BEC-TERO TV

အပြာမင်းသမီးဘဝမှ ဘာသာရေးကိုင်းရှိုင်းသူအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့တဲ့ ထိုင်းမော်ဒယ်

31 Oct 2016     7,400 Views


အဖော်ချွတ် အပြာလောကမှာ ထင်ရှားသူ၊ အပြာဇာတ်ကားနှင့် ဖော်ချွတ်ပိုစတာပေါင်းများစွာ ရိုက်ကူးခဲ့ဖူးသူ ထိုင်းမင်းသမီး နတ်ချနာပါ(ခ)နွမ်နတ် တစ်ယောက် ဖော်ချွတ်မယ်လောကကို စွန့်ခွာကာ ဘာသာတရားကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
 
 
ဗုဒ္ဓဘာသာအဓိက ကိုးကွယ်တဲ့ ထိုင်းနိုင်ငံမှာ ဖော်ချွတ်များရိုက်ကူးခြင်းက တရားမဝင်ပါဘူး၊ ဒါကြောင့် နွမ်နတ်တစ်ယောက် ဖော်ချွတ်လောကမှာ နာမည်ကြီးလားပြီး အပြာဗီဒီယိုတွေမှာ သရုပ်ဆောင်တဲ့အတွက် သူမကို ထိုင်းရဲတပ်ဖွဲ့က ၂၀၀၃ ခုနှစ်မှာ တရားစွဲခြင်းခံခဲ့ရပါတယ်။ ဒဏ်ငွေနဲ့ မော်ဒယ်လုပ်ကိုင်ခွင့် ၆ လ ပိတ်ပင်ခံခဲ့ရဖူးသူဖြစ်ပါတယ်။
 
 
၂၀၁၂ ခုနှစ်မှာတော့ အသက် ၇၀ အရွယ် ဗိသုကာပညာရှင် သန်းကြွယ်သူဌေး Harold Jennings Nesland Jr. နဲ့ လပ်ထပ်ခဲ့ပြီး ဖော်ချွတ်အပြာလောကကို အပြီးတိုင် စွန့်လွှတ်ခဲ့သလို ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
တရားထိုင်ခြင်း၊ ဘုရားရှိခိုးခြင်း စတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေတဲ့အတွက် သူ့ရဲ့ အိမ်ထောင်ဖက်ကလည်း သူ့အပေါ် ကြင်ကြင်နာနာဆက်ဆံပြီး လစဉ်ငွေကြေးထောက်ပံ့မှုတွေ ပုံမှန်ရတယ်လို့ ဆိုပါတယ်။ 
 
သူမအနေနဲ့ ဖော်ချွတ်တွေရိုက်ကူးဖို့ ပိုက်ဆံတွေအများကြီးနဲ့ ကမ်းလှမ်းခံနေရဆဲဖြစ်ပေမယ့် ဒီလောကကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး အဖြစ်နဲ့ပဲ သူမရဲ့ ဘဝကို မြုတ်နှံသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယခင်က သူမဟာ ခရစ်ယန်ဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပေမယ့် အသက် ၂၁ နှစ်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ပါတယ်။ ယခုဆိုရင် သူမဟာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေမှာ တရားအားထုတ်ခြင်း၊ ကောင်းမှုကုသိုလ် ပြုခြင်း၊ အလှူဒါနပြုခြင်း တွေနဲ့သာ မွေ့လျော်နေပါတယ်။ 
 
 
ဗုဒ္ဓဘာသာဟာ သူမရဲ့ဘဝကို အများကြီးကောင်းအောင် ပြောင်းလဲခဲ့ပါတယ်၊ ယခုလိုပြောင်းလဲလာတဲ့ သူမရဲ့ဘဝဟာ နေလို့ပိုပျော်ပါတယ်လို့ သူမက ပြောပြခဲ့ပါတယ်။
 
 
သူမဟာ ဖော်ချွတ်လောကကို စွန့်ခွာပြီး အလုပ်မလုပ်တော့တာ ကြာခဲ့ပြီဖြစ်သော်လည်း သူမရဲ့ အရင်က ရိုက်ကူးထားခဲ့တဲ့ ဓါတ်ပုံတွေ ဗီဒီယိုတွေကတော့ အွန်လိုင်းပေါ်မှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။ 

31 Oct 2016     7,400 Views




RELATED

Most Popular of Special or Others

Most Popular of Life Style