BEC-TERO TV

မြန်မာ-ထိုင်း ဆီမီးဖိုင်နယ် ကြိုတင်လက်မှတ်များ ယနေ့မှ စတင်ရောင်းချ

02 Dec 2016     1,310 Views


အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းအသင်းတို့သည် ဒီဇင်ဘာလ ၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ 
 
အဆိုပါပွဲစဉ်အတွက် ကြိုတင်လက်မှတ်များကို ဒီဇင်ဘာလ ၂ ရက်နှင့် ၃ရက်နေ့များတွင် အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်းတို့တွင် မနက် (၁၀)နာရီမှ ညနေ (၄)နာရီအထိ၊ လှည်းတန်းစင်တာတွင် မနက် (၁၀) နာရီမှ ည(၇)နာရီအထိ ရောင်းချပေးသွားမည်ဖြစ်သည်။
 
နေရာအခက်အခဲကြောင့် မြန်မာပလာဇာတွင် ရောင်းချမှုအစား လှည်းတန်းစင်တာသို့ ပြောင်းရွှေ့ရောင်းချနေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။
 

02 Dec 2016     1,310 Views




RELATED

Most Popular of Football

Most Popular of NEWS