BEC-TERO TV

အကြွေးမပေးလို့ နေ့ခင်းကြောင်တောင် ဝင်ရောက်ရိုက်နှက်ဖျက်ဆီးတဲ့ ဂိုဏ်းစတားများ

21 Oct 2016     1,226 Views


မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေမှာ ယခုထက်ထိတိုင် ဖြစ်ပျက်ကျူးလွန်နေဆဲ ပြစ်မှုတစ်ခုကတော့ ငွေတိုးချေးစားသူများက အတိုးမှန်မှန်မဆပ်သူတွေ၊ ငွေပြန်မဆပ်နိုင်သူတွေကို ဂိုဏ်းစတားများ စေလွှတ်ပြီး ကြမ်းကြမ်းတမ်းတမ်း ပြုမူပြီး သူတို့ရဲ့ ပိုက်ဆံကို ပြန်တောင်းခြင်းပဲဖြစ်ပါတယ်။
 
အကြောင်းအမျိုးမျိုးကြောင့် ပိုက်ဆံလိုတဲ့အခါ ဘဏ်တွေမှာ ချေးယူနိုင်ပေမယ့် မိမိရဲ့ ဘဏ္ဍာရေးအခြေနေပေါ်မူတည်ပြီး ကိုယ်လိုချင်တဲ့ ပမာဏလောက်ချေးယူလို့ မရတာမျိုးဖြစ်တတ်ပါတယ်။ အဲသည်လို အခြေနေမျိုးမှာ ဘာအထောက်အထားမှ သိပ်ပြစရာမလို့ပဲ အတိုးနှုန်း ကြီးကြီးနဲ့ ပိုက်ဆံချေးပေးတဲ့ တရားမဝင်ငွေချေးသူတွေနဲ့ ပက်သက်မိတာမျိုး ဖြစ်ကြပါတယ်။
 
သူတို့တွေနဲ့ ပက်သက်မိပြီး ကိုယ့်အိမ်ရှေ့ တံခါးဝမှာ ဆေးချယ်သွားတာမျိုး၊ ဝက်ခေါင်းချထားတာမျိုး တွေ့ရင်တော့ အခြေနေမကောင်းတော့ပါဘူး၊ ဒါတွေအားလုံးဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ သတိပေးလက္ခဏာတွေအဖြစ် အမှတ်အသားပြုသွားတာဖြစ်ပါတယ်။ ချေးထားတဲ့ငွေကို စာချုပ်ပါရက်စွဲအတိုင်း ပြန်ပေးဖို့ပျက်ကွက်တာမျိုးဖြစ်ပြီး အမြန်ပြန်ပေးနိုင်အောင် ကြိုးစားဖို့သာ တစ်ခုထဲသော ထွက်ပေါက်ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးက တရားမဝင်ငွေချေးငှားတဲ့အတွက် ရဲတိုင်မယ်ဆိုရင်လည်း ကိုယ့်ရှုးကိုယ်ပတ်နိုင်တဲ့ အဖြစ်မျိုးပါ။ ဒီလိုနဲ့ တစ်ယောက်ဆီက အကြွေးကို နောက်တစ်ယောက်ဆီက ထပ်ချေးရင်း ပြန်ဆပ်လိုက်နဲ့ အကြွေးသံသယာထဲမှာ အတိုးနှုန်းပိတဲ့ ဒဏ်တွေကို ခါးဆီးခံနေကြရသူတွေ အများကြီးရှိနေပါတယ်။
 
ယခုဗီဒီယိုကတော့ စားသောက်ဆိုင် တစ်ဆိုင်ထဲကို ဂိုဏ်းသားများ နေ့ခင်းကြောင်တောင် ဝင်ရောက်သောင်းကျန်း ရိုက်နှက်ပြီး အကြွေးပေးဖို့ သတိပေးအမှတ်အသားအဖြစ် ဆေးတွေချယ်သွားတာကို တွေ့ရပါလိမ့်မယ်၊ အဆိုပါဗီဒီယိုကို သူတို့ကိုယ်တိုင်ပဲ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
 

21 Oct 2016     1,226 Views




RELATED

Most Popular of Special or Others

Most Popular of NEWS