BEC-TERO TV

ရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌ လူမင်းနဲ့ ပက်သက်ပြီး ကိုယ့်စကားကိုယ် ပြန်လည်ရုပ်သိမ်းသွားရတဲ့ ဒါရိုက်တာမောင်မျိုးမင်း

11 Nov 2016     1,378 Views


အောက်တိုဘာလထုတ် အာရုဏ်ဦးဂျာနယ်တွင် ဒါရိုက်တာမောင်မျိုးမင်း ဖြေကြားခဲ့သော အင်တာဗျူးပါ စကားများကြောင့် ရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌ လူမင်းက ပြန်လည်တောင်းပန်ရန် နို့တစ်စာပေးပို့ထားခဲ့ခြင်းဖြစ်သည်။ 
 
အဆိုပါ နို့တစ်စာနှင့် ပက်သက်ပြီး ဒါရိုက်တာမောင်မျိုးမင်းက အနုပညာလောကသားများ အားလုံးကောင်းဖို့ ပြောခဲ့တာ၊ တောင်းပန်ဖို့ အကြောင်းမရှိဘူးဟု တုံ့ပြန်ခဲ့သော်လည်း နိုဝင်ဘာလ (၁၀) ရက်နေ့တွင် အာရုဏ်ဦးဂျာနယ်တွင် ဖြေကြားခဲ့သော စကားရပ်များသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌ ဦးလူမင်း၏ ဂုဏ်သိက္ခာကို ငြိစွန်းစေခဲ့သဖြင့် အဆိုပါစကားများကို ပြန်လည်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး အကြီးအကဲများ၏ ရှေ့မှောက်တွင် လက်မှတ်ထိုးပေးခဲ့ပါတယ်။
 
 
မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဖက်မှလည်း ဒါရိုက်တာမောင်မျိုးမင်းအား တရားစွဲဆိုထားသော ကိစ္စများကို ပြန်လည်ရုပ်သိမ်းကာ နှစ်ဦးနှစ်ဖက် ကျေအေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
 
 

11 Nov 2016     1,378 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS