယာနဲ့ဖြစ်စေ သူ့ဟာသူနေ နေသော အမျိုးသမီးတစ်ဦးကို ပြုမူစော်ကားမိပါက ဒဏ်ငွေနှင့် ထောင်ဒဏ် ၁ နှစ် အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်နိုင်ပါသည်။
 
Ref:NewPaper

29 Sep 2016     2,324 Views




RELATED

Most Popular of International News

Most Popular of NEWS