BEC-TERO TV

liam hemsworth ကို လက်မထပ်ဘူးလို့ ပြောလာတဲ့ miley cyrus

09 Nov 2016     1,255 Views


ပြတ်စဲသွားပြီးတဲ့နောက် ပြန်တွဲနေတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ အချစ်ခရီးလမ်းဟာ ဖြောင့်ဖြူးသာယာနေတာကို တွေ့ရပေမဲ့ က ချစ်သူ liam hemsworth ကို လက်ထပ်ချင်စိတ် မရှိဘူးလို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်က စေ့စပ်ပြီးမှ ကွဲခဲ့ကြပြီး ၂၀၁၆ မှာ ပြန်တွဲခဲ့ကြပြီးနောက် liam က miley နဲ့ အမြန်ဆုံး လက်ထပ်လိုပေမဲ့ miley ကတော့ သူမကိုယ်သူမ အိမ်ထောင်သည်ဘဝကို လိုချင်တယ်လို့ မထင်ဘူးလို့ သူတို့နဲ့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။

" miley က သူ့ကို ချစ်ချင်ချစ်မယ်။ ဒါပေမဲ့ အယူအဆမတူရင်တော့ liam ပဲ အသည်းကွဲရလိမ့်မယ်" လို့ ထိုလူက ပြောခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အဆိုတော်လေး miley ဟာ liam က စေ့စပ်လက်စွပ်အဖြစ်ပေးတဲ့ စိန်လက်စွပ်ကို မကြိုက်ကြောင်း ဝန်ခံခဲ့တဲ့အပြင် လက်စွပ်က တောက်လွန်းလို့ဆိုပြီး တစ်ခါတလေမှာ ဝတ်လေ့မရှိပါဘူး။


09 Nov 2016     1,255 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment