BEC-TERO TV

ဘောလုံးပွဲအကြွေးကြောင့် ဖေ့စ်ဘုတ်မှတိုက်ရိုက်ဗီဒီယိုလွှင့်၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်

27 Oct 2016     1,635 Views


အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်က ထိုင်းနိုင်ငံ ကမ်ဖန်​ဖေ့မြို့ရှိ နေအိမ်တစ်ခုတွင် အသက် ၂၂ နှစ်အရွယ် “ဆဟာရတ်” ဆိုသည့် အမျိုးသားတစ်ဦး သေနတ်နှင့် ဦးခေါင်းကို ပစ်၍ သူကိုယ်သူ အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
“ဆဟာရတ်” သည် ဘောလုံးလောင်းကစား အကြွေးတင်နေမှုကြောင့် စိတ်ဓါတ်အကြီးအကျယ် ကျဆင်းနေသူဖြစ်ပြီး ထိုအကြောင်းများကို မကြာခဏ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ညဉ်းညူပြလေ့ရှိသည်။  နောက်ဆုံးတွင် မိမိကိုယ်ကိုယ် သတ်သေခဲ့သော ဗီဒီယိုကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှ တိုက်ရိုက်ဗီဒီယိုရိုက်ပြပြီး တင်သွားခဲ့သည်။
 
 
“ဆဟာရတ်” ၏ မိခင်ဖြစ်သူမှာ တစ်ပတ်ရစ်အသုံးအဆောင်ပစ္စည်းများ ရောင်းချခြင်းနှင့် အသက်မွေးရသူဖြစ်သည်။ သူ့ကိုယ်သူ အဆုံးမစီရင်မီ ဖေ့စ်ဘုတ်စာမျက်နှာတွင် နောက်ဆုံးရေးခဲ့သော အကြောင်းအရာများမှာ-
 
ငါ ပိုက်ဆံလိုလို့ အိမ်ပြန်လာတိုင်း အမေငိုနေတာကို မြင်ရတော့ ဘယ်လိုခွန်အားနဲ့ ငါ ပိုက်ဆံ တောင်းရက်ပါ့မလဲ..၊ သူမှာတော့ ပိုက်ဆံကို ဖတ်ဖတ်မောနေအောင် ရှာလိုက်ရတာ ငါကတော့ ဘောလုံးပွဲတစ်ခါ တစ်ခါလောင်းရင် ဘတ်တစ်သောင်း နှစ်သောင်း
 
“ဆဟာရတ်” သည် ဘောလုံးပွဲ အကြွေးများကို ပေးရန် သူပိုင်ဆိုင်သော ရွှေလက်စွပ်၊ ရွှေဆွဲကြိုးနှင့် ဖုန်းတွေပါမကျန် ပေါင်နှံထားရသူဖြစ်သည်။ အောက်ပါ စတေးတပ်စ်ကို တင်ခဲ့ပြီးနောက် သူ့ကိုယ်သူ ပစ္စတိုသေနတ်နှင့် ဦးခေါင်းကို ပစ်ကာ အဆုံးစီရင်သွားခဲ့သည်။
 
“သေခြင်းတစ်ရားကို ကျော်လွန်ပြီး တစ်နေ့တော့ ပြန်ဆုံကြရမှာပါ”
 
 

27 Oct 2016     1,635 Views




RELATED

Most Popular of International News

Most Popular of NEWS