BEC-TERO TV

လက်ပြင်ကုန်းနေရင် လုပ်သင့်တဲ့လွယ်ကူတဲ့လေ့ကျင့်ခန်း

08 Dec 2016     1,572 Views


- လက်ပြင်ကုန်းတာဟာ ကျောကုန်းကလုံးပြီး ရင်ဘတ်က အထဲကို ဝင်နေတာဖြစ်ပါတယ်။ ပုံမှန်ပုံစံကိုပြန်ရဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရမှာ ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

အဆင့် - ၁ ကြိုးတစ်ကြိုးကို ရှာပါ။ ခါးပတ်ပဲဖြစ်ဖြစ်၊ ကြိုးခုန်တဲ့ ကြိုးပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ ပုံရဲ့ညာဘက်မှာ ပြထားတဲ့အတိုင်း ကြိုးကိုလက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားပါ။ ဆုပ်ကိုင်ထားတဲ့ လက်သီးဆုပ်ကို မှောက်ထားရမှာ ဖြစ်ပါတယ်။ လက်သီးဆုပ်နှစ်ဖက်ရဲ့ အကွာအဝေးဟာ ပခုံးနှစ်ဖက်အကွာအဝေးထက် ကျယ်ရပါမယ်။
 
အဆင့် - ၂ ဒုတိယပုံမှာ ပြထားတဲ့အတိုင်း လက်ကို အပေါ်ကို မြှောက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမြှောက်တဲ့အချိန်မှာလည်း အသက်ကို ရှုသွင်းရမှာ ဖြစ်ပါတယ်။
 
အဆင့် - ၃ ဘယ်ဘက်အစွန်ဆုံးမှာ ပြထားတဲ့ ပုံအတိုင်း ကြိုးကို ခေါင်းပေါ်နားထိ ပြန်ချပြီး လက်နှစ်ဖက်က ပခုံးရဲ့ နောက်ဘက်ကို ကော့ထားရပါမယ်။ ဒီလို လက်ကိုချတဲ့အချိန်မှာ အသက်ပြန်ရှုထုတ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ လက်ကို ပြန်မြှောက်၊ ရှေ့ပြန်ချပြီး နောက်တစ်ကြိမ်ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလို ၁၀ ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။
 
Credit : duwun

08 Dec 2016     1,572 Views




RELATED

Most Popular of Health Fix

Most Popular of NEWS