BEC-TERO TV

ဟိုတယ်အခန်းအတွင်း နှလုံးအထူးကု ဆရာဝန်ကြီးတစ်ဦးသေဆုံးနေ

17 Oct 2016     1,287 Views


အောက်တိုဘာလ ၁၇ ရက်နေ့၊ ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ နိုဗိုတယ်လ် ဟိုတယ် ၅ လွှာ၊ အခန်းအမှတ် (၅၃၆) တွင် တည်းခိုနေထိုင်သော နှလုံးအထူးကု ဆရာဝန်ကြီးတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသည်။
 
သေဆုံးသူ ဒေါက်တာသိန်းဟန်မှာ ထိုင်ဝမ်နိုင်ငံသားခံယူထားသော မြန်မာလူမျိုးဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းက နိုဗိုတယ်လ် ဟိုတယ်တွင်လာရောက် တည်းခိုနေထိုင်ခဲ့ပြီး အောက်တိုဘာလ ၁၇ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် သူ၏အခန်းထဲ၌ နှာခေါင်းတွင်းမှ သွေးထွက်ပြီး ဘေးတိုက်အနေအထားသေဆုံးသည်ကို တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြား သတင်းပို့ခဲ့သည်။
 
"အမှုနဲ့ပတ်သက်လို့တော့ ဘာမှပြောလို့မရသေးပါဘူး။ လ.ဝ.ကအရာရှိတွေလည်း လာရောက်စစ်ဆေး နေပါတယ်။ နာခေါင်းမှာသွေးထွက်နေတာကလွဲလို့ကျန်တဲ့ပြင်ပဒဏ်ရာတော့မတွေ့ရသေးပါဘူး။ဆေး စစ်ချက်ထွက်မှ ဘာကြောင့်သေရလဲဆိုတာသိမှာပါ"ဟု ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။
 
အသက် ၅၃ နှစ်အရွယ်ရှိ သေဆုံးသူ နှလုံးအထူးကု ဒေါက်တာသိန်းဟန်သည် Haung Bieng Hsien(ထိုင်ဝမ်နိုင်ငံသားအမည်)ဖြင့် လာရောက်တည်းခိုနေထိုင်သူဖြစ်ပြီး အမှုကို သေမှုသေခင်းဖွင့်၍ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ကမာရွတ်ရဲစခန်းမှ သတင်းရရှိသည်။
 
Ref:7DaysNews 
 

17 Oct 2016     1,287 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS